Carrier ရတော့မယ်

in #steempress7 years ago

သိပ်မကြာခင်ကာလမှာ Carrier ထုတ်လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။ Carrier ဆိုတာ စကြာဝဠာထဲမှာ အကြီးမားဆုံး ယာဉ်လို့တော့ ဆိုကြပါတယ်။ Wonder ထွက်မလာသေးလို့ ဘယ်သူက ပိုကြီးသလဲ ဆိုတာ နှိုင်းယှဉ်လို့ မရပါဘူး။ လောလောဆယ်တော့ သူက အကြီးဆုံးမှာပဲ။ သူ့ပတ်ပတ်လည်မှာ မောင်းသူမဲ့ ယာဉ် ၄၂ စင်းကလဲ လိုက်ပါပျံဝဲနေပါတယ်။ သူ့ရဲ့ ပစ်အားက Corvette ဆယ်စီးစာနဲ့ ညီမျှပါတယ်။ Crovette ဆယ်စီးကို သူတစ်စီးထဲနဲ့ အနိုင်တိုက်နိုင်ပါတယ်။ သူ့ရဲ့ အားနည်းချက်တော့ နှေးတာပဲ ဖြစ်ပါတယ်။ သူနဲ့ တိုက်ရင် အငိုက်ရဖို့ အလွယ်ပါဘူး။ ဒါပေမဲ့ seige လုပ်ပြီးမှ တိုက်ရင်တော့ တိုက်လို့ ရမှာ ဖြစ်ပါတယ်။

သူ့ရဲ့ ပစ်အား ကောင်းမွန်မှုနဲ့ ထုတ်ဖို့ ကြာတဲ့ အချိန်တွေကြောင့် နောက်ဆုံးမှာ ထားဖို့ပဲ သင့်တော်ပါတယ်။ သူတစ်ကောင်ပါလာတာနဲ့ တိုက်ပွဲကို အဆုံးအဖြတ်ပေးနိုင်လောက်အောင်ကို ကောင်းမွန်ပါတယ်။ ဒါပေမဲ့ တစ်ကောင်ချင်းအနေနဲ့ ဆိုရင်တော့ converette တွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံရနိုင်ပါတယ်။ အင်အားများဖို့တော့ လိုပါတယ်။ ဒါမှလဲ တိုက်ခိုက်လာမှုတွေကို အလွယ်တကူ တွန်းလှန်နိုင်မှာ ဖြစ်ပါတယ်။

နောက်ပိုင်းကျရင်တော့ corvette တပ်ဖွဲ့တွေကို ချေမှုန်းဖို့အတွက် carrier တွေ လိုအပ်လာမှာ ဖြစ်ပါတယ်။ Corvette တွေ ထုတ်လုပ်နိုင်စွမ်းက အကန့်အသတ်ရှိပါတယ်။ Carrier တွေကိုတော့ ဝယ်ချင်တဲ့သူ နည်းတဲ့အတွက် သူတို့ တွေက နောက်ဆုံး ခံတပ်ကြီးတွေ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ Carrier တွေကို အထင်သေးရင် ခံသွားရနိုင်ပါတယ်။ ပြောရမယ်ဆိုရင်တော့ လေထဲက ခံတပ်ကြီးတွေ ပေါ့ဗျာ။

ဒုတိယ ကမ္ဘာစစ်တုန်းက London မြို့ကို လေတပ်ရန်က ခုခံ ခဲ့တာတွေကို သတိရမိပါတယ်။



Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=96
Sort:  

Hi, @mmunited!

You just got a 2.69% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.083
BTC 60529.37
USDT 1.00
ETH 1546.19
SBD 0.47