Valentine Day

in #myanmar8 years ago (edited)

သူများတကာကတော့ဝယ်ပေးနိုင်မှာပေါ့ ပိုက်ဆံရှိတဲ့သားသမီးကို ကိုယ်တွေကတော့ တစ်လလုပ်မှတစ်လစားရတာ။ ရတဲ့လစာတောင် အမေ့ဆေးဖိုးနဲ့ ညီလေးကျောင်းစရိတ် တစ်လစာစားစရိတ်အနိုင်နိုင်ရယ်။ဟူးးးးရင်မောရလေပြီကွယ်။အပိုဝင်ငွေရှာရမှာပေါ့။သူ့ကိုတော့အရမ်းချစ်ပါသည်။သူကတော့ကလေးဆန်တယ်။လိုချင်တာမရရင် စိတ်ဆိုးစိတ်ကောက်ပါသည်။ကျွန်တော့ထက်လဲငယ်တော့
အလိုလိုက်ရပါသည်။ဘယ်လောက်တောင်ဆိုးလဲဆိုရင် ကျောင်းအပြန်လာကြို ခိုင်းပါသည်။ကျွန်တော်အလုပ်ကိစ္စပေါ်လာသဖြင့် လာမကြိုနိုင်ကြောင်းပြောသောအခါ မလာမချင်း ရပ်စောင့်မယ်တဲ့။ကျွန်တော်လဲ မိုးချုပ်ခံနီးအလုပ်ပြီး၍ အိမ်ပြန်ကာမှသတိရ ၍ ဘယ်မှာလဲဟုဖုန်းဆက်မေးသောအခါ ကျောင်းမှာတဲ့ အပြေးအလွားအမြန်သွားကြိုသောအခါ ကျောင်းရှေ့မှာတစ်လှမ်းမှမရွှေ့ပဲတစ်ကယ်ရပ်စောင့်နေလေရဲ့။ကျွန်တော်သွားခေါမှ မျက်ရည်လက်ရွဲဖြင့် ငိုပြီးရန်လုပ်လေရဲ့ အာ့လောက်ခေါင်းမာသည်။ကျွန်တော်စတင်ပြီးတော့အလုပ်ကြိုးစားရသည်။သဲ ပူဆာတဲ့ဟာဝယ်ပေးနိုင်ဖို့ အလုပ်ကပြန်လာရင်သူငယ်ချင်းတက္ကဆီယူမောင်း ရတော့မယ်။

အမေ့ဆေးဖိုးလဲရှာရမယ် အလုပ်ကပြန်လာတိုင်း ကျွန်တော်အပြင်ပြန်ထွက်ကာ ကားအငှားမောင်းသည်။ဖြစ်ချင်တော့ကားကလဲ၂ရက်ပဲရတယ်။ကြုံရာအလုပ်တစ်ညလုံးဖွင့်တဲ့စားသောက်ဆိုင်တွင်စားပွဲထိုးဝင်လုပ်ပါသည်။

မနက်ကျောင်းလိုက်ပို့သောအခါ "ကိုကို မျက်နှာကချောင်ပြီးမျက်ကွင်းတွေလဲမဲနေတာပဲ…နေမကောင်းဘူးလား…ဘာဖြစ်နေတာလဲ"မေးပြီးနှဖူးပေါလက်ကလေးရောက်လာလေရဲ့။

"ဘာမှမဖြစ်ပါဘူးသဲရဲ့ ကိုကိုနေကောင်းပါတယ်…အလုပ်ကနဲနဲလေးပင်ပန်းလို့ပါ"

"ကျန်းမာရေးလဲဂရုစိုက်အုံး"

"အင်းပါသဲရဲ့ ကိုကိုအဆင်ပြေပါတယ်"

တစ်နေ့သဲရဲ့ သူငယ်ချင်းများက စားသောက်ဆိုင်တွင် ထမင်းသွားစားရာ ကိုကိုစားပွဲထိုးနေသည်ကိုမြင်ပြီးဖုန်းဆက်သတင်းပေးလေသည်။
"ဟဲ့ ကောင်မရေ နင့်ကိုပြောစရာရှိလို့"

အေး…ဘာလဲပြောလေ"

"နင့်ရဲ့အချစ်ဆုံးကိုကိုလေအလုပ်ပြုတ်သွားပြီလား"

"မပြုတ်ပါဘူး ငါ့ကိုလဲဘာမှမပြောပါဘူး"

"ဟုတ်လား နင့်ရဲ့ကိုကို ####ဆိုင်မှာစားပွဲထိုးနေလေရဲ့"

အေးပါ ငါစုံစမ်းကြည့်အုံးမယ်"ဟုပြောပြီးဖုန်းချလိုက်သည်။

နာက်တစ်နေ့ကျောင်းကအပြန် သဲ ကိုကိုအိမ်ကိုအလည်သွားလေပြီ။ ကိုကိုအိမ်
ရောက်သောအခါ"မမ လာလေ ကိုကိုမရှိဘူး…အပြင်သွားတယ်…အမေရေ မမလာတယ်"ဟုပြောပြီး ကိုကိုညီက အမေ့ကိုလှမ်းခေါလေသည် ။ကိုကို မိသားစုသည် သဲကို သမီးလေးတစ်ယောက်လိုချစ်ရှာသည်။

"လာ သမီးရေ အိမ်ပေါ်တက်…သားမမအတွက် တစ်ခုခုဖျော်အုံ"ဟုခိုင်းလိုက်သောကြောင့် ကိုကို၏ညီမှာ မီးဖိုချောင်သို့ ဝင်သွားလေသည်။

"အမေ သမီးမေးစရာရှိလို့…ကိုကိုအလုပ်ပြုတ်သွားလို့ လား…စားပွဲထိုးလုပ်နေတယ်ဆို"
ထိုအချိန်တွင်ကိုကိုညီလေးဝင်လာပြီး "အမလေးမပြုတ်ပါဘူးမမရယ်…ကိုကိုကမမအတွက် စုဘူးနဲ့ပိုက်ဆံ စုနေလေရဲ့…မင်းမမ လိုချင်တာဝယ်ပေးရအောင်တဲ့"ဟုပြောလေသည်။သဲ မျက်ရည်ဝိုင်းပြီးငိုချင်သလို ဖြစ်သွားသည်။ သဲ ဂျီကျမိတာနောင်တရလေပြီ။ဘာမှမဖြစ်သလို စကားဆက်ပြောပြီး နှုတ်ဆက်ပြန်ခဲ့လေသည်။

Valentine day ရောက်လာလေပြီ။မနက်စောစောထ ရွှေတိဂုံဘုရားသို့တက်ဖူးသောအခါ နှင်းဆီပန်း ရဲရဲတောက်နေသော ပန်းစည်းကိုကိုမှ ပေးလေသည်။ကိုကိုတို့ပန်းတူတူလှူ ကျမယ်လေတဲ့။သဲမျက်ရည်အဝိုင်းသားနဲ့ကိုကို့ ကိုစိုက်ကြည့်လေသော်အခါ ကိုကိုက"အရူးမလေးအာ့လောက်တောင်ပျော်လား မျက်ရည်အဝိုင်းသားနဲ့…လာ ကိုကိုတို့ဘုရားဝတ်ပြုကျမယ်"ကိုကိုမှ သဲလက်ကိုဖွဖွဆုပ်ကိုင်လေသောအခါ ကိုကိုလက် ပူရှိန်းပြီးဖျားနေလေပြီ။

ဘုရားဝတ်တက် ပြီး ကန်ဘောင်တွင်လမ်းလျှောက်သောအခါ "သဲ… ကိုကိုတို့ သဲလိုချင်တဲ့အရုပ် ပစ္စည်းတွေသွားဝယ်မယ်လေ…ကိုကိုဝယ်လာရင်သဲမကြိုက်မှာဆိုးလို့…သဲလိုချင်တာလက်ညှိးထိုး ကိုကိုသဲလေးလိုချင်တာဝယ်ပေးမယ်"ဟုကိုကိုပြောလေသည်။

သဲ ကိုကိုစကားကိုကြားသောအခါ သဲကိုကို ကိုဖတ်ပြီး ငိုလေသည်။" ဟောဗျာ…ငိုပြန်ပြီ အရူးမလေး ဘာလို့ဒီလောက်ငိုနေတာလဲ…တိတ်တော့…ဒီလိုနေ့မျိုးက သဲပျော်ရမှာလေ…ဘာလို့ငိုပဲ ငိုနေတာလဲ"

"ကိုကို…သဲလေ ငိုနေတာမဟုတ်ဘူး…သဲပျော်တာလား ဝမ်းနည်းတာလား သိတော့ဘူး…သဲလေ ကိုကို ကိုအရမ်းချစ်တယ်"

"ကိုကိုလဲချစ်ပါတယ်သဲ ရဲ့ ဘာလို့ငိုတာလဲပြော"

"သဲ ကိုကိုဝယ်ပေးမဲ့ ဟာတွေမလိုချင်တော့ဘူး"

"သဲမစားတော့ပါဘူး…သဲကိုထန်းလျှက်ခဲပဲဝယ်ကျွေးတော့…သဲကို ဝယ်ပေးမဲ့ပိုက်ဆံ လေးကို သဲတို့တစ်ခုခု အလှူလုပ်ရအောင်လေနော်…ကိုကိုအပင်ခံပြီး နေ့မအိပ်ညမအိပ်ရှာထားတာလေးကိုမသုံးရက်လို့…ဒီနေ့မိဘမဲ့ကျောင်းမှာ
ထမင်းတစ်နပ်လောက် သွားကျွေးရအောင်နော် ကိုကို"

အေးပါသဲရယ်…သဲသဘောပါပဲ"

Photo credit google
MSC-224
@myintlwinsoe

Sort:  

Valentine Dayဆိုတာ ဘာမှန်း​တောင်​မသိ​သေးပါဘူးအကိုရာ😁😁

ဟားးးအေးပါကွာ

happy V day ပါဗျာ..plz v and m me back https://steemit.com/myanmar/@mgtoetat/february-13

What is V day 😋😋😋😋

V day လို့ပြောကြတာပဲ
ကိုယ်တွေကဘာမှန်းမသိ

V dayမှာ ဟိုအရင်းက ပျော်စရာဗျ

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.102
BTC 65417.48
ETH 1886.24
USDT 1.00
SBD 0.39