သို့ဖေဖေ အပိုင်း(၄)

in #myanmar8 years ago (edited)

နွေရာသီမှာ ဘုန်းကြီးကျောင်းတက်ရပြီး အစိုးရ ကျောင်းပြန်ဖွင့်ချိန်ရောက်လျင် ရွှေဘိုသို့ ကျောင်းတက်ရန်ပြန်ရပေသည်။ကျောင်းစဖွင့်ချိန်သည် ဇွန်လဆန်းပိုင်းဖြစ်၍ မိုးဦးကျ အချိန်ရောက်လာတော့သည်။

ကျွန်တော်တို့ တော့ရွာများသဘာဝအတိုင်း မိုးရွာလျင် လမ်းများက သွားလို့ လာလို့ မကောင်းတော့ပေ။မိုးရွားများလျင် များသလောက် သွားရေးလာရေး ဒုက္ခရောက်ရပေသည်။အများစုက နွားလှည်းကို အသုံးပြုရသောကြောင့် နွားများမှာလည်း ပင်ပန်းရရှာသည်။အချို့ ရွံ့ဗွက်များမှာ နွား၏ ချက်လောက်ထိ နက်ကြသည်။

အချို့ ရက်စက်သောသူများက ချက်ထိနက်သော ရွံ့ဗွက်ကို နွားက မရုန်းနိုင်သောအခါ ထန်းပလက်တုတ်ကွဲအောင် ရိုက်နှက်ကြလေသည်။ထိုသို့ ရိုက်လို့မှ မရုန်းနိုင်လျင် နွား၏ကျောပေါ်တွင် မီးအနည်းငယ် တင်၍ရှို့ကြသေးသည် ရက်စက်ပေစွ။

ကျွန်တော်တို့ရွာတွင် မိုးကြီးရွားပြီးခါစ သာရေး နာရေးရှိလျင် လွန်စွာ ဒုက္ခရောက်ရလေသည်။သာရေး နာရေးအတွက် ပစ္စည်းပစ္စယများလိုလျင် ရွှေဘိုသို့ တက်၍ဝယ်ရလေသည်။ထိုသို့ အခါမျိုးတွင် နွားလှည်းကို မဖြစ်မနေ သုံးရပေသည်။အဖေသည် ထိုသို့ မိုးကြီးရွာပြီးခါစ သာရေး နာရေးအတွက် ဈေးဝယ်လိုက်ပေးရန် အကူညီတောင်းလျင် ဘယ်သောအခါမှ မလိုက်။အဖေ့တွင် ဈေးဝယ်မလိုက်သည့် အကြောင်းပြချက်မှာ ချက်လောက်ထိနက်သော ရွံ့ဗွက်ထဲတွင် ပစ္စည်းပစ္စယဝန်များ လိုက်ပါလာကြသော လူတို့၏ အလေးချိန်များတို့ကို ပေါင်းပြီး မျက်ရည်းကျအောင် ရုန်းကန်နေရသော နွားများကို သနားသောကြောင့်ဖြစ်သည်။

အခုလည်း ကျွန်တော် ရွှေဘိုသို့ ကျောင်းသွားတက်ရမည့်အချိန်သည် မိုးကြီးရွာပြီးခါစအချိန်ဖြစ်နေသည်။ထို့ကြောင့်အဖေသည် နွားလှည်းကို အသုံးမပြုပဲ စက်ဘီးဖြင့် ရွှေဘိုသို့လိုက်ပို့ပေးရန် စီစဉ်ခဲ့သည်။နွားလှည်းသွားရခက်ခဲသော်လည်း စက်ဘီးအတွက်မှာ အတန်သင့်အဆင်ပြေနေသေးသည်။သို့သော် ကျွန်တော်တို့ဒေသ၏ မိုးရာသီတွင် ဖြစ်တက်သော ရှားပါးနဂါးဗွက်ကိုတော့ သတိထားရသည်။(ဤနေရာတွင် နဂါးဗွက်အကြောင်း အနည်းငယ်ပြောပြလိုသည်။ထိုနဂါးဗွက်၏သဘာဝမှာ ကြည့်လိုက်လျှင် ပုံမှန်ဗွက်နှင့် ဆင်တူသည်။သို့သော် နဂါးဗွက်ထဲကျသွာလျင်တော့ လှုပ်လေ မြုတ်လေ ဖြစ်သည်။အထာမသိသောသူ ရုန်းပါက အသက်ဘေးနှင့်နီးလှသည်။နဂါးဗွက် ရုန်းနည်းသိသောသူများ သော်မှ ဘေးက အကူပါမှရသည်။နဂါးဗွက်နစ်သောသူကို ဘေးနားကကူမှ အားပြုနိုင်သော အမာတခုရှာပေးရသည်။ဗွက်နစ်နေသူမှ ထိုအမာကိုအားပြုကာ တချက်တည်း အလွတ်ရုန်းရသည်။မရုန်းနိုင်ပါက ပထမ မြုတ်နေသောပမာဏထက် ပိုမြုတ်သွားလေးသည်။)

ထိုသို့ဖြင့် သားဖနှစ်ယောက် စက်ဘီးတစီးဖြင့် ရွှေဘိုသို့ ထွက်လာခဲ့သည်။အဖေ၏ကျောပြင်တွင် ကျွန်တော့ကိုပါ တင်နင်းရသောကြောင့် ချွေးများစိုရွှဲနေတော့သည်။သားဖနှစ်ယောက် စီးတခါ တွန်းတလှည့်ဖြင့်ခရီးဆက်ခဲ့လေသည်။တနေရာအရောက်တွင် သဲချောင်းကိုဖြတ်ရလေသည်။သဲချောင်းမှာ အတော်ပင်ရှည်လျှားလှသောကြောင့် သားဖနှစ်ယောက် စက်ဘီးပေါ်မှဆင်းကာ တွန်း၍သွားကြရလေသည်။အဖေက ရှေ့ကတွန်း ကျွန်တော်က နောက်က တွန်းဖြင့် ခရီးဆက်နေရသည်။သဲချောင်းလွန်သော် အဖေမှာ ဘာကိုတွေးလာသည်မသိ ကျွန်တော့ကိုမေ့ကာ စက်ဘီးစီး၍ ထွက်သွားလေသည်။

ကျွန်တော်အော်ခေါ်သော်လည်း အဖေမကြားပေ။အဖေမကြားသောကြောင့် ကျွန်တော်ဆက်မခေါ်တော့ပဲ အပြေးလိုက်သည်။သို့သော်အဖေ့ကို မမှီ ဝေး၍ ဝေး၍သာ သွားတော့သည်။ကျွန်တော့်မှာ ကလေးအရွယ်သာရှိသေးကြောင့် လွန်စွာကြောက်လှပေသည်။ဘာကိုကြောက်၍ကြောက်မှန်းမသိ။ကြောက်ကြောက်ဖြင့် အဖေ့နောက်အပြေးလိုက်သည်။သို့သော် အဖေ့ကို မမှီခဲ့။

ဤသို့ဖြင့်အဖေသည် ပေလမ်းသို့ ရောက်သောအခါ နားမည်ဟုဆိုတာ လမ်းဘေးရှိ လ္ဖက်ရည်ဆိုင်သို့ ဝင်ကာ လ္ဖက်ရည်(၂)နှင့် ကိတ်မုန့်(၂)ချပ်မှာလိုသည်။ဆိုင်ရှင်မှာ မိတ်ဆွေများဖြစ်၍"ကိုဌေး…ခင်ဗျားတယောက်ထဲ ဘာလို့(၂)ခွက်(၂)ခု မှာတာလဲဗျ…"
"ကျွန်တော့သားပါတယ်လေ"
"ဘယ်မှာလဲ ခင်ဗျသား"ထိုအခါမှ အဖေသည်နောက်လှည့်ကြည့်ကာ ကျွန်တော်ပါမလာ မှန်းသိလေသည်။

အဖေသည် မှာထားသော လ္ဖက်ရည့်နှင့် မုန့်များကိုသော်မှ မစားမသောက်နိုင်တော့ပဲ စက်ဘီး ဒုန်းစီးကာ လာလမ်းကို အမြန်ပြန်နင်းခဲ့တော့သည်။စက်ဘီးကို ဒုန်းနင်းလာသော အဖေနှင့် အပြေးလာနေသော ကျွန်တော်တို့ ဆုံမိသောအခါ အဖေသည် စက်ဘီးကို ဒေါက်တောင် မထောက်နိုင်တော့ပဲ ကျွန်တော့ဆီလာကာ ကျွန်တော့ကို ပွေ့ချီ၍ အားရပါးရဖက်ထားတော့သည်။ကျွန်တော်လည်း အဖေ့ကိုတွေ့မှ ခြုံးပွဲချ ငိုမိသည်။အတော်လေးကြာတော့မှ အဖေက"သား…ဘယ်နားလေး ကျန်နေခဲ့တာလဲ…ကျန်နေခဲ့လည်း အဖေ့ကို အော်ခေါ်ရောပေါ့ သားရယ်…"ကျွန်တော်လည်း အဖေ့ကို အဖြစ်ပျက်များ ပြန်ပြောသည်။ထိုနောက် သားဖနှစ်ယောက် စက်ဘီးဖြင့် ရွှေဘိုသို့ ဆက်ထွက်ခွာခဲ့တော့သည်။

ထိုအဖြစ်ပျက်လေးသည် ကျွန်တော်ငယ်ငယ်က ဖြစ်ပျက်ခဲ့သော အကြောင်းရာဖြစ်သော်လည်း ကျွန်တော်ဘယ်တော့မှ မေ့နိုင်မည် မဟုတ်သော အဖေနှင့် ကျွန်တော့ကြားထဲမှ အဖြစ်ပျက်လေးတစ်ခုဖြစ်ပေတော့သည်။

MSC မိသားစုများ ကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာပါစေ။

MSC-224
@myintlwinsoe

Sort:  

စာဖတ်သူကိုဆွဲခေါ်သွားနိုင်ပီဘဲ...
ရိုးရိုးလေးနဲ့စိတ်ဝင်စားစရာကောင်းတယ်။တော်တယ်။

ဟုတ်ကဲ့ ပါဆရာမ။ကျွန်တော်ဆက်ကြိုးစားပါ့မယ်ခင်ဗျာ။

ပထမပိုဒ်အဆင်ပြေတယ်၊ စကားပြေအရေးအသားပုံစံကို ကူးပြောင်းရေးလာတာ အတော်ကောင်းပါတယ်၊ ဒုတိယပိုဒ်မှာ “မိုးများရင်” အစား “မိုးများလျှင်” သုံးသင့်ပါတယ်။ နာမ်ပစ္စည်း “သည်” နှင့် ကြီယာပစ္စည်း “သည်” များထပ်နေသည့်အတွက် အချို့ရွံ့ဗွက်များသည် အစား အချို့ရွှံ့ဗွက်များမှာ ဟုသုံး သင့်ပါသည်။ အသုံးမမှန်၍မဟုတ်ပါ။ အသုံးမှန်ပါသည်။ သို့သော်စာမလှ၍ ဖြစ်ပါသည်။

အခုလို ထောက်ပြဝေဖန်ပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ် ခင်ဗျာ။

ရွှေဘိုကိုမရောက်ဖူးဘူး၊ ဘယ်ကနေသွားရတာလည်း မန္တလေးကလာရင်လေ

မန္တလေး စစ်ကိုင်း ရွှေဘို မြစ်ကြီးနား ပြည်ထောင်စု လမ်းမကြီးအတိုင်းလာရင် ရောက်ပါတယ် ခင်ဗျာ

အဲ့ကတည်းက ပစ်ထားခဲ့ရမှာ ဟားဟား
အာဗြဲကြီးနဲ့ အော်ငို နှပ်တေထွက်တဲ့ပုံလေး မြင်ယောင်မိတယ် ဟားဟားဟား
နဂါးဗွက်ကြာက်စရကြီး မြေမြို သလိုပဲနော်

ဟီးးးအဲ့တည်းအပစ်ထားခဲ့ရင် အခုလောက်ဆို ဘာဖြစ်နေမလဲသိဘူး။နဂါးဗွက်က ရှားတော့ရှားပါတယ်။ဒါပေမယ့်ကြောက်ဖို့ကောင်းတယ်။

အခုမှကြားဖူးတယ်​နဂါးဗွက်​ဆိုတာ။

ဟုတ်မအိ…ရှားတော့ရှားတယ်…ဒါပေမယ့်တွေ့ရင် အန္တရာယ်များတယ်

တချိန်ချိန်တော့ေ၇ွှဘိုကို အရောက်လာခဲ့ပေအူးမယ်.ဗျာ

လာခဲ့ပါဗျာ။ကြိုဆိုပါတယ်။

ကျေးဇူးပါဗျ လာဖြစ်ရင် ဆက်သွယ်လိုက်မယ်နော် ဟဲဟဲ

ဟုတ်ကဲ့ပါဗျာ

ကိုမြင့်အဖေလား ချောတယ်နော်

ဟီး…ကိုယ့်အဖေမို့ပြောတာမဟုတ်ဘူး အပြင်မှာပိုချောတယ်။

ဟုတ်တယ် အဲဒီဘက်ဒေသတွေက မိုးတွင်းဆို စိတ်ညစ်စရာကြီး တစ်ချို့ရွာတွေဆို မိုးစကျကတည်းက ရှိတဲ့ဆိုင်ကယ် စက်ဘီးက တစ်မိုးတွင်းလုံး သိမ်းထားရတဲ့ အထိပဲ။ မြေတွေက မြေစီးတွေလေ။

ဟုတ်တယ်ကိုထွေးရေ မိုးတွင်းဆိုရင် စိတ်ပျက်စရာကြီး

ဖခင်တစ်ယောက်ရဲ့  စိတ်ထားက လေးစားဖို့ ကောင်းပါတယ်

ဒါပေါ့ညီလေရာ

စက်‌ဘီးစီးပြီး ‌နောက်‌လူ ကျန်‌ခဲ့တာ အစ်‌ကိုလည်း ဖြစ်‌ဖူးတယ်‌။ ရည်းစားဘဝတုန်းက မင်းအစ်‌မ ကို ကျန်‌ခဲ့တာ ၊ဖြစ်‌တုန်းက ‌တော်‌‌တော်‌ လန့်‌သွားတာ။

ဟုတ်လား…အဲ့အကြောင်းလေးရေးပါအုံးဗျာ။

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.081
BTC 62636.77
ETH 1685.70
USDT 1.00
SBD 0.40