လိပ်ခေါင်းရောဂါ Treatment
လိပ်ခေါင်းရောဂါဆိုသည်မှာ စအို သို့မဟုတ် အူမကြီး၏ အနှောင်းပိုင်း အောက်ဘက် အနီးရှိ သွေးပြန်ကြောများ ရောင်ရမ်းခြင်း ဖြစ်သည်။ အူမကြီး နောက်ဆုံးအပိုင်း အတွင်း သို့မဟုတ် စအိုဝပတ်လည်တွင် ဖြစ်ပွားနိုင်ပါသည်။ ၎င်း သည် ဝမ်းသွားရာတွင် အားစိုက်၍ ညစ်ခြင်းကြောင့် ဖြစ်ပွား ပါသည်။ လိပ်ခေါင်းရောဂါသည် ဖြစ်ပွားရာနေရာပေါ် မူတည် ၍ အမျိုးအစား ကွဲပြားပါသည်။
• အတွင်းလိပ်ခေါင်း။ လိပ်ခေါင်းသည် အူမကြီး အ နှောင်းပိုင်း အတွင်းတွင် တွေ့ရပါသည်။ အတွင်းလိပ် ခေါင်းသည် များသောအားဖြင့် နာကျင်မှုမရှိသော လည်း သွေးထွက်နိုင်ပါသည်။
• အပြင်လိပ်ခေါင်း။ လိပ်ခေါင်းသည် စအိုဝ အပြင် ဘက်တွင် ရှိပါသည်။ ၎င်းတို့သည် ယားယံနာကျင် နိုင်ပြီး တစ်ခါတစ်ရံ ကွဲအက်ခြင်း သွေးထွက်ခြင်း တို့ ဖြစ်နိုင်ပါသည်။
လိပ်ခေါင်းရောဂါသည် မပြင်းထန်ပါ။ ကူးစက်ခြင်းလည်း မဖြစ်နိုင်ပါ။ ရောဂါသည် သူ့အလိုလို ပျောက်ကင်းနိုင် သည်။ သို့မဟုတ် ဆေးသောက်ခြင်းဖြင့် အလွယ်တကူ ကုသနိုင် သည်။
လိပ်ခေါင်းရောဂါသည် အလွန်အဖြစ်များပါသည်။ အ သက် ၅၀ အရွယ်များကို လေ့လာချက်အရ တစ်ဝက်နီးပါး တွင် လိပ်ခေါင်း ဖြစ်ပွားမှု ရှိကြောင်း တွေ့ရသည်။ လိပ်ခေါင်း ရောဂါသည် အမျိုးသားများရော အမျိုးသမီးများပါ ဖြစ်ပွား သော်လည်း ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် ရက်ရှည် ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း ဖြစ်သော လူနာများ တွင် ပို၍ အဖြစ်များပါသည်။
လိင်ခေါင်းရောဂါ၏ အဖြစ်များသော ရောဂါလက္ခဏာ များမှာ-
• ဝမ်းသွားစဉ် နီရဲတောက်သော သွေးများ ထွက်ခြင်း၊ သွေးထွက်သော်လည်း မနာကျင်ပါ။
• အူမကြီးအနှောင်းပိုင်းနေရာတွင် ယားယံခြင်း ကျိန်း စပ်ခြင်း
• နာကျင်ခြင်း၊ မသက်မသာဖြစ်ခြင်း
• စအိုဝ ဝန်းကျင်တွင် ရောင်ရမ်းခြင်း
• စအိုဝအနီးတွင် အထိမခံနိုင်အောင် နာကျင်သော အလုံးတစ်ခု ထွက်ခြင်း
မသက်မသာဖြစ်ခြင်းနှင့် နာကျင်မှု အများစုသည် အပြင် လိင်ခေါင်းရောဂါတွင် ဖြစ်ပွားသည်။ အတွင်းလိပ်ခေါင်း ရော ဂါသည် များသောအားဖြင့် နာကျင်မှုကို မဖြစ်စေပါ။
လိပ်ခေါင်းရောဂါသည် ၀မ်းချုပ်နေစဉ် အရွယ်အစားကြီးမားပြီး မာကျောသည့် မစင်ကိုစွန့်သည့်အခါ စအိုဝကို လိုသည်ထက်ပို၍ ကျယ်စေခြင်း၊ အလေးမသည့်အခါ စအိုကြွက်သားကို အဆမတန် ကျုံ့လိုက်ဆန့်လိုက် လုပ်ရခြင်း စသည့်အဓိက အကြောင်းအရင်း နှစ်ခုကြောင့် ဖြစ်သည်။ စအိုတ၀ိုက်ရှိ သွေးပြန်ကြောများကို ပျက်စီးစေကာ သွေးပိတ်ဆို့မှု (Blood clot) ကြောင့် သွေးများတနေရာတွင် စုစည်းပြီး လိပ်ခေါင်းကို အစပျိုးစေခြင်း ဖြစ်ပါသည်။ လိပ်ခေါင်းရောဂါ ဖြစ်စေနိုင်သည့် ထိုအကြောင်းအရင်းနှစ်ခုကို အထောက်အကူပြုသည့် တခြား အကြောင်းရင်းများမှာ အ၀လွန်ခြင်းနှင့် ဆက်တိုက် လုပ်ရှားမှုမရှိပဲ ကြာကြာထိုင်ခြင်း၊ အမျိုးသမီးများ ကိုယ်ဝန် လရင့်လာသောအခါ ၀မ်းချုပ်ခြင်းကို မထိန်းချုပ်နိုင်မှု မရှိခြင်း။ အူသိမ်မှ အစာအာဟာရကို အသည်းသို့ သယ်ဆောင်ပေးသော သွေးပြန်ကြောများ၏ သွေးဖိအားနည်းခြင်း (Portal hypertension) နှင့် အသည်းရောဂါ အမျိုးမျိုးတို့ကြောင့်လည်း လိပ်ခေါင်းရောဂါ ဖြစ်ပွားစေရန် အထောက်အကူပြုသည့် အကြောင်းရင်းများ ဖြစ်သည်။ ရောဂါလက္ခဏာများ လိပ်ခေါင်းရောဂါ၏ အဓိကလက္ခဏာမှာ သွေးယိုစီးခြင်း။ စအိုဝ၌ ယားယံခြင်း၊ တခါတရံ နာကျင်ကိုက်ခဲခြင်းများ ရှိနိုင်ပါသည်။ နာကျင်ခြင်း ရှိမရှိမှာ သွေးပြန်ကြောရောင်ပြီး သွေးပိတ်ဆို့မှု အနည်းအများအပေါ် မူတည်ပါသည်။ စအိုအတွင်းဘက်ကို လက်အိပ်စွပ်ပြီး စမ်းသပ်ကြည့်ပါက ပျော့ပြောင်းဖေါင်းပွနေသည်ကို တွေ့ရပေမည်။ လိပ်ခေါင်းရောဂါ၏ ပထမအဆင့်တွင် နာကျင်ခြင်းမရှိပဲ လိပ်ခေါင်းသည်လည်း အပြင်သို့မထွက်ပါ ၀မ်းသွားပြီးနောက် သွေးထွက်ခြင်း ရှိနိုင်ပါသည်။ ဒုတိယအဆင့်တွင် ပထမအဆင့် လက္ခဏာများအပြင် မစင်စွန့်စဉ် လိပ်ခေါင်းထွက်လာပြီး အလိုလျောက် ပြန်ဝင်သွားနိုင်ပါသည်။ တတိယအဆင့်တွင် လိပ်ခေါင်း အပြင်သို့ အမြဲကျနေနိုင်ပြီး ဖိအားပေး၍ ပြန်သွင်းနိုင်ပါသည်။ နာကျင်ခြင်းကို တတိယအဆင့်တွင် အများဆုံး ဖြစ်စေပါသ
• ဝမ်းသွားရာတွင် အားစိုက်၍ ညစ်ခြင်း
• အချိန်ကြာမြင့်စွာ ထိုင်ခြင်း
• ရက်ရှည် ဝမ်းလျှောခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်း
• ကိုယ်အလေးချိန်များခြင်း၊ အဝလွန်ခြင်း
• ကိုယ်ဝန်ရှိခြင်း
• အမျှင်ဓာတ်နည်းသော အစားအသောက်များ စားခြင်း
• အချိန်ကြာစွာ ထိုင်ခြင်း၊ မတ်တပ်ရပ်ခြင်း တို့လိုအပ် သော အလုပ်လုပ်ရခြင်း
• ရက်ရှည် ဝမ်းသွားခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်း
• ကိုယ်ဝန်ရှိခြင်း
• စအိုဖြင့် လိင်ဆက်ဆံခြင်း
• အဆီဓာတ်များပြီး အမျှင်ဓာတ်နည်းသော အစား အစာများ စားခြင်း
• အသက် ၆၀ ကျော်ဖြစ်ခြင်း
ပိုမိုသော အချက်အလက်များအတွက် ဆရာဝန်နှင့် တိုင် ပင်သင့်ပါသည်။
ပထမအဆင့်ကို ကုသရန်အတွက် ဆေးဝါးနှင့် ကျန်းမာရေး ပညာရှင်များ၏ အကူအညီ မလိုအပ်ပဲ အမျှင်ဓါတ်ပါသော အစားအစာများကို စားသုံးခြင်း ရေပုံမှန်သောက်ခြင်းဖြင့် ၀မ်းမချုပ်အောင် ကာကွယ်လိုက်ပါက ပျောက်နိုင်ပါသည်။ သို့သော်လည်း စအိုကင်ဆာ ရရှိသူများ၏ မှတ်တမ်းအရ စအိုကင်ဆာ ရရှိသူအတော်များများသည် မူလပထမ၌ လိပ်ခေါင်းရောဂါ ရှိသည်ဟု ယုံကြည်ပြီး ဆရာဝန်မပြမိပဲ နေလာရာမှ ရောဂါ ကျွမ်းလာပြီး ခွဲထုတ်၍ မရနိုင်တော့သည့် အခြေအနေရောက်မှ ဆရာဝန်ပြဖြစ်သည့် သာဓက များစွာ ရှိခဲ့သည်ဟု သိရသည်။ ထို့ကြောင့် မိမိတွင် လိပ်ခေါင်းရောဂါ ရှိသည်ဟု ယုံကြည်ပြီး ကိုယ့်နည်းကိုယ့်ဟန်နှင့် ကုသနေသူများသည် အကယ်၍ ကင်ဆာဖြစ်နေပါက အချိန်မီ ကုသနိုင်ရန်နှင့် လိပ်ခေါင်းဟုတ်မဟုတ်ကို သိရှိရန် ရှက်ကြောက်နေစရာ မလိုပဲ ဆရာဝန်နှင့် စပ်းသပ်စစ်ဆေးသင့်ပါသည်။
ဒုတိယအဆင့်လိပ်ခေါင်း ကုသမှုတွင် မစင်စွန့်သည့်အခါ၌ နာကျင်ကိုက်ခဲမှု မရှိပဲ လွယ်ကူစွာ စွန့်နိုင်ရန် မစင်ကိုမစွန့်မီ lubricating cream ခေါ် အဆီတချို့ကို စအိုအတွင်း ထည့်သွင်းသုတ်လိမ်းခြင်း၊ ၀မ်းပျော့စေသော ဆေးများအသုံးပြုခြင်း၊ သွေးထွက်များနေလျင် သွေးပျစ်စေသည့် ဆေးများဖြင့် တားဆီးခြင်းဖြင့် ကုသနိုင်ပါသည်။ တတိယအဆင့်တွင် သွေးကြော ပိတ်ပြီး လိပ်ခေါင်းအဆမတန် ရောင်ယမ်းကိုက်ခဲလာနိုင်သဖြင့် ခွဲစိတ်ကုသခြင်းများကို ပြုလုပ်နိုင်ပါသည်။ Prevention ကာကွယ်ခြင်း လိပ်ခေါင်းရောဂါသည် ၀မ်းချုပ်ခြင်းနှင့် အလေးမခြင်း၊ အ၀လွန်ခြင်း အထိုင်ကြာခြင်း တို့ကြောင့် အဓိက ဖြစ်ရသောကြောင့် ၎င်းတို့ကို ကာကွယ်နိုင်ခြင်းသည် လိပ်ခေါင်းရောဂါကို ကာကွယ်နိုင်သည့် အကောင်းဆုံး နည်းလမ်းများ ဖြစ်သည်။ ၎င်းတို့ကို မည်သို့ ကာကွယ်မည်နည်း၊ ၀မ်းချုပ်ခြင်းကို အမျှင်ဓါတ်ပါသော အစားအစာများစားသုံးပြီး ရေလုံလောက်စွာ သောက်သုံးခြင်းဖြင့်ကာကွယ်နိုင်ပါသည်
အ၀လွန်နေသူများအတွက် BMI 25 အောက် ရောက်အောက် လျှော့သင့်ပါသည်။ BMI ၏ အရှည်မှာ Body Mass Index ဖြစ်ပြီး ခန္ဓာကိုယ်၏ မျက်နှာပြင် ဧရိယာနှင့် အထုထည် အချိုးအစား (Surface Area and Volume Ratio) ကို တွက်သည့် အတိုင်းအတာ တခုဖြစ်သည်။ တွက်နည်းမှာ ကိုယ်အလေးချိန် ကီလိုဂရမ်ကို အရပ် စတုရန်းမီတာ နှင့် စား၍ရသည့် အဖြေဖြစ်သည်။ (BMI = Weight in Kg/ Height in M2)။ ဥပမာ ကိုယ်အလေးချိန် ၅၀ ကီလိုဂရမ် ရှိပြီး အရပ်( 155 cm or 1.55m) ရှိသူ၏ BMI တွက်နည်းမှာ ( 50/1.552 = 20.81 ဖြစ်သည်။
ကွန်ပြူတာရှေ့ဖြစ်စေ၊ စားပွဲခုံနှင့်ဖြစ်စေ ထိုင်ပြီးအလုပ်လုပ်ရသောသူများသည် တနာရီ (သို့) အများဆုံး နှစ်နာထက်ပို၍ ဆက်တိုက်မထိုင်သင့်ပဲ ကြားကာလမှာ အနည်းဆုံး ၁၀ မိနှစ်ခန့် နားချိန်ရှိသင့်ပါသည်။ ထိုသို့ ပြုလုပ်ခြင်းသည် လိပ်ခေါင်းကို ကာကွယ်ခြင်းသက်သက်မဟုတ်ပဲ ဦးနှောက်နှင့် အာရုံကြောကိုပါ အနားပေးရာရောက်ပါသည်း။ ထို့အတူ ခန္ဓာကိုယ်အလေးချိန် မျှတအောင် ထိန်းချုပ်ခြင်းနှင့် ကျန်းမာရေးနှင့် ညီညွတ်စွာ အမျှင်ဓါတ်ပါသော အစားအစာများကို စားသုံးခြင်းသည်လည်း တခြားရောဂါပေါင်းများစွာကိုပါ ကာကွယ်ပြီးသားဖြစ်ပါသည်။
လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် လိင်ခေါင်း ရောဂါ ကို ထိန်းချုပ်နိုင် ပါသည်။
• အမျှင်ဓာတ်များသော အစားအစာ စားပါ။ ရေများ များသောက်ပါ။
• နွေးသောရေချိုးကန်ထဲတွင် ၁၀မိနစ်လောက် ထိုင်ပါ။ တစ်နေ့လျှင် အကြိမ်များစွာ ထိုသို့ပြုလုပ်ပါ။
• ပို၍ လေ့ကျင့်ခန်း ပြုလုပ်ပါ။
• စအိုနေရာကို သန့်ရှင်းအောင်ထားပါ။
• အိမ်သာသုံး စက္ကူအခြောက်ကို အသုံးမပြုပါနှင့်။ စအို နေရာကို သန့်ရှင်းစေရန် ဝမ်းသွားပြီးပါက ရေမွေး သို့မဟုတ် အရက်မပါသော စိုထိုင်းသော အိမ်သာသုံး စက္ကူကို အသုံးပြုပါ။
• ရေခဲအိတ်ဖြင့် စအိုအား ကပ်ပေးခြင်းသည် ရောင် ရမ်းမှုကို သက်သာစေသည်။
• Psyllium (Metamucil) သို့မဟုတ် methylcellulose (Citrucel) စသော အမျှင်ဓာတ် ထောက်ပံ့မှုများသည် ဝမ်းကို ထုထည်ကြီးစေပြီး ဝမ်း ချုပ်ခြင်းကို သက်သာစေသည။်အလွယ်တကူ ဝယ်၍ရသော လိမ်းဆေး ကရင်မ်များ နှင့် စအိုတွင်းထည့်သော ဆေးတောင့်များ သည် လိင်ခေါင်းကြောင့် နာကျင်ခြင်း ယားယံခြင်းများကို ယာယီအားဖြင့် သက်သာစေနိုင်ပါသည်။
အခြားနည်းလမ်းများ အားလုံးဖြင့် ကုသ၍မရပါက လိင် ခေါင်းအား ခွဲစိတ်၍ ဖယ်ရှားခြင်းကို ပြုလုပ်နိုင်သည်။အထူးသဖြင့် မိမိခံစားနေရသော ဝေဒနာကို မိဘ သူငယ်ချင်းများနှင့်တိုင်ပင် သင့်လျော်ဆရာဝန်နှင့်ပြသပြီး အမြန်ဆုံး သက်သာပျောက်ကင်းစေရန် ကုသသင့်ပေသည်။အချိန်ဆွဲကုသရန် မသင့်တော်ပေ။
photo from google
myint oo
MSC 102
myanmar traditional
tag က 5 ခု ထိ ထည့်လို့ရတယ် bro
Enjoy the vote and reward!
thanks
good post ကျန်းမာရေးအတွက်အကောင်းဆုံးသော post လေးပါအကို
thanks bro
Good Writing dear bro.Fighting.
@resteemator is a new bot casting votes for its followers. Follow @resteemator and vote this comment to increase your chance to be voted in the future!
thanks
Good post
ဗဟုသုတရပါတယ်
tag မှားနေတယ် Bro
msc no ကို tag မှာထည့်ရတာမဟုတ်ဘူး
ပိုစ့်အောက်မှာ ရေးသူနာမည်နဲ့ထည့်ရတာ
ပြန် edit လုပ်လိုက်ပါ
ဟုတိကဲ.ပြနိလုက်လိုက်ပါ.မယ်
Writer name
Msc no လိုနေပါတယိ အမြနိ ပြငိပါ
ဟဟုတ်ကဲ.
well done myintoo!
thanks
သားသား ကြောက်ကြောက်