စိတ်​​စေရာ (၁)

in #myanmar8 years ago (edited)

image
ကိုမြ​ဖေ .....

ရွာမှာနာမည်​ကြီး ......
ဘာကိုနာမည်​ကြီးလဲသိလား ...
သ​စေ၊ သရဲ လုံးဝမ​ကြောက်​တတ်​တာ ....
ညသန်း​ခေါင်​ချိန်
လောင်း​ကြေးစား​ကြေး သင်္ချိုင်းသွားသည်​ ...
အုတ်​ဂူ​ပေါ် မီး​သွေးနဲ့စာ​ရေးခဲ့​သေးသည်​ ...
သရဲ​ခြောက်​ပါတယ်​လို့ နာမည်​ကြီးတဲ့​နေရာ​တွေ အ​လောင်းအစားဖြင့်
သွားသည်​ .. အိပ်​သည်​ ...
နဲနဲမှအကြာက်​အလန့်​မရှိ ...
လောင်းတိုင်းလည်းအနိုင်​ရခဲ့သူ ...
အဲ့လိုနာမည်​ကြီးတာ .....
လူပုံက မိုက်​တိမိုက်​ကန်း .... မှုံကုပ်​ကုပ်​ ..
ကွမ်းချိုး​တွေ အထပ်​ထပ်​ကပ်​​နေ​သော သူ့သွား​တွေနဲ့
နင်​လာငါလား ယှဉ်​ပြိုင်​​နိုင်​​လောက်​​တဲ့
အသားအရည်​ကို ပိုင်​ဆိုင်​သူ ....
အသား​ရောင်​နဲ့​ရော​နေ၍ အမျိုးအမည်​ခွဲခြားရခက်​​သော ဆေးမှင်​​ကြောင်​များ​ပေါ်​အောင်
အမြဲအင်္ကျီ မဝတ်​ဘဲ
နီကြင်​ကြင်​ဆံပင်​ကို ​တွေ့ရာကြိုးနှင့်​​ 
နောက်​မှာစုစည်းထားပုံက သူ့နဂိုရုပ်​ကို
အ​ရောင်​တင်​​ပေး​နေသလို .......

ရွှေအ ......
သူလည်း​ခေသူမဟုတ်​ ....
ရွာမှာနာမည်​တလုံးနဲ့​နေတဲ့သူ ....
နာမည်​ရင်းက​ကျော်​စိုး ...
ဘယ်​သူမှနာမည်​ရင်းကိုမ​ခေါ် ...
တချို့ဆို သူ့နာမည်​ရင်းပင်​မသိကြ​....
သူစကား​ပြောရင်​ အ ထစ်​ အ ထစ်​ နဲ့ ...
နောက်​ပြီးစကားတစ်​လုံး​ပြောဖို့
တော်​​တော်​အရှိန်​ယူရသူ ....
အဲ့ဒါ​ကြောင့်​လဲ သူ့နာမည်​ရင်း​ပျောက်​ပြီး
ရွှေအ ရယ်​လို့ အမည်​တွင်​သူ .....
ခေါ​နေ​သော ​ရှေ့သွားနှစ်​​ချောင်းနဲ့
က​လေး​တွေကို ယုန်​ပုံစံလုပ်​ပြပြီး
လိုက်​လိုက်​​​ ​ပြောင်​ပြ စတတ်​​သေးသည်​ ...
စိတ်​ရင်း​လေး​တော့​ကောင်းရှာသည်​ ...
ခက်​တာက ကျပ်​ က အပြည့်​တပြည့်​ရယ်​ ...
ခုချိန်​ထိ ကြီး​ကောင်​ကြီးမားနဲ့
ကလေး​တွေနဲ့ အတူ​ဆော့​နေတတ်​သူ ....
ရှုံးတဲ့ခါဆို ငိုမဲ့ငိုမဲ့နဲ့ .....

ရဲ​ဆွေ......
ရွာရဲ့ဒိတ်​ဒိတ်​ကြဲထဲကတစ်​​ယောက်​ ...
မွေကတည်းက ဟိုးဟိုး​ကျော်​ ...
သူ့အ​ဖေက တစ်​ဖက်​ရွာကို
ိုကြက်​တိုက်​သွားတုန်း
သူ့အ​မေ ကိုယ်​ဝန်​ကြီးမ​ပေါ့မပါးနဲ့
ထမင်းချက်​ဖို့ ​ရေဆွဲရင်း ​မွေးခဲ့တဲ့သူ ...
ဗုဒ္ဓဟူးသား​လေးဖြစ်​တဲ့သူ့ကို ​ရဲ​ဆွေ ဆိုပြီး
နေ့သင့်​ နံသင့်​ ကင်​ပွန်းတက်​ခြင်းခံရသူ ..
မျက်​စိ​လေး တစ်​ဖက်​​​စွေ​နေတဲ့သူ့ကို တစ်​ရွာလုံးဝိုင်း​ခေါ်ကြတာက ' င​စွေ 'လို့ ​ခေါ်သလား
' ငဆွေ ' ဟု ​ခေါ်သလား မသဲကွဲ​တော့ ...
သူ့ဆို ​ဝေး​ဝေး​ရှောင်​ကြသည်​ ...
သူကလည်း ဇ ​လေးနဲ့ ....
လူကသာ ​စွေ​စောင်း​စောင်းရယ်​ ..
တွေ့တဲ့သူတိုင်းကို
အတည်​​ပေါက်​နဲ့​ ဒဲ့​နောက်​တဲ့သူ ...
သူ စ လိုက်​ ​နောက်​လိုက်​ လို့
ပြသနာတက်​သွားတဲ့လူ​တွေ
ရွာမှာ ဒု နဲ့ ​ဒေး ...
လူဟန်​ကနွဲ့နွဲ့​နှောင်း​နှောင်းနဲ့
မထင်​ရ​အောင်​ ​ခြေမြန်​သူ ....
လက်​မြန်​တာ မဟုတ်​ဘူးဗျ ..
တစ်​ခုခုဆို ​ရှေ့က အရင်​​ပြေးတဲ့ ​ခြေမြန်​သူ ..

တစ်​ရက်​ .....
ရွာလယ်​က အရီး​လေး ​ဒွေးလှ သူ့​မြေး​လေးဖိုး​ဆောင်​ကို သာသနာ့​ဘောင်​သွတ်​သွင်းတဲ့ရှင်​ပြုပွဲလုပ်​တယ်​ဗျ ...
အရီး​လေးတို့က ရွာမှာ​တော့
လူချမ်းသာစာရင်းဝင်​တယ်​ ...
အားလုံးပြည့်​စုံ​အောင်​ လို​လေ​သေးမရှိ​အောင်
ပြင်​ဆင်​ထားတာလွန်​​ရော .....
စိတ်​မ​ကောင်းစရာက ​မောင်​ရှင်​​လောင်း
ဖိုး​ဆောင်​​လေးရဲ့ မိဘနှစ်​ပါးလုံးက
မရှိရှာကြ​တော့ဘူး ...
မနှစ်​က မိုးတွင်းကြီး
သူတို့အခင်းဖက်​အသွား
မိုး​တွေသည်းကြီးမည်းကြီးရွာ​တော့
ကက္ကိုပင်​​အောက်​မှာ မိုးခိုတုန်း ကိုင်းကျိုးကျပြီး
လင်​မယားနှစ်​​ယောက်​လုံး
ပွဲချင်းပြီး​သေ​ခဲ့ရတာ ....
သွားကြည့်​တဲ့သူ​တွေ​ပြောတာ​တော့
ရုပ်​ပျက်​ဆင်းပျက်
မြင်​ရက်​စရာကို မရှိဘူးတဲ့ ....
image
ဟုတ်​မဟုတ်​​တော့ မသိဘူးဗျ ...
သတင်းသဲ့သဲ့ကြားတာ​တော့
အစိမ်း​သေ​သေလို့ မကျွတ်​ဖူးဆိုလား ...
သူတို့သား​လေးကိုရှင်​မပြုရ​သေးလို့ ရှင်​ပြု ပြီး
သူတို့ကို အမျှ​ဝေဖို့ အရီး​လေး​ဒွေးလှကို ခဏခဏ အိပ်​မက်​​ပေးတယ်​ဆိုပဲ ....
ဟုတ်​​သော်​ရှိ မဟုတ်​​သော်​ရှိ
အရီး​လေးက​တော့ ​သေသွားတဲ့
သား​ရော​ ​ချွေးမ​ရော 
ကောင်းရာမွန်​ရာလည်း​ရောက်​​စေချင်​ ..
မိဘမဲ့​နေရှာတဲ့ ​မြေး​လေးကိုလည်း
ကိုယ်​တိုင်​ အသနားပို​တာ​ကြောင့်​​ရော
နောက်​ပြီး ဖိုး​ဆောင်း​လေးကလည်း 
ခြောက်​နှစ်​​ကျော်​ ဆို​တော့
သင်္ကန်းလည်းနိုင်​ပြီဆိုပြီး
ဒီပွင့်​လင်းရာသီမှာ လှူနိုင်​​အောင်​ အ​စောကြီးထဲကပြင်​ဆင်​အားခဲထားခဲ့တာဗျို့ .....

(အပိုင်း ၂ ကို ဆက်​လက်​အား​ပေးကြပါအုံးဗျ)
image
Photp Credit - Google Image
Written by @myanmarpyithar
MSC - 103

Sort:  

ကောင်းတယ်ဟေ့

ကျေးဇူးအစ်​ကို​ရေ

လန့်​ထှာဟယ်​၊ သရဲပုံဂျီး 😂

ဟီး လန့်​မှ လန့်​ပါ့မလားလို့
😀😀😀

အာ့မလေး ကြောက်ဆြာ

ဘူးထွားထွား ဟားဟားဟား 👿👿

သရဲဝတ္တု တွေ ဖတ်ရတာကြောက်တယ်နော်

မ​ကြောက်​ပါနဲ့ဗျ သနားစရာ​လေးပါ

အပိုင်း၂ ​​မျှော်​​နေမယ်​Bro

ဟုတ်
လာမယ်​ bro ​ရေ

ပုံတွေကဗကြာက်စရာကြီး

ဒါ​တောင်​ ကိုယ့်​ပုံမတင်​ရ​သေးဘူးဗျ😀😀😀😀

အပိုင်းနှစ်ကိုဆက်လက်အားပေးပါမည်bro။

ကျေးဇူးပါဗျ ​ရေး​နေပါပြီ bro ​ရေ

အား​ပေး​နေတယ်​ဗျာ

ကျေးဇူးပါဗျ
ကြိုးစား​ရေးထားပါတယ်​ဗျ

မိုက်တာကွာ ရေးတက်တာ ဆရာက ဆရာပါ

ဟုတ်​ရပါဘူးဗျာ
ဆရာကမှဆရာပါ ဆရာရယ်

ဇာတ်ကောင်တွေကတော့ အလန်းတွေပဲ...
part2 မျှော်နေပါတယ်။

ဟုတ်
ကြိုးစား​နေပါတယ်​အစ်​ကို

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.096
BTC 62060.69
ETH 1734.56
USDT 1.00
SBD 0.39