စာကိုသာ ကောင်းအောင်ရေးပါ

in #community7 years ago

ဒီပိုစ့်မှာတော့ စာကိုကောင်းမွန်အောင် ကြိုးစားရေးကြဖို့ တိုက်တွန်းလိုပါတယ်။ ကိုယ့်ပိုစ့်တွေမှာ Steem ရတာနည်းတယ်ဆိုပြီး စိတ်မပျက်သွားကြပါနဲ့။ သင့်အတွက် အနာဂတ်က မဝေးတော့ပါဘူး။

အခိျု့ Dapps တွေက သူတို့ကို အသုံးပြုရင် အပ်ဗုတ်ပေးပါတယ်။ အပ်ဗုတ်ပေးတဲ့ပမာဏကလဲ ကိုယ့်ကို follow လုပ်ထားတဲ့သူရဲ့ SP ကိုလိုက်ပြီးတော့ ပေးပါတယ်။ ကိုယ့်ကို follow လုပ်ထားတဲ့သူတွေရဲ့ SP စုစုပေါင်းက များရင် ကိုယ်ရတဲ့ ဗုတ်ကလဲ များမယ်ပေါ့။ အဲဒီလို ပြောလိုက်တာကတော့ လွယ်လွယ်လေးပါ။ ဒါပေမဲ့ ကိုယ့်ကို ဖောလိုးလုပ်ထားတဲ့သူတွေရဲ့ SP စုစုပေါင်းကို ဘယ်လိုသိနိုင်မလဲ။ ဒါကမှ တကယ့်မေးခွန်းပါ။

တစ်ကယ်က သိနိုင်တဲ့နည်းရှိပါတယ်။ အောက်မှာရေးသားပေးမှာ ဖြစ်ပါတယ်။ အဲဒါကို မရေးခင်မှာ ကြော်ငြာအရင်ဝင်ပါရစေ။ ကျွန်တော်တို့အဖွဲ့ကနေ ကောင်းမွန်တဲ့ စာရေးသားတဲ့သူတွေကို ရွေးချယ်ပြီး ဗုတ်ပေးနေတယ်ဆိုတာကို လူတိုင်သိပြီးသား ဖြစ်မယ်လို့ထင်ပါတယ်။ တကယ်တမ်းက ဗုတ်ပေးတာတင်မကပါဘူး။ အဲဒိလို ရွေးချယ်ခံရတဲ့ပို့စ်တွေဟာ c-squared အကောင့်မှာ resteem လုပ်ပေးတာကိုလဲ ခံရပါတယ်။ နောက်ပြီးတော့ c-squared ရဲ့ ဖောလိုးလုပ်တာကိုလဲ ရရှိပါတယ်။

c-squared အကောင့်ရဲ့ SP က တစ်သောင်းကျော်ပါတယ်။ အခုလက်ရှိ esteem ရဲ့ 6% အပ်ဗုတ်ရနေတဲ့သူတွေရဲ့ follower SP စုစုပေါင်းက ဘယ်လောက်ရှိမလဲဆိုတာကို ကြည့်လိုက်ကြရအောင်။

၆% အပ်ဗုတ်ရတဲ့သူ သိပ်မရှိပါဘူး။ အဲဒီအထဲကမှာ @mamamyanmar ကို ကြည့်မှာ ဖြစ်ပါတယ်။

https://steemdb.com/api/accounts?account=mamamyanmar

အပေါ်ကလင့်ခ်ကို နှိပ်လိုက်ရင် (mamamyanmar ရဲ့နေရာမှာ ကိုယ့်နာမည်ကို အစားထိုးပါ) steemdb ကိုရောက်သွားမှာ ဖ်ြစပါတယ်။ Followers_mvest မှာကြည့်လိုက်ရင် သူ့ရဲ့ follwer တွေရဲ့ စုစုပေါင်း mvest ကိုရမှာ ဖြစ်ပါတယ်။ အဲဒါကို 490.13 နဲ့စားလိုက်ရင် SP ကိုရမှာ ဖြစ်ပါတယ်။ သူဘယ်လိုလုပ်ဒီလောက်များနေတာလဲတော့ မသိဘူး။

SP 10000 ကျော်ရှိတဲ့သူ မြန်မာတွေထဲမှာ သိပ်မရှိပါဘူး။ ဘာပဲပြောပြောသူ့ရဲ့ follower လုပ်တာခံရတဲ့အတွက် အပ်ဗုတ်တန်ဖိုးအနည်းငယ်တက်လာမှာ ဖြစ်ပါတယ်။ Busy.com လဲ follower ရဲ့ mvest ပေါ်မူတည်ပြီးပေးပါတယ်။

@banjo, @cleverbot, @automation. Calling.



Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=64
Sort:  

အေ အာ့ဒါ ဘယ်လိုတေတောင် ကြည့်တာလည်း အေ မမဖြင့် ဘားမှ သိပေါင်

အဲဒီ လင့်ခ်ကို နှိပ်လိုက်လေ။ ကိုယ့်ရဲ့ follower တွေအကုန်လုံးကို ကြည့်လို့ရပါတယ်။

ဟုတ် ဟုတ် လုပ်ကြည့်ဦး မယ်

အေးတော့ အဟုတ်ကြီး မြင်ရဒယ်တယ် ဒါပေမယ့် တစ်ချို့ ဟာဒေက ဘာတေ ရေးထားလဲတော့ နားလည်ဘူး

အဲဒါမှလဲ ရေးစရာတွေ ကျန်မှာလေ။ ကျွန်တော်ရေးဖို့ ချန်ထားရဦးမယ် ဟဟ

မမ ကဖြင့် ဘာမှမသိပေါင်တဲ့ မနာလိုစရာကောင်းတာအေ
Esteem ရဲ့ 6% ရသူဆိုတော ကွန်ကွန်ပါအေ

မသိလို့သာတော်တော့ တယ်။ သိများသိရင်တော့ ကျွန်တော်တို့တွေတောင် မလွယ်လောက်ဖူး။

ဟုတ်ပ။@mamamyanmarကလည်း esteemအသုံးပြုလာတာ ကြာပြီးဆိုတော့ တူသောအကျိုးပြန်ရတာထင်တယ်

Posted using Partiko Android

ဘရိုလဲ ရတာ များပါတယ်။ ကျန်တဲ့သူတွေကို အတုယူစေချင်တာပါ။ ပုံမှန်ကြိုးစားသွားရင် ရလဒ်တစ်ခုတော့ ရလာမှာပါ။

ဟုတ်တယ်အကိုရေ။အကိုရဲ့ supportတွေလည်း ပါပါတယ်အကို

Posted using Partiko Android

Moving forward Bro.

ဟုတ်ကဲ့ပါဗျ။ ကြိုးစားပါ့မယ် ဘဒို

Posted using Partiko Android

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.083
BTC 62692.67
ETH 1669.71
USDT 1.00
SBD 0.42