အမှားများနှင့် NextColony

in #game7 years ago

NextColony ကတော့ အခုအချိန်အထိ အမှားနဲ့ မကင်းနိုင်သေးပါဘူး။ မမှားရင်လဲ မမှားဘူး။ မှားပြီဆိုလဲ နေ့တိုင်းလိုလိုပါပဲ။ သူအဓိက အမှားများတဲ့ အပိုင်းကတော့ ဝက်ဆိုက်ရဲ့ တုံ့ပြန်မှု အပိုင်းပဲ ဖြစ်ပါတယ်။ Blockchain ဆီကို custom json ရောက်သွားပါတယ်။ ဒါပေမဲ့ website က မဖမ်းယူနိင်ပါဘူး။ တစ်ခါတစ်လေကျတော့လဲ custom json မှာ အမှားပါသွားတဲ့အတွက် website က မဖတ်တတ်တော့ပါဘူး။ အဲဒီနေရာမှာပဲ ရပ်နေပါတယ်။ ပြန်ပြီးပြင်လိုက်တဲ့ အချိန်လဲ ကျရော အရင်တုန်းက လုပ်ခဲ့တဲ့ transaction တွေ အကုန်လုံးကို ပြန်ဖတ်နေရပြန်ရော။

Success Ahead
Image Source

ဒါကတော့ steem blockchain နဲ့ ချိတ်ဆက်ထားတဲ့အတွက် ဖြစ်ရတဲ့ ပြဿနာတွေပါပဲ။ ဒီနေရာမှာတော့ drugwars ကို အတုယူရမယ် ထင်ပါတယ်။

အခုဆိုရင် drugwars မှာ ပြဿနာတွေ မရှိတော့ပါဘူး။ ဒါပေမဲ့ Steem လဲ မရှိတော့ပါဘူး။ နောက်တာပါ။

NextColony ကတော့ ဆုကြေးခွဲမပေး ရသေးပါဘူး။ ဒါပေမဲ့ ပြဿနာတွေကတော့ အများကြီး ရှိနေတုန်ပါပဲ။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကတောင်မှ ပြန်ပြီးတော့ မြန်လာပါသေးတယ်။ အခုအချိန်မှာတော့ ပြန်ပြီးတော့ နှေးသွားပါပြီ။

အခု ဒီပိုစ့်ကို ရေးနေတဲ့ အချိန်မှာတော့ ပုံမှန်ပြန် ဖြစ်သွားပါပြီ။ NextColony ကို အချိန်ကိုက် ကစားဖို့ဆိုတာ အတော်အချိန်ပေးရပါတယ်။ တစ်ခါကစားရင် တစ်နာရီလောက်ကို ပေးနေရပါတယ်။ ဒီကြားထဲ ကြာနေရင် ပိုဆိုးပါတယ်။ ဆုကြေး မက်မက်ကလေး ရပြီးရင်တော့ နားလိုက်တော့မယ် လို့ စဉ်းစားထားပါတယ်။ တကယ်တမ်း နားနိုင်ပါ့မလား ဆိုတာတော့ မသိသေးပါဘူး။

Steem သုံးထားတာကလဲ တစ်ထောင် ပြည့်တော့မယ် ထင်ပါတယ်။ တဖြည်းဖြည်းနဲ့ ထည့်လေ ဝင်လေပါပဲ။ နောက်ကျ မခံချင်တော့လဲ လိုက်ထည့်နေရပါတယ်။ ဂြိုဟ် အသစ် ရှာလို့ မရရင်တော့ ၁၀ အတွင်း ဝင်နိုင်ဖို့ မလွယ်ပါဘူး။ တဖြေးဖြေးနဲ့ အောက်ကို ဆင်းလာမှာ ဖြစ်ပါတယ်။



Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=18
Sort:  

အခုလို နှေးနေမယ်ဆိုရင်တော့ နား ပလိုက်မယ်ဗျာ။ ခုတော့ ဘာမှ မရသေးတော့ သည်းခံပြီး ကစား နေရတယ်။ ဂိမ်း ကစား ပါတယ်ဆိုမှဗျာ သူ့ဟာ လည်နေတာ မပြီးတော့ဘူး။ 😁

ဟုတ်ပါ့ဗျာ

Hi, @mmunited!

You just got a 2.48% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.081
BTC 61644.63
ETH 1604.36
USDT 1.00
SBD 0.47