ချစ်ဖို့သိပ်ကောင်းတဲ့ ဟက်စကီးခွေးလေးတွေ

in #esteem7 years ago

ဆာဘီးယားမျိုးနွယ် ဟက်စကီခွေးလေးတွေဟာ အမွှေးပွပွလေးတွေအပြင် တခြားအိမ်မွေးခွေးတွေနဲ့ မတူဘဲ တမူထူးခြားတဲ့ အသွင်အပြင်၊ စူးရှတဲ့မျက်လုံးတွေကြောင့် ချစ်ဖို့အရမ်းကောင်းတဲ့ ခွေးလေးတွေ ဖြစ်ပါတယ်။ခွေးတွေဟာ မျိုးစိတ်တစ်ခုနဲ့တစ်ခု အမူအကျင့်တွေ မတူကြပါဘူး။ ဒါကြောင့် ဟက်စကီခွေးလေးတွေကို မွေးမယ်ဆိုရင် သိထားသင့်တဲ့ အချက်လေးတွေကို တင်ပြပေးလိုက်ပါတယ်။
(၁) ပွတ်သီးပွတ်သပ်ကြိုက်တယ်
ဟက်စကီအမျိုးအနွယ်တွေဟာ တခြားခွေးတွေလို အမြီးတယမ်းယမ်းနဲ့ သင့်ရဲ့တံခါးဝမှာ လာပြီးချစ်စရာအမူအရာလေး လုပ်ပြနေမှာဖြစ်သလို၊ ကိုယ့်အပေါ်ကို ဖက်တက်တာ၊ ကိုယ့်ကို လျှာနဲ့ လျှက်တာတွေ လုပ်ပါလိမ့်မယ်။ ဒါနဲ့ပဲ ရပ်သွားသလား ဆိုတော့ မရပ်ပါဘူး။ ဟက်စကီလေးက သင့်ပေါင်ပေါ်မှာ ထိုင်ချင်ပါသေးတယ်၊ သူ့ကို ပွတ်သီးပွတ်သပ်လည်း လုပ်စေချင်ပါ သေးတယ်။ သင့်ဘေးနားမှာ သူက လာထိုင်နေချင်တဲ့အပြင် အိမ်ထဲမှာလည်း သင်သွားတဲ့နောက်ကို တကောက်ကောက်နဲ့ လိုက်နေချင်တဲ့ အကောင်လေးတွေပါ။ ဒါကြောင့် ဒီလိုခွေးမျိုးကို မွေးတော့မယ်ဆိုရင်တော့ သင်ဟာ အိမ်မှာ အမြဲနေတတ်တဲ့ သူဖြစ်ဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ဘဲ သင်ဟာ တစ်ရက်ကို ၈ နာရီ အပြင်ထွက် အလုပ်လုပ်နေရတဲ့သူဆိုရင်တော့ အဆင်မပြေ ပါဘူး။
image
(၂) ခေါင်းဆောင်ကို နာခံတယ်
ဟက်စကီတွေအနေနဲ့ သူ့ရဲ့ခေါင်းဆောင် ဒါမှမဟုတ် သခင်လို့ သတ်မှတ်ထားတဲ့သူတွေရဲ့အမိန့်ကို လေးစားလိုက်နာတတ် ကြပါတယ်။ ခွေးလေးကို ငယ်ငယ်ရွယ်ရွယ်ကစလို့ သင်နဲ့ သင့်မိသားစုဟာ သူ့ကိုအမိန့်ပေးနိုင်တဲ့ သခင်တွေဖြစ်တယ်ဆိုတာကို သိအောင် လုပ်ပေးဖို့ လိုပါတယ်။ဟက်စကီတွေဟာ သဘာဝအရ ခေါင်းမာတတ်တဲ့ သဘောရှိပါတယ်။ သူတို့လုပ်ချင်တာတွေကို ရအောင်လုပ်တတ်ကြတဲ့ အကောင်မျိုးတွေလဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ကလန်ကဆန်လုပ်လာတာမျိုးကို ဘယ်တော့မှ လက်မခံပါနဲ့။ အဲဒီလို အမူအရာမျိုး ပြလာပြီဆိုတာနဲ့ အဲဒီအမူအကျင့်တွေပျောက်အောင် ပြန်ပြီးလေ့ကျင့်ပေးပါ။
image
(၃) တခြားအိမ်မွေးသတ္တဝါတွေနဲ့ ဆိုရင်
ဆာဘီးယားဟက်စကီတွေဟာ ခွေးမျိုးနွယ်ထဲမှာအဆင့်သတ်မှတ်ကြေးဆို အမြင့်ဆုံးထဲမှာ ပါပေမယ့် သူတို့တွေဟာ ယေဘုယျအားဖြင့် တခြားအိမ်မွေးခွေးတွေနဲ့ ရင်းရင်းနှီးနှီးနေလေ့ရှိပါတယ်။
ဒါပေမယ့် တိရစ္ဆာန်သဘာဝအရ ငှက်၊ ကြွက်၊ ဟမ်းစတားနဲ့ အထူးသဖြင့် ယုန်တို့လို အရွယ်အစားသေးငယ်တဲ့ အိမ်မွေး တိရစ္ဆာန်တွေနဲ့တော့ မတည့်ဘူးဆိုတာ သတိထားသင့်ပါတယ်။

(၄) ရာသီဥတု
ဆာဘီးယားဟက်စကီတွေဟာ သူတို့ရဲ့မျိုးရင်းဒေသကိုက အရမ်းကိုချမ်းအေးတဲ့ဒေသကဖြစ်လို့ အပူပိုင်းမှာ မွေးမယ်ဆိုရင် သူတို့တွေကို လုံလောက်တဲ့အရိပ်အာဝါသအောက်မှာဖြစ်ဖြစ်၊ အဲယားကွန်းနဲ့ဖြစ်ဖြစ်ထားပြီး ရေလုံလုံလောက်လောက်နဲ့ မွေးမြူ သင့်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ သူတို့ရဲ့ ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်ပါလိမ့်မယ်။
(၅) ထားတဲ့နေရာ
ဟက်စကီတွေဟာ တစ်ကောင်တည်း နေလေ့ရှိပြီး စပ်စုတတ်တဲ့သတ္တဝါဖြစ်ဖြစ်ပါတယ်။ နောက်ခြေထောက်တွေကလည်း ခုန်အားကောင်းတာကြောင့်မို့ ခြောက်ပေလောက်အမြင့်ရှိတဲ့ ခြံစည်းရိုးနဲ့ ထားဖို့လိုမှာဖြစ်ပါတယ်။ နောက်တစ်ချက်က သူတို့ဟာ မြေကြီးကို တူးပြီးနေတတ်တဲ့သတ္တဝါတွေဖြစ်တာကြောင့်မို့လည်း မြေနေရာခပ်ကျယ်ကျယ်လည်း လိုပါလိမ့်မယ်။
(၆) အပြေးမြန်
ဟက်စကီတွေနဲ့ အပြင်ထွက်ပြီဆိုရင် သတိထားပါ။ သင်ခဏလောက် သတိလွတ်သွားတဲ့အချိန်မှာ ထွက်ပြေးသွားတဲ့ဟက်စကီ ကို ပြန်လိုက်ဖမ်းဖို့ မလွယ်ပါဘူး။ သူတို့တွေဟာ အရမ်း အရမ်းကို အပြေးမြန်ပါတယ်။
Photo credit myfriend
@mrnaingsoe

Sort:  

ဘုရားတရားမမေ့နဲ့အချစ်ရေဘယ်နေရာရောက်ရောက်

Very nice post thank much

မိုက်တယ်မိုက်တကြိုက်တယ်လိုက်မယ်စော်လေးကိုခ်

ချစ်တယ်ချစ်ရယ်မင်းရောချစ်လားလို့အာဘွားပေး

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 67905.30
ETH 2637.44
USDT 1.00
SBD 2.67