တစ်သက်တာ အမှတ်တရ (၂)
ကျွန်တော်တို့ ကျောင်းကိုရောက်တော့ ကျောင်းတက်ရန် နာရီဝက်ခန့်လိုသေးသည်။ တိုင်ပင်ထားသည့်အတိုင်း မနက်ပိုင်း နှစ်ချိန်
တက်မည်။ မုန့်စားဆင်းချိန်တွင် ကျွန်တော်တို့ စ မည်ဖြစ်ပြီး တစ်နေကုန် ကျောင်းလစ်ကြမည်။ မြစ်ဆိပ်သို့ ရေသွားချိုးကြမည်။ ထိုသို့ ကျောင်းလစ်ကာ ရေသွားချိုးခြင်းမှာ ထိုစဉ်ကလေးဘဝအတွက် လွန်စွာကြီးမားသော စွန့်စားခန်းဖြစ်ခြင်းကို အထူးပြောရန် လိုမည်အထင်ချေ။ ပြည့်စုံကို မခေါ်ချင်သည်မှာ ဒီကောင်က အစုံလုပ်သောကြောင့်ဖြစ်သည်။ ကျောင်းသားကြီးတွေနှင့်ပေါင်းကာ ဆေးလိပ်လည်း
သောက်တတ်သည်။ ကွမ်းလည်းစားတတ်နေပြီ။ နောက်ပြီး အသံအော်ကျယ်အော်ကျယ်
ဖြင့် အာချောင်တတ်သဖြင့် အားလုံးသိကုန်မည်စိုးသောကြောင့်ဖြစ်သည်။
အနက်ပိုင်း ပထမဆုံးအချိန် အတန်းပိုင်မြန်မာဆရာမ၏အချိန်ဖြစ်သည်။ ဆရာမမှ စာသင်အပြီး မြစ်ရေတိုးနေချိန်ဖြစ်၍ ကျောင်းသားများရေးသွားမဆော့ရန် သတိပေးစကားပြောသည်။ တစ်တန်းလုံးကို ပြောခြင်းဖြစ်သော်လည်း လိပ်ပြာမလုံသော ကျွန်တော်တို့တတွေမှာ အနေရခက်ရသေး၏။ နောက်တစ်ချိန်မှာ သင်္ချာချိန်ဖြစ်ပြီး ဆရာမ ရောက်မလာသေးခင် ကျွန်တော်နဲ့ ငြိမ်းသူထိုင်နေရာသို့ ငကောင်းရောက်လာပြီး ပြည့်စုံရော လိုက်မည်ဖြစ်ကြောင်းလာပြောသည်။ ကျွန်တော် စိတ်ပျက်သွားမိသည်။ ပြည့်စုံကို မခေါ်ချင်။ သူပါလာလျှင် အားလုံး ဒုက္ခရောက်တော့မည်။
ကွန်တော်တို့ စကားပြောနေစဉ် ပြည့်စုံရောက်လာပြီး " ဟေ့ကောင်တွေ ငါရောလိုက်မှာနော် .. ငါမပါရင် မင်းတို့လည်း မသွားရဘူး၊ ခိုးသွားလို့ကတော့ မင်းတို့ အိမ်တွေပါ ငါလာပြောမှာ .." ဟု ညစ်ကျယ်ကျယ်ပြောသည်။ ကျွန်တော် ပြည့်စုံကို အမြင်ကပ်စွာကြည့်လိုက်ပြီး " အေး .. မင်းပါရင် မသွားဘူးကွာ "
ဆိုတော့ ပြည့်စုံက " နေလေ .. မသွားနဲ့ပေါ့ မင်းတို့ကောင်တွေ နောက်ရက်မှ သွားလည်း ငါမပါလို့ကတော့ အကုန်တိုင်ပြောမှာ "
ကျွန်တော်တို့ အခြေအနေက အနည်းငယ် တင်းမာစပြုလာလေပြီ .. ထိုစဉ် ငကောင်းက " ဟေ့ရောင် ပြည့်စုံ မင်းလိုက်မှာဆိုရင် အော်ကျယ်အော်ကျယ်မလုပ်နဲ့ .. နောက်ပြီး ပြန်လာရင်လည်း နှုတ်လုံပလေ့စေ.. ဘယ်လိုလဲ မင်းကတိပေးလား ..." ပြည့်စုံက လွယ်လွယ်ပင် " အေးပါ .. ကတိကွာ ကတိ .."
ငြိမ်းသူကပါ " ဟေ့ရောင်ပြည့်စုံ မင်း
ယောက်ျားကတိနော်ဟေ့ရောင် .." ဟုဆိုတော့ " အေးပါကွာ .. ငါ သေချာကတိပေးပါတယ်ကွာ ..စိတ်ချပါ " ဟု ဆိုကာ မကျေနပ်သော်လည်း ကျွန်တော်တို့ သဘောတူညီမှု ရခဲ့၏.. ပြည့်စုံက စပ်ဖြဲဖြဲဖြင့် " ဟဲ ..ဟဲ .. ဆရာကြီးမပါရင် မင်းတို့ လေးတွေ ဒုက္ခရောက်မှာ စိုးလို့ပါကွာ .." အနိုင်ရသော အောင်မြင်သူ တစ်ယောက်လေသံဖြင့် ခပ်ထေ့ထေ့
ပြောလိုက်သေးသည် .....
ထိုစဉ် သင်္ချာဆရာမရောက်လာ၍ ကျွန်တော်တို့ စကားပြတ်သွားသည်။ ဆရာမ ရှေ့က သင်နေသည်များကို အာရုံသေချာစိုက်မရချေ။
တစ်ခါမှ ကျောင်းမပြေးဘူး သူများမို့ အရမ်းစိတ်လှုပ်ရှားနေကြ၏ ။ ထို့ပြင် ကျောင်းလစ်ကာ ဆရာ ဆရာမများ မိဘများ ခဏခဏတားနေသည့် ရေသွားချိုးကြမည့် ကိစ္စဖြစ်နေသည်မို့ ပို၍ ရင်ခုန်ကြရခြင်းဖြစ်ပေသည်။

Photo Credit - Pixabay Image
Written by @myanmarpyithar
MSC 103



ငယ်ငယ်တုန်းကကျောင်းပြေးရတာအရသာတမျိုးနော်။
ဟုတ်တယ် မအိရေ .. ဘဝရဲ့ ပထမဆုံးသော စိတ်လှုပ်ရှားဖွယ် စွန့်စားခန်းကြီးပေါ့ဗျာ ..
Haha ကျောင်းပြေးတာပေါ်ပီနော် မအိ
Followed u.
Thank you.
You got a 50% upvote from @aungzawhtwe courtesy of
@myanmarpyithar ! its cool fee free .
ကျေးဇူးပါ ကိုထွေးခင်ဗျ ..
အားလုံး ဒုတ်ကောက်ခဲ့ကျ
ဟီး လုပ်ပါနဲ့ဂျ .. သားတို့က သွားကိုမသွားရသေးဘူးရယ် .. ခုမှ တိုင်ပင်တုန်းကို ..
ကျောင်းသား ဘဝ ရဲ့အမှတ်တရ များက မမေ့နိုင်စရာပါ
ဟုတ်ပ အစ်မရေ .. ဘဝရဲ့ သတိရဆုံး အပိုင်းကို ပြပါဆိုရင် ကျောင်းသားဘဝပဲ ရှိတာဗျာ ..
သွားကြလေ ခလုတ်ထိတော့မှ အမေလေး အဘလေး တတော့မှာ သိနေတယ်
ဟီး .. အရှင်ဘုရားလိုက်ချင်နေတာလားဘုရား .. မခေါ်လို့ စိတ်ဆိုးနေတာလား ဘုရား .. 😀
ကျောင်းစပြေးဖူးတာ ပထမနှစ်ရောက်မှ 😁😁😁
ကိုယ်ဒွေက အသစ်အဆန်းများနဲ့ ချစ်တမ်းကစားတတ်တဲ့ ရှစ်တန်းကတည်းက အလစ်ကြမ်းပြီလေ ..
ကျောင်းပြေတဲ့အကျင့်မရှိတဲ့သူ
ကျောင်းပြေးရင် သိသာတယ်ဗျ
ပထမဆုံးခြေလှမ်းက အခက်ဆုံး ဆိုသလိုပဲ ကိုကြီးရေ .. နောက်များကျ ကြောက်တော့ဘူးရယ် ..ဟီး .. 😀😀
သားအရနည်းနေလို့ အရင် post တွေပါ လိုက်ပေးခဲ့ပါတယ်ဗျာ။
ကျောင်းပြေးပြီး ရေကူးကြတော့မယ်
လိုက်အုံးမလား ကိုအောင်ကြီးရေ .. လိုက်မယ်ဆို ဘောင်းဘီလေး အပိုယူခဲ့ပါ လို့ ....😂