ငါးပိဖုတ်
ကျွန်တော်က အညာသားဆိုတော့ နံနက်စာကိုငါးပိဖုတ်နဲ့ထမင်းစားရင်း ခေါင်းထဲအတွေးတစ်ချို့ ဝင်လာတယ်။"ကံတရားက မင်းကိုငါးပိပေးတဲ့အခါ မင်းဘာလုပ်မလဲ"ဆိုတဲ့အတွေးဝင်လာသည်။ကျွန်တော်သာဆို ငါးပိဖုတ်လုပ်စားပြစ်မယ်။ငပိဖုတ်နည်း ပြောပြမယ်နော်။
ပထမဆုံးအနေနှင့် ငရုတ်သီးစိမ်းလေး ငါးတောင့်ခန့် ကြက်သွန်ဖြူ ဗမာဥ ငါးတက်ခန့်နှင့် ရောပြီးထောင်းသည်။ ညက်လာလျှင် မျှင်ငါးပိကောင်းကောင်းလေး လောက်စလုံးခန့်ကိုရောပြီး ထပ်ထောင်းသည်။အဆာပလာ နှံ့သွားလျှင် မြေအိုး စလောင်းဖုံးပေါ်တွင်မထူမပါလေး ကပ်လိုက်သည်။ကပ်ရာတွင် အရမ်းထူလျှင် ကွာကျတက်ပြီး အရမ်းပါးလျှင် မီးကျွမ်းလွယ်ပါသည်။ပြီးလျှင် မီးမျှင်းမျှင်းလေး ပ်ါတွင် မြေအိုးစလောင်းဖုံးတင်ပြီး ငါးပိစဖုတ်သည်။နီညိုရောင်သန်းလာလျှင် ရပါပြီ။ တူးသွားတဲ့နေရာများကို ဖယ်ထုပ်ပေးပါဗျ။
ရလာသော ငါးပိဖုတ်ကို ခဏထားပြီး ပုဇွန်ခြောက်အနည်းငယ်ထောင်းပါဗျ ညက်လာလျှင် ပန်းကန်တစ်ခုထဲ ထည့်ထားပါ။မြေအိုးစလောင်းမှ ငပိဖုတ်များကိုလည်း ပုဇွန်ခြောက်ပန်းကန်ထဲသို့ ဇွန်းဖြင်ခြစ်ချပါ။ရလာတဲ့ ငပိကို အဆင့်သင့်ပြင်ထားတဲ့အဆာပလာထဲထည့်ထောင်းပါ။ လိုအပ်သောအရသာ ထပ်ထည့်ပါ။ ပန်ကန်ထဲထည့် ဆီလေးစမ်း ထမင်းပူပူလေးဖြင့် တွဲဖက်စားသုံးမယ်ဆိုရင်တော့ အရသာရှိသော ငပိဖုတ်ဖြစ်သွားပါသည်။

photo credit by facebook
MSC-224
အခုတောင် ဖတ်ရင်းစားချင်လာပီ ။
လုပ်စားကြည့်ပါဗျ စားလို့ကောင်းတယ်။ထမင်းကို မြေပဲဆီ လေးစမ်းပြီး ငါးပိဖုတ် မွှေးမွှေးလေးနဲ့ အရသာကို ရှိနေတာပဲ။
ကြိုက်တယ်ဗျာ
ကြိုက်ရင် လုပ်လိုက်တော့ ညီလေး
ဆရာမပြရင် ငပိတောင်ဖြောင့်အောင်မဖုတ်တတ်ဘူးတဲ့။ ကျွန်တော်လည်းငပိမဖုတ်တတ်သေးဘူး အခုနည်းနဲ့ ငပိဖုတ်လုပ်ကြည့်ရမယ်။
လုပ်စားကြည့်ပါဗျ ခတွင်းမြိန်စေရမယ်။
စားချင်စရာ။
လုပ်လိုက်တော့ မမျိုး
ဒါကလည်း စားချင်စဖွယ်
အရေးသားကလည်းကောင်း
ကျေးဇူးတင်ပါတယ်ဗျ။
ငါးပိဖုတ် ကြိုက်တယ်
အကြိုက်တူပေါ့
ဗိုက်တောင်ဆာလာပြီ ကိုမြင့်
တွယ်လိုက်တော့ ငါးပိဖုတ်နဲ့
အရမ်းကြိုက်ပေါ့ဗျာ
ထမင်းပူပူးလေးနဲ့စားလိုက်ရင် ရှယ်ပဲ