ချစ်သူရေ

in #myanmar8 years ago (edited)

ချစ်သူရေ

ငါမျှော်နေမိတယ်
နင့်ဆီက ဖုန်းခေါ်သံလေးတွေ…………

ငါကြားချင်သေးတယ်
နင့်ဆီက တီတီတာတာစကားတွေကိုပေါ့………

ငါသိချင်သေးတယ်
နင့်ဆီက တိုးတိုးစကားလေးတွေကိုပေါ့……

ငါမြင်ချင်သေးတယ်
နင့်ရဲ့ကလေးဆန်တဲ့ အမူယာလေးတွေကိုပေါ့……

ငါတွေ့ချင်သေးတယ်
ငါနေမကောင်းရင် စိတ်ပူတက်တဲ့ နင့်ပုံစံလေးတွေကို…

ငါမှတ်မိသေးတယ်
နင်ခေါ်တဲ့ အပေတေ ဆိုတဲ့ စကားလေး………

ငါတမ်းတမိတယ်
နင့်ဆီက ငါ့ကို ငါ့အမေထက်ပိုချစ်တယ်ဆိုတဲ့ စကားကိုပေါ့……

ချစ်ရသူရယ် နင်နဲ့ပတ်သက်တဲ့အရာတိုင်းကို
တိုက်ဆိုင်မှုရှိမှ သတိရနေတာမဟုတ်ပါဘူး………

နင့်ကို အချိန်တိုင်းသတိရနေတယ်……
နင့်ကို အချိန်တိုင်းလွမ်းနေတယ်……
နင့်ကို အချိန်တိုင်းတမ်းတနေတယ်ဆိုတာ
ငါချစ်တဲ့နင် အဝေးတနေရာမှ
သိပါလေစကွယ်…………

MSC-224
@myintlwinsoe

Sort:  

ချစ်​သူကိုလွမ်းပြ​နေလိုက်​တာမျာုးုကိုမြင့်​နုရွ​နေတာ ဘဲ်​လေလူသား​တွေဘဲနှလုံးသားရှိ​တော့လွမ်းတာ​ပေါ့​နော်

တစ်ခါတရံ အလွမ်းစိတ်ပေါ်လာတော့လည်း ရေးဖြစ်တာပေါ့ဗျာ

ချစ်​တတ်​လွမ်းတတ်​လိုက်​တာကွယ်​။တို့အဖွဲ့​တွေလည်းစာ​ရေးဆရာ​တွေထိုင်​ငိုသွား​အောင်​​ရေးနိုင်​ကြပါတယ်​။Good bro.

စာရေးဆရာလောက်တော့ မဟုတ်သေးပါဘူး မအိရယ် အခုမှ လေ့ကျင့်နေတုန်းပါဗျ

တယ်ဟုတ်ပါလား အချစ်ဆရာ အချစ်ကဗျာတွေရေးနေပြီ

ဟီးးးစိတ်ကူးလေးတွေ ရဲ့ခေါ်ဆောင်ရာပေါ့ ကိုသက်ရယ်

အဲ့ အပေအတေ အချစ်ဆရာလေး

ကျွန်တော့ကို အပေတေလို့ သူခေါ်နေကျဗျ

ကိုကြီးကလူပျိုကြီးလား အချစ်တွေ ခံစားချက်တွေထုတ်ဖော်ဖွင့်ဟလိုပါလား

ပြောပြဘူး သတ်ချင်သတ်ပလိုက် ဟားးးး

လွမ်းတဲ့စိတ်​ကပို​နေသလိုပဲအကို

ပိုပါဘူးကွယ် လိုတောင်နေပါသေးတယ်

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.081
BTC 60778.63
ETH 1619.55
USDT 1.00
SBD 0.47