ကျွန်တော် free သမား

in #myanmar8 years ago (edited)

ကျွန်တော် free သမား

image

Online use to make money ထူးထူးဆန်းဆန်းနဲ့ ဘယ်သူက share လိုက်တယ် မသိပါဘူး ပထမဆုံး ခေါင်းစဉ်ကို ဖတ်ရင်းနဲ့ စိတ်ဝင်စားသွားတယ် ။
( အွန်လိုင်းပေါ် ငွေရှာကြသူများ ) group
အွန်လိုင်းပေါ် ငွေ ဘယ်လိုရှာမလဲ ???? ဈေးရောင်းတာလား??? ဘာလဲပေါ့ အဲဒါနဲ့ 
တင်သမျှ ပိုစ့်တွေ လိုက်ဖတ်နေမိတယ် ။
ဘာတွေလဲ နားကိုမလည်ပါဘူး
ဘယ်သူက အလုပ်ခန့် တာလဲ???
ဘယ်လို လုပ်အားခ ရတာလဲ ???
ဘာတွေ လုပ်ရတာလဲ??? ဖတ်ရင်းဖတ်ရင်းနဲ့ ဘယ်ဆိုဒ်ကို ဘယ်လို Registerလုပ်ထားပြီး ကြော်ငြာဘယ်နှယ်ခုကြည့် တစ်ရက်ကို ဘယ်လောက် ရတယ် ဘယ်နှယ်$ရရင် ထုတ်လို့ ရပြီ ဟောဒီမှာ !!!တွေ့လား...ထုတ်ထားတာ အယ်မယ်.... ထုတ်ထားတဲ့ပုံတောင် ပြထားသေးတယ် ဒါနဲ့ ဘာတွေ ဘယ်လိုလုပ်ရတာလဲ လိုက်ဖတ်ရတော့တာပေါ့ တစ်ယောက်နဲ့ တစ်ယောက် မေးထားတာတွေ ဖြေထားတာတွေ တစ်ချို့က မျော်လင့်ချက် အိပ်မက်တွေနဲ့ တစ်ချို့က အခုမှ လက်သွေးခါစ ဘယ်ဆိုဒ်က ဘယ်လိုပေးတာ ဘယ်ဆိုဒ်က တစ်ရက်ဆိုရင် ဘယ်လောက်ရတယ်ပေါ့ ။
တော်တော်လည်း စိတ်ဝင်စားဖို့ ကောင်းပါတယ် ။ ကျွန်တော်ကစူးစမ်းရတာ ဝါသနာပါတော့ စူးစူးစမ်းစမ်း လိုက်ဖတ်ကြည့်တာပေါ့ ။အဲလိုကနေ
နေ့ စဉ်နေ့ တိုင်း facebookပေါ်မှာ
ကြုံတဲ့အခါ ဖတ်လိုက် မေ့သလို ဖြစ်သွားလိုက်နဲ့ လေ့လာနေခဲ့တာ ၃လလောက် ကြာတော့ ဘယ်ကစရမလဲ အစကို အရင်ရှာလိုက်တာ သူတို့  ပြောပြောနေနဲ့ ပိုက်ဆံ အိတ်ကို အရင်လုပ်ရမယ် ဆိုတာ သဘောပေါက်လာတယ် ။
image

Wallet
ကဲ စပြီ ပိုက်ဆံအိတ် ပိုက်ဆံအိတ်တွေက အများကြီးပဲဗျ coin အရေအတွက်ကိုက အများကြီးပဲ Coinတိုင်းမှာ wallet ရှိနေတာကိုး ဒါပေမဲ့ wallet ကိုကြည့်တော့ အသုံးများတာက Bitcoin wallet ရယ် perfectmoney wallet ရယ် ၂မျိုး တွေ့တယ် လူသုံးများတဲ့ ပိုက်ဆံအိတ်ကို အရင်ဖွင့်ရမယ် စဉ်းစားလိုက်တဲ့အခါ ပထမဆုံး အသုံးအများဆုံး စကားလုံးက BTC ။ ဟ... btc လည်း ဆိုသေးတယ်
bitcoin လည်း ပြောသေးတယ်
satoshi !! Coinbase ... mBTC ဟာ ... !!! ဒီပိုက်ဆံအိတ်က အမျိုးမျိုး ခေါ်ပြီး အမျိုး မျိုး သုံးနေကြပါလား !!! ။20.12.2017(ဒီကနေ့ ပဲ (Bitcoin Cash) ထပ်တိုးလာပါတယ် )
အဲကနေ ဆရာ့ ဆရာကြီးတွေရဲ့ အကောင့်တွေထဲ ဝင်မွှေတော့တာပဲ ပိုက်ဆံအိတ် လုပ်ပုံ လုပ်နည်းတွေ

စစချင် ဘယ်လို ဖွင့် ဘယ်အဆင့်က ဘယ်လိုပေါ့ ပုံတွေကြည့်ကြည့်ပြီး လုပ်လိုက်တာ ပထမ အဆင့် ပိုက်ဆံအိတ် တစ်ခုတော့ အောင်မြင်သွားခဲ့တယ် ။
coinbase account ထဲကနေ တော်တော်နဲ့ မထွက်နိုင်သေးဘူး သူတို့ ပြောတဲ့ wallet ဆိုတာကို လိုက်ရှာရသေးတယ် copy ကူး noteထဲ ထည့်မှတ်ပေါ့ အဲလိုကနေ btc wallet တစ်ခုကို ပိုင်ဆိုင်လာခဲ့တယ် ။
ဒါနဲ့ Perfectmoney wallet လည်း လုပ်လိုက်တယ်
ပြီးတာနဲ့ ကြော်ငြာဆိုဒ်တစ်ခုကို စမ်းလုပ်တော့တာပဲ ။ အားနေတဲ့အခါ လျောက်ကြည့်လိုက် ဟိုဆိုဒ်ဖွင့်လိုက် ဒီဆိုဒ်ဖွင့်လိုက် ဒီလိုနဲ့ ဒီလိုနဲ့ ပဲ ကြော်ငြာဆိုဒ်တော်တော်များကို လုပ်ဖြစ်ခဲ့တယ်။ ဆိုဒ်တွေကို လုပ်ရင်းနဲ့ သဘောသဘာဝတွေ တီးမိခေါက်မိလာတယ် ခေတ်စားနေတဲ့ HYIP ဆိုဒ်တွေ ရေပန်းစားတဲ့ ဆိုဒ်အသစ်တွေ New New ဆိုတာနဲ့ လုပ်ပြီးသားပဲ ဆိုဒ်ပေါင်း ၃၀ကျော်လာတော့ နည်းနည်း လူရည်နပ်လာတယ် ။
Ref ရှာတတ်ရင် Commission ရတယ်ဆိုတာ သဘောပေါက်လာတယ် ကိုယ်လည်းရှာ commission ကလည်းရဆိုတော့ လုပ်ရတာ အားရှိတာပေါ့ဗျာ ။

image
Deposit
depisit ဆိုတာက အရင်းအနှီး ရှိမှ အဆင်ပြေမှာဗျာ ကျွန်တော်လို free သမားအတွက်က သရေကျနေရုံလောက်ပါပဲ ။တစ်ချို့ဆိုဒ်က ဒီတိုင်း ထုတ်ခွင့်မပေးဘူး deposit ဘယ်လောက်တင်မှ ထုတ်ခွင့်ပြုတယ် ဆိုလာတော့ free တိုင်းကို မလုပ်ချင်တော့ပြန်ဘူး နေ့ စဉ် ပုံမှန်ဝင်နေတဲ့ HYIPဆိုဒ်တွေကို သဘောကျလာတယ် အစောဆုံး လုပ်ခဲ့တဲ့ ကြော်ငြာဆိုဒ်တွေလည်း မျော်လင့်ချက်က ဝေးတော့ တဝက်တပျက်နဲ့နားပစ်လိုက်တော့တယ်။
အဲ ကံကောင်းချင်တော့ HYIP ဆိုဒ်တစ်ခုကနေ btc စုစုပေါင်း 6$ထုတ်ခွင့်ရခဲ့တယ် fee က စုစုပေါင်း4$နှုတ်တယ် btc2$ရတယ်ပေါ့ ။အဲဒါက ပထမဆုံး ဈေးဦးပေါက်ရခြင်းပါပဲ ဟိုစုဒီစုနဲ့0.0008 ရခဲ့တယ် ထင်တာက 1.00 BTC ပြည့်မှ 1$လိုခဲ့တယ် အဝေးကြီးပဲလေ အဲတော့ အကြာကြီး လုပ်ရမဲ့ဆိုဒ်ဆို သိတ်မလုပ်ချင်တော့ဘူး အဲဒီ HYIPဆိုဒ်က စိတ်ဓါတ်ကို ပျက်ပြားစေတာပါပဲ အကောင့်ဖွင့်ပြီး ပစ်ထားရုံပဲလေ အချိန်တန်ရင် ဘယ်လောက်ရလဲ ဝင်ကြည့်လိုက် ပီတိတွေဖြစ်လိုက်နေခဲ့တာ။ ဆိုဒ်ပျက်တော့ အဲလို သက်သောင့်သက်သာ ရမဲ့ဆိုဒ်ပဲ ရှာနေမိတော့တာပေါ့ ။တစ်ရက်ပြီး တစ်ရက်
တစ်လပြီးတစ်လ ဒါနဲ့ပဲ လိမ်ဖယ်လိမ်ဖယ်နဲ့ btcတွေ ဈေးတက်တော့ Perfect Money နဲ့ လဲပစ်လိုက်တယ် HYIPတွေမှာ ရင်းချင်နေပြီလေ တစ်ချို့က တစ်ရက်ကို $ 50 ,$100ဝင်နေချိန်မှာ တစ်ရက်1$ရရင်ကို ကျေနပ်ရဦးမှာလေ ဆိုဒ်တွေရဲ့ အထာ မနပ်ခင်က( အခုလည်း မနပ်သေးပါဘူး )
အပြင်ကနေ ဝယ် deposit တွေတင် ကိုယ့်ငွေက ပေါ်မလာဘူး တစ်ရက်ပေးနိုး တစ်ရက်ပေးနိုး သံယောဇဉ်က မပျက်နိုင်ဘူး နားလည်တဲ့သူ မေးကြည့်မှ scam တဲ့ Scamဆိုတာ ဘာလဲ အော် scamဆိုတာ အလုပ် မလုပ်တော့တဲ့ ဆိုဒ်ပါလား !!

image
အွန်လိုင်းပေါ်မှာ ငွေရှာရတာဟာ
စိတ်ကူးယဉ် အိပ်မက်တွေ စွန်းစားခန်းတွေ ရင်ခုန်စရာတွေ မျော်လင့်ချက်တွေနဲ့ ပြည့်နက်နေပါတယ် ။
အွန်လိုင်းပေါ် ငွေရှာနည်း ကို သိကတည်းက ယခုအချိန်ထိ စစ်စစ်ပေါက်ပေါက် ပြန်တွက်လိုက်တာ စုထား ရှာထားသမျှလည်း ပြန်ကုန်သွားပါပြီ တစ်ခါတစ်လေကျ ငါးမျှားရသလိုပါပဲ ကိုယ်က ငါးဖြစ်လိုက် ငါးဖမ်းသမားဖြစ်လိုက်နဲ့ ပေါ့ ငါးဖြစ်တဲ့အချိန်မှာ scamဆိုတဲ့ ချိတ်ကောက်နဲ့ မတိုးဖို့  ဆုတောင်းရတယ် အဲ ငါးဖမ်းသမားဖြစ်ပြီိဆိုတော့လည်း
ငါးအကြီးကြီး မိဖို့  ဆုတောင်းရတာပါပဲ။
image
အခုတော့ ပြားစား မူးစားပဲ ကျန်တော့တယ် ။
ပြန်တွေးလိုက်တော့ သြော်
free ဆိုတဲ့ စကားလုံးအတိုင်း အရာအားလုံးဟာ အဟောသိကံ free ဖြစ်ကုန်တာပါပဲလား .....လို့  ။

ဒါပေမဲ့ ဘယ်လောက်လဲလဲ ပြန်ထပြီး ရှာဦးမယ်လေ Steemit ဆိုဒ်ကို လေ့လာတာကတော့ ရက်ပိုင်းပဲ ရှိပါသေးတယ် myanmar အပေါင်းအသင်းမိတ်ဆွေ တွေရဲ့ ကြိုဆိုမှု့ကို မျှော်လင့်လျှက် ....
မိတ်ဆွေများ အားလုံး Steem $တွေ
အများကြီး ပိုင်ဆိုင်နိုင်ကြပါစေ ဆုတောင်းရင်း
image
Credit: google image
@myintaungnaing

Sort:  

steemit ကိုသာသေချာလုပ်ကြည့်ပါ အရင်းမပါဘဲအဆင်ပြေတာ steemit တစ်ခုဘဲတွေ့ပါတယ်

စိတ်ဝင်စားဖို့ လည်း ကောင်းပါတယ် ခုမှ စလုပ်တာဆိုတော့ မသိသေးတာ အများကြီး ကျန်သေးတယ်

ကျွန်​​တော်​လည်း freeသမားပဲ။ ရင်းလိုက်​ကုန်​လိုက်​နဲ့ ခု​တော့Freeသမားဖြစ်​သွားပြီ။

ဟားးးး အွန်လိုင်းငွေရှာ ဘဝ အစကို သတိတရ ရေးလိုက်တာပါ ဘာပဲဖြစ်ဖြစ် ဘဝတူတွေ ပါပဲဗျာ

အားမငယ်ပါနဲ့ လေ အတွေ့အကြုံတွေ ပိုများလာတာပေါ့နော တစ်ချိန်ချိန်တော့ အသုံးဝင်လာမှာပါ

freeသမားဖြစ်တဲ့အတွက်ပိုပြီးအားစိုက်ထုတ်ရပါမယ်

ကြိုးစားပြီး ဆက်လျောက်နေမှာပါ ကျေးဇူးတင်ပါတယ်

Free သမား ကျုပ်​ လိုလူ အများကြီးဟ

ဟားးးး ဘဝတူတွေ တွေ့ရတာ ဝမ်းသာတယ်ဗျာ ရတာ မရတာထက် မျော်လင့်ချက်လေးရှိနေတာကိုက အားတက်စရာပါပဲ

အားလုံးကို ကျေးဇူးတင်ပါတယ်

ကျေးဇူးပဲ ခုလို အားပေးတဲ့ အတွက် Thankyou ပါဗျာ

ကျွန်​​တော်​ free သမား

ဟုတ်ပါတယ် ကျွန်တော် free သမားပါဗျာ
Credit #google photo
image

Steemit က​တော့တကယ်​freeရတာပါ

ကြိုးစားရင် အသီးအပွင့်တွေ နဲ့ စံစားရမှာပါလေ

Good Writing

အားပေးတဲ့အတွက် ကျေးဇူးပါနော် ဆက်ပြီး ကြိုးစားပါ့မယ်

fighting
အလုပ်မဖြစ်တာတွေ သိသွားတယ်ဆိုရင် တန်ပါတယ်ဗျာ

ဟုတ်ပါ့ စိတ်လှုပ်ရှာဖို့ တော့ တော်တော် ကောင်းတယ် ဗျ

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.083
BTC 60742.03
ETH 1557.33
USDT 1.00
SBD 0.47