နောင်တ ခါးခါး

in #myanmar7 years ago (edited)

နောင်တ ခါးခါး

အပိုင်း (၁)

မနက်ခင်းစောစာတွင် တိုက်ခက်သောလေပြေက
ခပ်အေးအေးလေး ဆောင်းအငွေ့သက်ကြောင့်ဖြစ်
မည်။ဆောင်းအကုန်နွေအကူးမို့ နွေရူးလေးတို့က အရပ်ရှစ်မျက်နှာမှ အလုအယက် တိုးဝှေ့တိုက်ခက်ကြသည်။စိတ်ကူးတို့ရွက်လွင့်လို့ ကောင်းတဲ့ မနက်ခင်းဖြစ်ပေမဲ့ အေးမြတ်ဖြူ တစ်ယောက် အေးအေးဆေး
ဆေး စိတ်ကူးနဲ့တောင် အိမ်ဆောက်ချိန်မရ ပျာတိပျာယာနှင့် ယာခင်းထဲသွားဖို့ ပြင်နေဆင်ရေသည်။

11845933916_33b18d9cde.jpg

အညာဒေသဖြစ်သဖြင့် နေ့လည်ဆို ခြစ်ခြစ်တောက် ပူလောင်လှသည်။ ဒါကြောင့်မို့ အေးမြတ်ဖြူတို့လို
လယ်သမတွေက ယာခင်းထဲကို အစောကြီးသွားရတာပေါ့။ အညာသူတွေဆိုတော့ ကြုံရာနေ့စားအလုပ်
အကုန်လုပ်ရသည်။ ငရုပ်သီးပေါ်ချိန်ဆို ငရုပ်ဆွပ်​ဆို
ပြီး ငရုပ်ခင်းထဲမှာ တစ်နေကုန်အောင် ငရုပ်သီးများ ခူးဆွပ်ရသည်။ လက်တွေလည်း အပူလောင်လှသည်။ ထို့ကြောင့် အများစု ပျိုဖြူလေးများက ထိုအလုပ်ကို မလုပ်ချင်ကြပါ။ ကြက်သွန်စိုက်ချိန်ဆို ပေါင်းသင်ပေါင်းနှုတ် ၊ ရရာအလုပ်ကို အကုန်လုပ်ကြရသည်နေ့စားအလုပ်ဆိုတော့ ဟိုဟာမလုပ်ချင် ဒီဟာမလုပ်ချင်
ရွေးနေလို့မရ။

mm1828.jpg

အခုလည်း လယ်တောသွားဖို့ သနပ်ခါးထူထူကြီး
မျက်​နှာပေါ်ကို လိမ်းခြယ်ထားသည်။ မျက်နှာတစ်ခုလုံး ဖြူဖွေးနေသည် မျက်လုံးတောင်ဖွင့်မရပါ။ မလိမ်းလို့လည်းမရ အညာနေက အရမ်းကိုဆိုးဝါးလှသည်။
နေလောင်ခံရလျှင် အသားရေပေါ်တွင် အချက်လိုက် ငါး ကြင်းခွံလို အချက်လိုက်ကွာပြီးယားယံလှသည်။
အင်္ကျီဆိုလည်း လက်ဖုံးအောင်ဝတ်ဆင်ကြရသည်။ ထမိန်လေးကို တိုတိုဝတ်ပြီး ခေါင်းပေါ်ကို
ပုဆိုးစုတ်​​လေးခြုံလိုက်သည် ပုဆိုးဆိုလို့ အိမ်ကငမူးဒိုးလုံးရဲ့ ပုဆိုးစုတ်​ဖြစ်သည်။ ငမူးဒိုးလုံးဆိုပေမဲ့
အရက်တစ်မျိုးတည်းသောက်တာမဟုတ်
ကြက်တိုက်ခြင်း၊ ဖဲရိုက်ခြင်း၊ စသောလောင်းကစားအပြင်
ဆေးလိပ်ပါသောက်တက်သေးသည်။

ehdmifndjxlcjeu8bbzs.jpg

ဒိုးလုံးနဲ့ အိမ်ထောင်ကျတာ တစ်နှစ်ကြာလေပြီ။
အိမ်ထောင်မကျခင်နဲ့ အိမ်ထောင်ကျပြီး ဒိုးလုံး
တစ်ယောက်ဘာမှပြောင်းလဲမသွားပါ။ အိမ်ထောင်မကျခင်ကတည်းက ဆိုးသွမ်းလာတာ။ အိမ်ထောင်ကျပြီးရင်တော့ ခြေငြိမ်ပြီး ပြောင်းလဲသွားလိမ့်မယ်လို့ အေးမြတ်ဖြူ ရဲ့  ယုံကြည်ချက်တို့လည်း သဲထဲရေသွန်သလိုဖြစ်ခဲ့ရပြီ။အိမ်ထောက်ကျပြီးနောက်ပိုင်း ပိုပြီးဆိုးလာသည်။ ဒိုးလုံးမိဘများက ကောင်းရှာပါသည်။ အေးမြတ်ဖြူကို သမီးရင်းသဖွယ်ချစ်ကြသည်။
မိဘတွေမရှိတော့တဲ့ တစ်ကောင်ကြွက်လေးမို့
အသနားပိုကြတာလည်းဖြစ်ပါလိမ့်မည်။ငဒိုးမိဘများက မိတ္ထီလာ ၀မ်းတွင်းမြို့ ကံကောင်းရွာ တွင်
ရွာမျက်နှဖုံးများဖြစ်ကြပြီး အများရဲ့ ကြည်ညှိ လေးစားခြင်းကို ခံရသလောက် သားဖြစ်သူဆိုးမိုက်တဲ့
ငဒိုးကြောင့်လည်း မျက်နှာ ပျက်ကြရသည်။ အေးမြတ်ဖြူ မိဘများက ငယ်ငယ်ကတည်းက
ဆုံးပါးသွားကြသည်။ အဒေါ် အပျိုကြီး မအေးမွန်ရဲ့ အုပ်ထိန်းမှု အောက်မှာ ကြီးပြင်လာခဲ့ရသည်။

ဒိုးလုံးနဲ့ အေးမြတ်ဖြူက တစ်ရွာတည်းသားဖြစ်သလို ငယ်ငယ် ပျိုဖော်ဝင်ကတည်းက ချစ်ကြခဲ့ကြသူများ
ဖြစ်ပြီးအသက် ၁၆ နှစ်ယောက်သောအခါ ဒိုးလုံးမိဘများက သူတို့သားခြေငြိမ်သွားအောင် အေးမြတ်ဖြူ
နှင့်အိမ်ထောင်ချပေးခဲ့သည်။ ရွာထဲတွင် ခြံတစ်ဝိုင်း
ပေးကာ အိမ်ဆောက်ပေးသည်။ လိုလေးသေးမရှိ
အာင် ဒိုးလုံးတို့ ဇနီးမောင်နှံကို ထားပေးထားသည်။
ဒါကို လင်တော်မောင် ဒိုးလုံးငမူးက အကြိမ်ကြိမ် အိမ်ကို ဖဲပေါင်ရိုက်သည်။ ဒိုးလုံးမိဘများက ပြန်ရွေးပေးရတာချည်းပဲ။ ဒိုးလုံးမှာ ခြေမငြိမ်တဲ့အပြင် အိမ်ထောင်ချပေးလိုက်တာ သူ့ကို ချိုတက်ပေးလိုက်သလိုပဲ ဆိုးကောင်းတိုင်း ဆိုးသွမ်းနေတော့သည်။

အပိုင်း ( ၂ ) ဆက်ရန် >>>>>

ကိုကိုမိုးဟိန်း

သစ်​အယ်​သီး

Photos credit from Google image

Written by @kokomoehein

MSC no. 118

Sort:  

ဒါကိုလည်း အားပေးနေပါတယ်

ကျေးဇူးပါ ကို​စော

နောက်ဆက်တွဲတွေကို စိတ်ဝင်စားနေပြီ။

ဟုတ်​bro ​ကျေးဇူးပါ

Good နေပါလား

ကျေးဇူးပါ ကိုညီ

အားပေးနေတယ် အစ်ကိုရေ

ကျေးဇူးပါ ဗျ

ဆုံးဖြတ်​ချက်​ချရလည်းခက်​သကိုး​ဗျမှား​သွား​တော့​နောင်​မှ​နောင်​တကရပြန်​​ရော

ဟုတ်​တယ်​bro

ကိုယ်တွေသနပ်ခါးလိမ်းခဲ့တဲ့အချိန်တောင်သတိရသွားတယ်

ကျေးဇူးပါ ဗျ

စောင့်မျှော်နေပါတယ် bro

ကျေးဇူးပါဗျာ

အရေးသားကောင်းတဲ့အတွက် စာင့်မျှော်နေမယ်နော် အောင်မြင်ပါစေဗျာ

အား​ပေးလို့​ကျေးဇူးပါ
ဆက်​​ရေးဖို့ အားရှိသွားပြီဗျာ

ဗဟုသုတကြွယ်​​စေပါတယ်​ အစ်​ကို​ရေ

ရသ တစ်​ခုခုရလိုက်​တယ်​ဆိုရင်​ပဲ
ရေးရကျိုးနပ်​ပါပြီဗျာ

ဇာတ်ရှိန်တက်မဲ့အချိန်မှ ဖြတ်ချလိုက်တယ်ဗျာ အစတော့ကောင်းနေပြီ နောက်ပိုင်းမျှော်ပေါ့

ကျေးဇူးပါ bro
ကိုရီးယား ကားလို​ပေါ့ 😁

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.030
BTC 80700.90
ETH 3185.87
USDT 1.00
SBD 2.75