ကိုကို

in #myanmar6 years ago

"ဇာနည်… မင်းဟာလေ တစ်နေ့တစ်နေ့ အရက်တွေပဲသောက်နေ"

"ဟ…ကိုကို မင်းဟာလေ မင်းမသောက်တိုင်း… ဒီလောက်ကောင်းတဲ့အရက်ကို မင်းမို့မကြိုက်တယ်…ငါကတော့ကြိုက်တယ်… ငါကြိုက်လို့ငါသောက်တာကွ ကိုကိုရ… အေ့…မင်းပါလိုက်သောက်ပါလား"

"မင်းက မင်းတင်အရက် သမားအခေါခံရတာမဝလို့ ငါကိုပါ အရက်သမား အခေါခံစေချင်တာလား…မင်းကို ပတ်ဝန်းကျင်ကပြောသမျှ မင်းမကြားဘူးလား…မရှက်ဘူးလား…မင်းအစားငါရှက်တယ်ကွ"

"ဟာ…ကိုကိုရာ မင်းဟာလေ ပတ်ဝန်းကျင်ကို အရမ်းဂရုစိုက်တာပဲလားကွ…ပတ်ဝန်းကျင်ကလေ သူများကိုလက်ညိုးထိုးမယ်ဆို သူတို့ဆီမှာရှိတဲ့ လက်၁၀ချောင်းတောင် ထိုးမလောက်လို့ သူများဆီကတောင် ငှားပြီးထိုးမဲ့အမျိုးကွ…ပတ်ဝန်းကျင်က မင်းကောင်းတာလုပ်လဲ ပြောမယ်…မကောင်းတာလုပ်လဲပြောမယ်…သူ့တို့ဘာသာ ဘာပြောပြော ငါကတော့ လုပ်စရာရှိတာလုပ်မယ် သောက်စရာရှိတာသောက်မယ်…ဝေဖန်ကဲ့ရဲ့ခံရတိုင်းလဲ ညီကိုမဆူပါနဲ့ ပတ်ဝန်းကျင်က မြင်မြင်သမျှအတင်းချနေတာကို…အပြစ်ပြောတဲ့သူ ကိုယ်ချင်းမစာတတ်တဲ့သူမှန်သမျှ ရှိသမျှ လက်ညှိးအကုန်ထိုးမှာမို့ကျွန်တော်ကတော့ဂရုမစိုက်ဘူး"

ကိုကိုကတော့ သူ့ညီဇာနည်ကို ဘယ်လိုပြောဆိုဆုံးမပေမဲ့မရခဲ့ပေ။ဇာနည်ကတော့ သူ့ကိုတောင်ပြန်ဆုံးမနေပြန်ပြီ။ကိုကိုလက်လျှော့လေပြီ ဘာမှဆက်မပြောနိုင်တော့။အဖေနှင့်အမေဆုံးပြီးကတည်းက ညီကို၂ယောက်သာ အားကိုးရာ တိုင်ပင်ဖော်။ကိုကိုကအကြီး ဇာနည်ရဲ့စံပြဆိုတော့ ဘာမှမလုပ် သူကြိုက်သောကွမ်း သော်မှမစား ဇာနည်ကတော့ လုပ်ချင်တာအကုန် လုပ်သည်။

ကိုကိုမျက်လုံးမပွင့်သေးခင် အမွှေးတိုင်နံ့ နှာခေါင်းထဲတိုးဝင်လာသည်။မျက်လုံးကိုအတင်းဖွင့်ကာထကြည့်တော့ ဟော တွေ့ပြီကိုဇာနည် အထူးအဆန်းသူကဘုရားဝတ်ပြုနေလေရဲ့ သူဘုရားဝတ်ပြုတာထိုင်ကြည့်ရင်း တစ်ချက်တော့ပြုံးမိသည်။"ဟော…ကိုကို နိုးပြီးလား…ညီထမင်းပွဲပြင်ပြီးပြီ ကိုကိုရဲ့… မျက်နှာသစ် ပြီးရင်တစ်ခါတည်း ထမင်းစားကျတာပေါ့"

"ဇာနည်…မင်းဘာဖြစ်နေတာလဲ…အထူးအဆန်း"

"ဟာ…ကိုကိုရာ ကိုကိုအတွက် ထမင်းပွဲပြင်ပေးတာပဲ အထူးအဆန်းလုပ်လို့… ဟားးးမကြောက်ပါနဲ့ညီမသေသေးပါဘူး"

"ကိုကို အထူးအဆန်းတွေဆို ကြောက်လို့ပါကွာ"

"ကိုကိုရာ ညီကတော့ အခုသေလဲကျနပ်တယ်…ကိုယ်လုပ်ချင်တာ အကုန်လုပ်ပြီးသေရတာ ညီကတော့ကျေနပ်တယ်…ကိုယ့်ဘဝက ဘယ်နေ့Expireဖြစ်မလဲ မသိတော့ ကိုယ်လုပ်ချင်တာ ဖြစ်ချင်တာ အကုန်လုပ်ထားကြည့်တယ်…မလုပ်ဖူးတာတွေလဲ လုပ်ကြည့်တယ် dateလွန်သွားမှ ငါမလုပ်လိုက်ရဘူးဆိုပြီး နောင်တမရချင်လို့"

'အးပါကွာ ဇာနည်ရာ လာထမင်းစားကျမယ်"ညီကိုနှစ်ယောက် ထမင်း အတုစားဖြစ်သည်။ညီချက်ကျွေးသော ထမင်းနှင့်ဟင်းက ခါတိုင်း သူချက်သော ထမင်းဟင်းထက် အရသာပိုရှိနေသလိုပင်။

ညနေစောင်းသောအခါ ဇာနည်အရက်ဆိုင်သွားဖို့ ခြေလှမ်းပြင်လေပြီ။"ဇာနည်…မင်းဘယ်လဲ"

"ကိုကို ညီအရက်သွားသောက်မလို့"

"မသွားပါနဲ့လားညီ…ကိုကိုတစ်ယောက်ထဲ အိမ်မှာကျန်ခဲ့မှာ ပျင်းလို့"

"ဟားးးကိုကို ထူးထူးဆန်းဆန်း ခါတိုင်းလဲ ညီသွားရင် ကိုကိုတစ်ယောက်ထဲအိမ်မှာကျန်နေ
ကျပဲဟာ"

"ညီလေး မသွားပါနဲ့ကွာ အမှန်တော့လေ… ညက ကိုကို အိမ်မက်မကောင်းလို့ပါ"

"ဘာအိမ်မက်မကမို့်လို့လဲကိုကို"

"မင်းက အဝတ်အစားအသစ်တွေဝတ်ပြီး အမေတို့နောက်ကို ပျော်ရွှပြီး လိုက်သွားတယ်…ကိုကိုလှမ်းခေါတာတောင် မင်းကတစ်ချက်လှည့်မကြည့်ဘူး"

"ဟားးးကိုကိုရာ ကိုကိုမနေ့က ညီကိုဆူရင်းနဲ့ စိတ်ဆွဲတာနေမှာပါ"

"ဇာနည်ရယ် မသွားပါနဲ့ကွာ"

"ကိုကို…ညီသူငယ်ချင်းတွေနဲ့ ချိန်းပြီးပြီ ကိုကိုရဲ့"

"မင်းပြောလို့မရလဲသွားကွာ ငါပါလိုက်မယ်"

"ဘာ…ကိုကိုပါလိုက်မယ်ဟုတ်လား… ဟားးးးမကြားစဖူး တစ်ခေါက်လောက်ပြန်ပြောပါအုံး"

"ဟုတ်တယ်ကွာ…ငါပါလိုက်မယ်…ဟားးး"

ညီကို၂ယောက် တစ်ယောက်ဖခုံး တစ်ယောက်ဖက်ပြီး အရက်ဆိုင်သို့သွားလေပြီ။ကိုကိုစိတ်ထဲတွင်တော့ ညကအိမ်မက်ကို ထုတ်မရသေး။အရက်ဆိုင်အရောက်တွင် ဇာနည်သူငယ်ချင်းများက "ကိုကို မလိုက်စဖူးလိုက်လာပါလား…လာကိုကို သောက်"

ကိုကိုမှ မသောက်တော့ကြောင်း ဇာနည်အား စိတ်မချ၍လိုက်လာခြင်းဖြစ်ကြောင်း ပြောပြလေသည်။ညီကို စိတ်မချ၍လိုက်လာသော ကိုကို အဖြစ်အား ရယ်မောကြလေသည်။ထို့နောက် ကိုကိုအား အရက်အတူသောက်ရန်ခေါ်သည်။အစပိုင်းတွင် ကိုကိုငြင်းသည်။ဇာနည်ကပါ"ကိုကိုရာ သောက်စမ်းပါ အခုချိန် ကိုကိုသေသွားရင် အရက်ဆိုတာ ဘာမှန်းတောင်သိလိုက်မှာ မဟုတ်ဘူး…သောက်စမ်းပါ"ပြောလည်းပြော အရက်ခွက်အားလည်း ကိုကိုရှေ့တွင်ချပေးလိုက်သည်။

ကိုကိုအရက်ခွက်ကို ကောက်ကိုင်လိုက်ပြီး တစ်ငုံငုံလိုက်သည် "အားးးခါးလိုက်တာ ဒီလောက်ခါးတာမင်းတို့မို့အရသာခံသောက်နေကျတယ်"ဟုပြောလေသည်။ဇာနည်ကတော့"ကိုကိုသောက်ဖူးပြီမဟုတ်လား ရော့အမြည်းလေးပါစား"ဟုဆိုကာ အမြည်းပါခွံ့လိုက်သေးသည်။ကိုကို တစ်ခွက်မှနှစ်ခွက် နှစ်ခွက်မှသုံးခွက် စတင်မူးလာလေပြီ။ထို့ချိန်တွင် ဇာနည်တို့အုပ်စုနှင့် ရန်ဖြစ်ထားသောအဖွဲ့ဝင်လာလေသည်။ထိုအဖွဲ့သည် ဇာနည်တို့လအဖွဲ့အားတွေ့သောအခါ ဆိုင်တွင် မထိုင်တော့ပဲ ပြန်ထွက်သွားလေသည်။

ဇာနည်မမူးသေးခင် ကိုကိုအရင်မူးလေပြီ။ထို့ကြောင့် ဇာနည်မှ သူ့ သူငယ်ချင်းများအား နှုတ်ပြီး ညီကိုနှစ်ယောက်ပြန်ခဲ့ကြလေသည်။ကိုကိုနှင့်ဇာနည် တစ်ယောက်ပုခုံး တစ်ယောက်ဖက်ကာ သီချင်းဆိုရင်း ဒယီးဒယိုင်ဖြင့် အိမ်ပြန်ခဲ့ကျသည်။
လမ်းတစ်ဝက်အရောက်တွင်တော့ အရက်မသောက်ပဲပြန်သွားသော ဇာနည်ကို မကျေနပ်သောသူများက လမ်းပိတ်ထားလေပြီ။
"ဟိတ်ကောင် ဇာနည် မင်းကိုမကျေနပ်တာတွေဒီနေ့ရှင်းမလို့ စောင့်နေတာကွ"

"ဟိတ်ကောင်တွေ ငါဒီနေ့ရန်မဖြစ်ချင်သေးဘူး အေးဆေးသွားပါရစေကွာ"

သြော်…ဟုတ်သားပဲ သူအကိုပါလာတာကိုး ဟားးးသူအကိုပါ မသောက်စဘူး မူးနေပါလားဟ…ကောင်းပါပေ့ကွာ…ဟားးးချကွာ ညီအကို၂ယောက်စလုံးကို"စကားသံ အဆုံးတွင် လူများဝိုင်းလာသည်။ဇာနည်က ရန်ဖြစ်နေကျမို့ ပြသနာမရှိ ကိုကိုဒုက္ခရောက်လာပြီ။၂ယောက်နှင့်အများမို့ဇာနည်လဲမခုခံနိုင်။ တစ်ခါတွင် တစ်ဘက်မှ ဇာနည်ခေါင်းကိုအုတ်ခဲနှင့်အထု ကိုကိုမှ ဇာနည်းအား တွန်းလဲလိုက်ရာ ကိုကိုခေါင်းကိုထုမိလေသည်။ကိုကိုလဲကျသွားသည်။တစ်ဖက်မှရန်ဖြစ်သူများ
ထွက်ပြေးသွားကျသည်။ကိုကိုခေါင်းတွင် သွေးများစီးကျ နေသည်။

ဇာနည်အော်ပြီး အကူအညီတောင်းလေသည်။ရွာသားများရောက်လာလေပြီ။ဇာနည်သည် ကိုကိုအား ရင်ဘက်တွင်ပွေ့ထားသည်"ညီ…ကိုကိုအရက်သောက်တာ ဒီလောက်တောင်မူးသွားတာလား…ကိုကိုဘာမှမမြင်ရဘူး…ခေါင်းတွေလဲ မူးနေတာလား နာနေတာလား မသိတော့ဘူး…ကိုကိုအရမ်းအိပ်ချင်နေပြီညီ"
ဇာနည်ပါးတွင်မျက်ရည်တွေနှင့်"ဟင့်အင်း ကိုကိုမအိပ်ပါနဲ့…ကိုကိုမအိပ်ပါနဲ့…ကိုကိုမအိပ်ရဘူး…ကိုကိုမအိပ်ပါနဲ့နော်…ကိုကိုအိပ်ပျော်သွားလို့မဖြစ်ဘူး ကိုကိုလုံးဝမအိပ်ရဘူး"

"ညီ…ကိုကိုအခု ပြန်မြင်နေရပြီ ကိုကို့ကို မေမေနဲ့ အဖေကလာခဲ့တဲ့လှမ်းခေါနေပြီ…ကိုကိုသွားတော့မယ်"

"မဟုတ်ဘူး…ကိုကိုမသွားရဘူး…ညီကိုမထားခဲ့ပါနဲ့ကိုကို…ကိုကိုမရှိပဲညီမနေနိုင်ဘူး…ကိုကိုမအိပ်ပါနဲ့နော်"ခဏအကြာတွင် ကိုကိုမျက်လုံးများပိတ်ပြီး အိပ်ပျော်သွားလေသည်။
"ကိုကို…ကိုကို…ထပါကွာ ပြန်နိုးစမ်းပါ…ညီ ကိုကိုမသောက်စေချင်တဲ့ အရက်ကို တစ်သက်လုံး မသောက်တော့ပါဘူး ညီကတိပေးပါတယ်…ကိုကို နိုးပါတော့"
သို့သော် ကိုကို ထာဝရအိပ်စက်သွားလေပြီ ပြန်ပြီးနိုးမလာခဲ့။
Photo credit google
MSC-224
@myintlwinsoe

Sort:  

အိမ်း မူးကြည့်​ဦးမှပါ :-P

ကောင်းဘူး ကိုချစ် သောက်လက်စနဲ့ ကျွန်တော်ပဲ ဆက်သောက်လိုက်မယ်။

ညီအစ်ကို ဝတ္ထုဆိုပေမယ့် BL ဝတ္ထုလို့မှတ်ပြီး အစကနေအဆုံးထိဖတ်ယူသွားလိုက်တာ ဇာတ်သိမ်းခန်းမှ မျက်ရည်ဝဲမိတယ် 😥😥😥

အခုလိုလာရောက်ဖတ်ရှုပေးတဲ့ကတွက်ကျေးဇူးပါညီလေး

အရက်​ဆိုတာဘယ်​​နေရာမှ​ကောင်းကျိုးမ​ပေးပါဘူး။အ​ရေးအသားအရမ်း​ကောင်းပါတယ်​ရှင်​။

ကျေးဇူးပါမအိ

ကိုမြင့်လွင်စိုး ကောင်းပါတယ်အစ်ကို

ကောင်းတယ်ကိုမြင့်ရေ သင်ပေးပါဆိုတော့ မသင်ပေးဘူး 😏😏😏

ဟီးးးစိတ်ကြီးတောင်ဝင်သွားပြီ

အရမ်း​ကောင်းပါတယ်

အခေုလိုရောက်ဖတ်ရှုပေးတာ ကျးဇူးပါဗျ

သတိပေးသလိုပါပဲဗျာ

သတိလေးတစ်ချက်ရသွားတဲ့အတွက် ဝမ်းသာပါတယ်ဗျ

ြ ပိုပြီးတော်လာတယ် အားပေးနေပါတယ် စကားမစပ် တစ်ဝိုင်းလောက် 😅😅😅

အရက်သောက်တာ ဆိုးကျိုးပဲဖြစ်စေတာပါ။
အားပေးခဲ့ပါတယ် ရှင်

အခုလိုလာရောက်ဖတ်ရှုပေးတာကျေးဇူးပါညီမလေး

ဝမ်းနည်းစရာပါလား။ဇာတ်လမ်းလေးက ပညာပေးသဘောလည်း ဖြစ်တယ်။

အခုလိုလာရောက်ဖတ်ရှုပေးတာကျေးဇူးပါဗျ

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 65359.95
ETH 3492.90
USDT 1.00
SBD 2.51