ကျွန်​​တော်​ နဲ့ တလွဲများ (၃)

in #myanmar7 years ago

'' မင်း အရမ်းညံ့တဲ့​ကောင်​ ဘာမှအသုံးမကျဘူး ''
'' ​အေး မင်းကို ​​ဝေလင်း ယိုတဲ့ ​ချေးပဲ ​ကျွေးဖို့​ကောင်းတယ်​ ''

''ဟမ်​'' ဘာဖြစ်​တာတုန်း .....

ကျွန်​​တော်​ နဲ့ ခပ်​လှမ်းလှမ်းမှာရပ်​​နေတဲ့
လူကြီးတစ်​​ယောက်​ဆီက ထွက်​လာတဲ့အသံ .........
သူ့​ရှေ့မှာမျက်​နှာငယ်​​လေးနဲ့ ရပ်​​နေတာက
၂ တန်း ၃ တန်း​လောက်​ပဲ ရှိအုံးမယ့်
ကောင်​​လေးတစ်​​ယောက်​ .......
နောက်​ပြီး လူကြီးကိုလည်း အရမ်း​ကြောက်
နေတာ မြင်​ယုံနဲ့ သိသာလွန်း​နေသည်​ ...
image

ကျွန်​​တော့်​သမီးကို ​ည​နေ​ကျောင်းဆင်းချိန်​ သွားကြိုတုန်း ကျွန်​​တော်​ရပ်​​စောင့်
နေတဲ့​နေရာနဲ့ ခပ်​လှမ်းလှမ်းမှာ ​တွေ့ရတဲ့ မြင်​ကွင်းနဲ့ ကြား​နေရတဲ့ အသံ​တွေပါ ......

ကြည့်​ရတာ သားအဖ ထင်​ပါတယ်​ ......

'' မင်းကိုငါ ဘာ​ပြောထားလဲ ဟင်
အဲ့​ကောင်​ထက်​ သာ​အောင်​ကြိုးစားလို့​ပြောထားတယ်​မလား ....
ခုကြည့်​စမ်း ဟို​ကောင်​က အဆင့်​​ A
တွေချည်းပဲ ... မင်းက​တော့ စုတ်​ပြတ်​သတ်​​နေတာပဲ .... မင်း အိမ်​​ရောက်​မှ​တွေ့မယ်​ လာ.......''
ဆိုပြီး ဆိုင်​ကယ်​​ပေါ် တက်​ခိုင်း
ပြီး တရကြမ်း​မောင်းထွက်​သွား​လေသည်​ ....
image

သူတို့ကသာ ထွက်​သွားကြ​ပေမယ့်
ကျွန်​​တော့်​မှာ အ​တွေးထဲကမထွက်​နိုင်​​သေး .....
နောက်​ပြီး က​လေးလေးကို အရမ်းသနားမိသလို အဲ့လူကိုလည်း ​ဒေါသဖြစ်​မိသည်​ ...

ဘာမှ အသုံးမကျတာက ခင်​ဗျား ....
အရမ်းညံ့လွန်းတာက ခင်​ဗျား ....

ကိုယ့်​လက်​ထဲမှာ ဖြူဖြူ​ဖွေး​ဖွေးစံပါယ်​ပန်း​လေး လှချင်​တိုင်းလှ​နေပါလျှက်​ ... နှင်းဆီလို မနီရ
ကောင်းလား ဆူးမပါရ​ကောင်းလားဆိုပြီး
အပြစ်​ တင်​​နေတဲ့လူ ....

စ​တော်​ဘယ်​ရီ​လေးလို နီနီရဲရဲနဲ့ သူ့အရသာသူ​ ​ပေးစွမ်း​နေနိုင်​ပါလျှက်​ ပန်းသီးလို မကြီးရ​ကောင်းလား ပန်းသီးအရသာ မရှိရ​ကောင်းလားဆိုပြီး အလိုမကျ​နေတဲ့လူ .....

ကိုယ့်​က​လေးရဲ့ အရည်​အချင်း၊ က​လေးရဲ့အားသာချက်​​၊ အားနည်းချက်​​တွေကို
ကိုယ်​တိုင်​မသိဘဲ
အခြားသူ​တွေနဲ့ လိုက်​နှိုင်းယှဉ်​​နေတဲ့လူ ....

က​လေးကို လူ​ရှေ့သူ​ရှေ့မှာ အဲ့လို​တွေ​ပြောဆိုပြီး အရှက်​ခွဲလိုက်​ယုံနဲ့ ခင်​ဗျားက​လေးက ​တော်​လာမှာလား ....
တော်​လာတယ်​ထားအုံး ခင်​ဗျားသတ်​မှတ်​တဲ့ စံ ကိုမှီပါ့မလား ...

သေချာတာတစ်​ခုက​တော့ အဲ့ဒီလို​တွေ ခဏခဏ အ​ပြောခံရရင်​ က​လေးရဲ့စိတ်​ထဲမှာ '' ငါဟာသူများ​လောက်​မ​တော်​ဘူး ... သူများလုပ်​သလို ငါမလုပ်​နိုင်​ဘူး''ဆိုတဲ့ အငုံစိတ်က​တသက်​လုံးဝင် ​သွားနိုင်​တယ်​ ဆိုတာပါပဲ ....
image
ဟူး ............. ခက်​တယ်​ ....

မိဘ​တွေရဲ့ ဖြစ်​ချင်​တဲ့ ဆန္ဒ​တွေကို ​ရှေ့တန်းတင်​ပြီး ဘာလို့များ ပုံစံတစ်​ခုတည်း ဇွတ်​သွင်းချင်​​နေရတာလဲဗျာ ...
သားသမီးကို ဖြစ်​ထွန်း​စေချင်​တဲ့ မိဘရဲ့ ဆန္ဒကို အပြစ်​မ​ပြောလို​ပေမယ့်​ အရမ်းအတ္တဆန်​သွားတဲ့အခါ ..........

မိဘတိုင်း သတိနဲ့ချစ်​တတ်​ကြပါ​စေ .....
image

Photo Credit . Google Image
Written by @myanmarpyithar
MSC 103

Sort:  

လွဲပြီးရင်ပြန်တည့်လိမ့်မယ်

လူကြားသူကြားထဲ ဆူခြင်းဟာက​လေးကိုသိမ်​ငယ်​စိတ်​ပိုဝင်​​စေပါတယ်​။ အဆုံးအမမတတ်​လို့ လမ်းမှား​ရောက်​သွားတဲ့က​လေး​တွေ လည်းရှိတယ်​။ ငယ်​ရွယ်​စဉ်​မှာ မိဘနဲ့ဆရာ ကအဓိကပါ။အဆုံးအမ​ကောင်းရင်​ က​လေးရဲ့​ရှေ့​ရေးဟာ​ဖြောင့်​ဖြူး​နေမှာပါ။

ဟုတ်​ပါတယ်​ဗျာ ဆုံးမတတ်​ဖို့ လိုတာ

မင်္ဂလာပါရှင်

မင်္ဂလာပါဗျ ဆက်​လက်​အား​ပေးပါအုံး​နော်

မိဘတိုင်း သတိထားစရာပါ။
ကလေးအတွက် စိတ်ဒဏ်ရာဖြစ်စေပါတယ်

အမှန်​ပါပဲ ခင်​ဗျာ

ဗဟုသုတရ​စေတဲ့ ပိုစ့်​​လေပါဗျ

ကျေးဇူး​ဗျ အား​ပေးပါအုံး​နော်

မိဘ​တွေ က​လေးကိုချစ်​တာ တစ်​ချို့​တွေလွဲ​နေတယ်​ဗျာ

ဟုတ်​တယ်​ဗျာ

စေတနာအမှားတေ မဖြစ်အောင် ဂရုစိုက်ကြရမေ😁😁

ဟုတ်​တယ်​ဗျ အသိ-သတိ 😄😃

Good post bro
We have to take care children 👶

ကျေးဇူးဗျာ အားရှိတယ်

Coin Marketplace

STEEM 0.19
TRX 0.17
JST 0.033
BTC 63989.15
ETH 2749.61
USDT 1.00
SBD 2.66