ကျွန်​​တော်​ နဲ့ တလွဲများ ( ၁ )

in #myanmar7 years ago

တနေ့က အေးအေးဆေးဆေးအားနေတာနဲ့ ကျွန်တော့်မဟေသီငှါးလာတဲ့ မြန်မာဇာတ်ကားလေး (ဟာသကားလို့ပြောတာပဲ) ညစာစားပြီးထိုင်ကြည့်မိကြတယ် .......
အဲ့မှာ အလည်လာတဲ့ ကျွန်တော့်အမေရယ် ကျွန်တော့်မိန်းမရယ်၊ နောက်ပြီး မိန်းမညီမ
ခယ်မလေးရယ်၊ ကျွန်တော့်သမီးရယ်
ကျွန်တော်ရယ်...
ဟာသကားဆိုတော့ ရီရတော့မယ်ပေါ့
ဆိုပြီး......
ဇာတ်ကားက စကတည်းကပါစင်အောင်လွဲပြ
တော့သည်...
ရီစရာမကောင်းတဲ့ ဟာသတွေကို အတင်းကလိထိုးတယ် ... လုံးဝမရီရ.....
တလွဲတွေကို တမင်မလွဲ လွဲအောင်
လုပ်ပြတယ် ပြောတယ်..... လုံးဝမရီရ.....
ဒါနဲ့ပဲ ဇာတ်ကားတစ်ဝက်ရောက်ရော လုံးဝမရီရ....ပြုံးစရာပင်မပါ​ ​ရေးချ မပါ........
အဲ့လိုနဲ့ သရုပ်ဆောင်တစ်ယောက်က
ပြောတယ်​..
''ခယ်မဆိုတာလိုက်ပွဲ''..တဲ့...
ဟာ ........ သွားပြီ ...
ကျွန်တော့်မျက်နှာကြီး ထွန်းရွှေဝါ​တွေတစ်​ဗူးလုံးလိမ်းမိသလိုပဲ...
ပူထူသွားသည်...
ပြီးမှ ပြောလိုက်တဲ့သူက သူပြောတာ
အဓိပ္ပါယ်တစ်မျိုးဆိုပြီး ပြန်ဖြည်တယ်...
မရတော့.. သူဘယ်လို ပြန်ပြောပြော ရှက်တဲ့စိတ်ကမပျောက်...သူ့ရဲ့စကားတခွန်း
ကြောင့် ကိုယ့်ကိုများ
အဲ့လိုထင်သွားကြရင် ....
ဆက်မတွေးရဲ..
image
ဒါနဲ့ မယောင်မလည်နဲ့ အပြင်ထွက်ခဲ့မိတယ်.. မျက်နှာကတော့ ရှိန်ရှိန် ရှိန်ရှိန်ပဲ......
အဲ ..... သွားရင်းထပ်ကြားမိတာက .....
မွေးသမိခင် အမေထက် မိန်းမက ပိုပြီး​တော့
ကျေးဇူးကြီးကြောင်း...
အမေက (၂)နှစ် (၃) နှစ် သားလောက်ထိသာနို့ချိုတိုက်ကျွေးကြောင်း...
မိန်းမကတော့ ........................
အလို​လေး ​လေး ....
အ​မေနဲ့ မိန်းမမျက်နှာဘယ်လို ကြည့်ရမှန်း
မသိတော့......

နောက်​ပြီး အချို့ခန်း​တွေမှာ ​ပြောတဲ့စကား
တွေက ​အောက်​ပိုင်းကကို မတက်​​တော့ဘူး

အောက်​ပိုင်းကလွတ်​​တော့ ဘယ်​​ရောက်​သွား
လည်းဆို​တော့ ခြင်​​ထောင်​ထဲက စကား​ပြောခန်းမျိုး​တွေနဲ့ .......
image
ဟူး.....အရမ်းစိတ်ပျက်မိပါတယ်......
ကျွန်​​တော်​တို့သည်​ ရုပ်​ရှင်​နည်းပညာ​တွေ
စက်​ပစ္စည်းအ​ကြောင်း​တွေ ဘာဆို ဘာမှ မသိ​သော သာမန်​ ရုပ်​ရှင်​ကြည့်​သူ​တွေပါ ..
သို့​သော်​ ဒီလိုအခန်း​တွေသာဖြင့်​ မသင့်​​တော်​ ဘူး ဆိုတာ​လောက်​​တော့ သိကြပါတယ်​ ..

ပြောချင်တာက ကြည့်နေတဲ့ပရိတ်သတ်ထဲမှာ အမေ၊ နှမ၊ အစ်မ တွေနဲ့
အတူကြည့်သူတွေပါတယ်
အစ်​ကို၊ အ​ဖေ၊ သူငယ်​ချင်း​တွေနဲ့ ကြည့်​တဲ့သူ​တွေပါမယ်​ ....
နောက်ပြီး ကလေးငယ်တွေပါတယ်....
ဒီလိုဇာတ်​ကားမျိုးဟာ
ကလေးငယ်တွေအတွက်
အဆိပ်ပါပဲ ........

အဲ့ဒီ သရုပ်ဆောင်များ ....
အဲ့ဒီ ဒါရိုက်တာများ ....
ကိုယ့်ကလေးတွေ ကိုယ့်မိဘတွေ ကိုယ့်ညီမ ကိုယ့်အစ်မ ကိုယ့်ဆရာသမားတွေနဲ့ အတူ
ဒီလိုတွေ ပြောတဲ့အခန်းတွေကို
ဘယ်လိုမျက်နှာနဲ့ ထိုင်ကြည့်နိုင်တုန်း
ဆိုတာ ကိုသာ ဘေးကနေ
ထိုင်ကြည့်နေလိုက်ချင်မိပါတော့တယ်....

Photo credit . Original Uploader
Written by @myanmarpyithar
MSC 103

Sort:  

vote ment တွေအရမ်းနည်းနေတယ် သူများပိုစ့်တွေကိုလည်း vote ment လုပ်ပေးပါ ဒါမှအပြန်အလှန်လာမှာပေါ့

ဟုတ်​ အစ်​ကို

ဆက်ပြီးကြိုးစားသွားပါဗျာ(သူရ)

ဟုတ်​ကဲ့ပါဗျ ​ကြိုးစားပါ့မယ်

မြန်မာဆို အငြိမ့်ပဲကြည့်တယ်

အငြိမ့်​​တောင်​ အချို့က ခါး​အောက်​​တွေပါ​သေးတယ်​ ဟီး

အဲ့ဒါကြောင့် မြန်မာပေါကားလို့ အပြောခံရတာပဲဗျ

ဟုတ်​ပါ့ဗျာ

မြန်မာပေါကားများ😂😂😂

ဟီး ​ပေါတာထက်​ကို ဆိုးတယ်

ကျေးဇူးပါဗျ

ကြည့်​ကိုမကြည့်​တာ

ကောင်းတယ်​ ​အေး​ရော

အားပေးလျက်ပါဗျာ

ကျေးဇူးဗျ

ညစ်ညမ်းဟာသကားတွေပါ။။

ဟုတ်​တယ်​ Bro ​ရေ

Coin Marketplace

STEEM 0.19
TRX 0.17
JST 0.033
BTC 63989.15
ETH 2749.61
USDT 1.00
SBD 2.66