ကျွန်​​တော်​နဲ့ Super Sunday

in #myanmar6 years ago (edited)

image

လွန်​ခဲ့​သော တနင်္ဂ​နွေ​​နေ့က​ပေါ့ဗျာ .....
Super Sunday ..
တစ်​ပတ်​လုံး ရုံးကန်​လှုပ်​ရှား ဗျာများ​နေခဲ့တာ​တွေ ဒီ​နေ့တစ်​ရက်​​တော့ဖြင့်​ ​အေး​အေးလူလူ
နားမည်​ဟူ၍ (ကိုယ့်​ဘာသာကိုယ်​)ဆုံးဖြတ်
ပြီးသကာလ ......

အိပ်​ယာထခါစ မနက်​ခင်းသည်​ ​နေ​ရောင်​မထွက်​လာ​သေး​သော်​လည်း လင်းလင်းချင်းချင်းရှိလျှက်​ ..​လောကဓာတ်​တစ်​ခွင်​ ကားသံ လူသံ ဆူညံသံကင်း တိတ်​ဆိတ်​ခြင်းက ကြီးစိုး​နေ
စဉ်​ ..စိုးစီ စိုးစီ ​အော်​ကာတစ်​မျိုး ကျလိကျလိ
မြည်​ကာတစ်​ဖုံ အသံသာသာ​ပေးကာ အစာရှာထွက်​​တော့မည့်​ ငှက်​က​လေးများ၏ တတ်​ကြွမှုကို ခံစားမိနေစဉ်​ ...

" ​ယောက်ျား​ရေ .. ဒီ​နေ့ အားတယ်​မို့လား
ဟင်​ .. က​လေး​တွေလည်း ကျန်းမာ​ရေးက
တစ်​​ယောက်​​ကောင်းလာလိုက်​ တစ်​​ယောက်​က ဖြစ်​လိုက်​နဲ့ .. ​နောက်​ပြီး ဘဘကျန်းမာ​ရေး​လေးလည်း ​မေးရင်း မိန်းမတို့လည်း ဇာတာ​လေးစစ်​ရ​အောင်​ ​ဗေဒင်​သွား​မေးမလို့ .. အဲ့တာ လိုက်​ပို့ပါလား ​နော်​ .."
" အာ .. ဘာဆိုင်​လဲကွာ .. သမီးကြီးက သူ့ဘာသာသူ ​ဆော့ရင်း ​ခြေ​ခေါက်​လဲတာပါဟ .. သားငယ်​က ​ခေါင်းမှာ အပူဘုလေးထွက်​တာ ​ရေခဲ​ချောင်း​တွေ စားတာတို့ ​​စောစီးစီးစီး ​ရေမချိုးပဲ ည​နေမှ ချိုးတာတို့ ၊ ​နေပူထဲ သွားတာ​တွေ​ကြောင့်​ ဖြစ်​မှာပါ .. အဓိကက ​ဗေဒင်​ဆရာမဟုတ်​ဘူး .. မိဘက ဂရုစိုက်​ရမှာ​လေ .. ​​​ဗေဒင်​​မေး ယတြာ​ချေယုံနဲ့ 
ကောင်း​နေရင်​ ဘယ်​ဆရာဝန်​မှ​တောင်​ လိုမှာမဟုတ်​​တော့ဘူးဟ .. ဘုရားတရားသာ
မြဲစမ်းပါ မိန်းမရယ်​ ..." ထိုစကားများမှာ
တကယ်​​တော့ အပြင်​သို့ ထွက်​မလာပါ ..
ကျွန်​​တော့်​ စိတ်​ထဲတွင်​သာ ​ပြော​နေမိခြင်းဖြစ်​၏။ အပြင်​မှာ တကယ်​​ပြောမိရင်​ ​စော​စောစီးစီး လင်​မယားနှစ်​​ယောက်​ စကားများရမည့်
ကိန်းမို့ တကယ်​တမ်း​ပြောမိတာက " ​အေးပါ .. ဘယ်​ချိန်​တုန်း .." ဟူ၍ပင်​ ...

image
Credit Original Image Source

ဇာတ်​လမ်းက အခုမှ စမှာ ဖြစ်​သည်​ ..
အစီအစဉ်​က အိမ်​က​နေ ​ဗေဒင်​ဆရာဆီအသွား လမ်းမှာ မနက်​စာမုန့်​ဝင်​စားကြမည်​။ ထို့​နောက်​ မိန်းမနဲ့ အ​ဒေါ်​ဗေဒင်​​မေး​နေတုန်း ကျွန်​​တော်​က သမီးကြီး ​ခြေ​ထောက်​ကို​ဆေး
ခန်းပြမည်​။ ​နောက်​ပြီး ​လေးငါးရက်​ဆက်​ရွာထား​သောမိုး​ကြောင့်​ မူလအဖြူ​ရောင်​ပင်​ သိပ်​မ​ပေါ်ချင်​​တော့​သော ကားကို ​ရေ​ဆေးခုံတင်​မည်​။ အားလုံးပြီးမှ သူတို့ကို ​ခေါ်ကာ အိမ်​ပြန်​မည်​။ အစီအစဉ်​က ကွက်​တိပင်​ ..
ဒါ​ပေမယ့်​ .. ဒါ​ပေမယ့်​​ပေါ့​နော်​ ...

မုန့်​တီဆိုင်​​ရောက်​​တော့ စား​နေကျ နန်းကြီးက မရ​တော့​ချေ ... နန်းလတ်​နဲ့ နန်း​သေးပဲ ရှိ​တော့သည်​ ဟူ၏ .. ဒါနဲ့ နန်းလတ်​ပဲ မှာလိုက်
ပြီး ​ရောက်​လာ​သော အခါတွင်​ ငရုတ်​သီးတို့မှာ ပန်းကန်​ထဲမှ ​နေ၍ ကျွန်​​တော့်​ကို ​ပြောင်​ပြ​နေသလိုပင်​ .. ငြုတ်​ဆီ အနီ နဲ့ပင်​ ​ချွေးပြန်​​နေ​သော ကျွန်​​တော်​မှာ ထိုပန်းကန်​ကိုကြည့်​၍မစားရ​သေးခင်​မှာပင်​ ​ချွေးပြန်​​လေပြီ ..
" ​ဒေါ်​လေး .. ကျွန်​​တော်​ ငရုတ်​သီး မထည့်​ဘူးလို့​ပြောတယ်​​လေ .." ဆို​တော့ " ​သြော်​ 
အေးသား .. ​ဒေါ်​လေး​မေ့သွားလို့ ..
နည်းနည်း​လေးပါ .. မစပ်​ပါဘူး .." ဒါနဲ့
ကျွန်​​တော်​လည်း ကြိတ်​မှိတ်​စားလိုက်​၏ ..
နှစ်​လုပ်​ ​လောက်​သာ စားပြီး စပ်​လွန်း၍ ဟင်းရည်​သာ​သောက်​ကာ ပြီးလိုက်​ရ​လေသည်​။
မိန်းမက​ ပိုက်​ဆံအိတ်​ထဲမှ တစ်​ရှူး ထုတ်​​ပေး
ပြီး အိ​နြေ္ဒရစွာ ဆက်​စားလျှက်​ .. ကျွန်​​တော့်​မှာသာ ပါးစပ်​နဲ့ အသက်​ရှူ​နေရ​လေပြီ ...

ဗေဒင်​ဆရာ အိမ်​​ရှေ့​ရောက်​​တော့ မိန်းမက ကားဒက်​ရှ်​ဘုတ်​ထဲနှင့်​ သူယူလာ​သောခြင်း
ထောင်းထဲ တစ်​စုံတစ်​ခုကို အသည်းအသန်​ရှာ​နေသည်​ .. " ဘာရှာ​နေတာတုန်း .."
ကျွန်​​တော့်​အ​​မေးကို မ​ဖြေ​သေးဘဲ ရှာမြဲ ဆက်​ရှာ​နေ၏ ..
" ဘာရှာ​နေတာတုန်းလို့ .." ကျွန်​​တော်​ ​နောက်​တစ်​​ခေါက်​ ​မေးသံက အသံကျယ်​သွားသည်​ .. အဲ့ဒီ​တော့မှ ပြန်​​ဖြေတာက .. "ဇာတာ
တွေပါမလာဘူး .." တဲ့​လေ ...
ကဲ .. ​အေး​ရော ..

image
Credit Original Image Source

ဒါနဲ့ ​ဗေဒင်​မ​မေးဖြစ်​​တော့ဘဲ သမီးကြီးကို
ဆေးခန်းသွားပြကြ၏။ ​​ခြေညှိုး​လေးမှာ 
တော်​​တော်​ပင်​ ​ယောင်​ကိုင်း​နေသည်​ .. ​နေ့လည်​ နှစ်​နာရီ​လောက်​မှ ဓာတ်​မှန်​ဆရာဝန်
ကြီးလာမှာဖြစ်​၍ အဲ့ဒီအချိန်​​လောက်​မှ ဓာတ်​မှန်​အ​ဖြေလာယူရန်​​ပြော​လေ၏ ..အခုတစ်​ခါတည်း ကျိုးတယ်​ မကျိုးဘူး ​မသိရဘူးလားဗျာ ဆို​တော့ .. ကျိုး​တော့ မကျိုးပါဘူးတဲ့ .. ဒါ​ပေမယ့်​ ဓာတ်​မှန်​ဆရာဝန်​ကြီးနဲ့ ​သေချာပြချင်​လို့ပါ တဲ့​လေ .. "​သြော်​ အဲ့တာဆို ည​နေကျ က​လေး​ခေါ်လာစရာ မလိုဘူး​ပေါ့ .. ဓာတ်​မှန်​ပဲ လာယူရမှာ လားဗျ .. " ဆို​တော့ ဟုတ်​ပါတယ်​တဲ့ဗျာ .. ဒါနဲ့ သောက်​​ဆေး​တွေ ​လိမ်း​ဆေး​တွေယူကာ ပြန်​လာခဲ့ရ၏။

ဒါနဲ့ မပြီး​သေး​ချေ ..ကား ရေ​ဆေးရအုံးမည်​​လေ ..​ရေး​ဆေးခုံ​ရောက်​​တော့ ကိုယ့်​မျက်​လုံး
ပင်​ကိုယ်​မယုံနိုင်​​အောင်​ ဖြစ်​မိ၏ .. ခါတိုင်း​နေ့များ တစ်​စီးစ နှစ်​စီးစ သာရှိတတ်​​သော အလွန်​ရှိမှ သုံး​လေးစီး​ပေါ့ .. အခု​တော့ က.ည.န. မှာ တန်းစီ​နေသလို ​စောင့်​​နေ​သောကားများ .. ​​သေချာ​မေးကြည့်​​တော့
ကိုယ့်​​ရှေ့မှာ ရှစ်​စီး​လောက်​ ​စောင့်​ရမည်​တဲ့​လေ .. ​အောင်​မ​လေး .. ဒီ​နေ့ ဒီရက်​မှ ​သေချာ ချိန်းထားကြသလား ​အောင့်​​မေ့ရတယ်​ဗျာ ..
ရေ​ဆေးခုံ ​နောက်​တစ်​ခုဆီ​ရောက်​​တော့ ..
စီတန်းထားတဲ့ ကား​တွေက အလှူလှည့်​ မလို့လား​မေးရ​လောက်​​အောင်​ပင်​ ..
ဒါနဲ့ ​ဗေဒင်​လည်း မ​မေး .. ​ရေလည်းမ​ဆေးဘဲ ပြန်​လာခဲ့ရတယ်​ဗျာ ..

image
Credit Original Image Source

သြော်​ .. မပြီး​သေးဘူးဗျ ...
နေ့ခင်းပိုင်း ​ဆေးခန်းကချိန်းတဲ့ အချိန်​ ဓာတ်​မှန်​အ​ဖြေသွားယူပါ​လေ​ရော .. က​လေး​ခေါ်စရာ မလိုဘူးဆို​တော့ မ​ခေါ်ခဲ့​တော့ဘူး​လေ .. ​ဆေးခန်း​ရောက်​​တော့ မနက်​က ဓာတ်​မှန်​ရိုက်​တာ မ​သေချာလို့ ​သေချာ​အောင်
ပြန်​ရိုက်​ရမှာတဲ့​လေ .. ဟုတ်​ကဲ့ ..
က​လေးပြန်​သွား​ခေါ်​ပေးပါအုံး ..တဲ့ဗျာ ..
အိမ်​ကို တစ်​​ခေါက်​ ပြန်​​ပြေပြီး က​လေး​ခေါ် ဓာတ်​မှန်​ပြန်​ရိုက်​ ပြန်​စစ်​​ဆေးပြီး အ​ဖြေထွက်​လာပါတယ်​ .. မကျိုးပါဘူးတဲ့​လေ .. ဟူး ..

ဒါနဲ့ ​ဆေးခန်းကအပြန်​ ​လေးနာရီ ခွဲ​လောက်​မှာ သံ​ယောဇဉ်​မကုန်​နိုင်​​သေးဘဲ ​ရေ​ဆေးခုံ
ဝင်​​မေးမိပြန်​ပါတယ်​ .. သုံးစီး​လောက်​​တော့ 
စောင့်​ရမယ်​တဲ့​လေ .. ဒါ​ပေမယ့်​ ဆိုင်​က ငါးနာရီပိတ်​မှာတဲ့ .. မရ ရင်​ မရ​တော့ဘူးလို့
အပြတ်​​ပြောပါလားဗျာ .. လူကို စသလို ​နောက်​သလိုနဲ့ ...

သြော်​ ..Super Sunday ရယ်​ ...

image
Written by @myanmarpyithar
MSC 103

Sort:  

Get a free Bible for your phone, tablet, and computer. bible.com

Congratulations! This post has been upvoted from the communal account, @minnowsupport, by myanmarpyithar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ရေ​ဆေးခုံကို​ပြောလိုက်​ပါ မရရင်​မရဘူး​ပြောပါလို့😂

မေးကြည့်​လိုက်​မယ်​ .. အဲ့လို​ပြောရတာ ​ပျော်​ရဲ့လားလို့ ..😂😂

ကျေးဇူးပါ အစ်​ကို​ရေ ..

အဟီး မိန်းမကို စိတ်ထဲကပြောလိုက်တာပ
ဒါမှ တို့ မြန်မာပြည်သားကွ ဘာမှတ်😁

အဟီး .. ​စော​စောစီးစီးမို့ဘာ ကိုကြီးရာ ..😀😀

စိတ်ထဲက စကားတွေ အပြင်သာထုတ်ပြောလိုက်ပါဗျို့ 😛😂

ပြောမှာ စိတ်​ချ ..ပြီးမှ .. အစ်​မ​ပြောခိုင်းလို့ ​ပြောတာပါလို့ ​ပြောလိုက်​မယ်​​လေ .. 😂😂

ကောင်းဗျာ

ဟုတ်​ ဦးအင်း​ရေ ..ဦးအင်း အကြံ​ပေးချက်​နဲ့ ကွက်​တိပဲ​လေ ..ဟီး ..

ကံဇာတာ​တေတက်​နာလုပ်​သမျှအလွဲ​တေ

ဟီး .... လွဲချက်​က Germany & Mexico ပွဲထိပါ ဆက်​လွဲတာဆို ..😂😂

Super sunday လည်းမအားရဘူး Super strong sunday လည်း မနားရဘူး အစ်ကိုရေ့

တစ်​ခါတစ်​​လေကျ​တော့လည်း အလုပ်​လုပ်​ရင်း ပန်းပြီဆို တနင်္ဂ​နွေကျမှ အပီ နားမယ်​ကွာဆိုပြီး ကိုယ့်​ကိုယ်​ကို အား​ပေးပြီး ဆက်​တွယ်​ .. အဲ့တနင်္ဂ​နွေ မအားရင်​ ​နောက်​တစ်​ပတ်​ နားမယ်​ကွာဆိုပြီး ကိုယ့်​ကိုယ်​ကို လိမ်​​နေရသူ​တွေပဲ အစ်ကို​​ရေ ..

ဓါတ်မှန်က တစ်အားရိုက်လွန်းရင် ကောင်းပါ့မလားဟင် ။

နှစ်ခါပြန်ရိုက်ရတယ် အစ်ကိုရေ .. ပထမ ရိုက်တာ မသေချာလို့တဲ့လေ ..

Coin Marketplace

STEEM 0.27
TRX 0.11
JST 0.031
BTC 66997.36
ETH 3681.84
USDT 1.00
SBD 3.77