ကြက်သွန်စိုက်မယ်
မြန်မာ့ကြက်သွန်နီသည် ရေ အလွန် လိုအပ်သော သီးနှံ ဖြစ်ပါလေ၏ထို့ကြောင့် အစိုဓာတ်ရှိသော မြေဖြစ်ပါက
မြေအတော်များများတွင် စိုက်ပျိုးနိုင်ပါ၏ မြေဆီသြဇာကို ပြည့်စုံစွာ ဖြည့်ဆည်းပေး၍ အစိုဓာတ်
လုံလောက်စွာပေးနိုင်ရန် လိုအပ်ပါ၏ ကြက်သွန်နီသည် အလွန်ချဉ်သောမြေကို မနှစ်သက်ခြင်းကြောင့်အောက်
မြန်မာပြည်တွင် စိုက်ပျိုးမှု နည်းပါသည်။ ကြိုက်နှစ်သက်သော မြေချဉ်ငံကိန်းမှာ ၆ မှ ၇ ဖြစ်ပါသည်။
အပူအအေး သင့်တင့်သော ရာသီဥတုကို ကြိုက်နှစ်သက်ပါသည်
သာမာန်အားဖြင့် အပူချိန် အသင့်အတင့် မြင့်ပြီးနေ့တာရှည်က ဥ ဖြစ်ပေါ်မှုကို အားပေးပါသည်။
အပူချိန်သည် ပွင့်တန်ထွက်ခြင်းကို စိုးမိုးပါသည်အပူချိန်၅၀-၆၀ ဒီဂရီဖာရင်ဟိုက်တွင် နေ့တာတို ၁၂နာရီ ရရှိပါက ပန်းပွင့်၍ အစေ့တည်စေသည်။ တစ်နှစ်ပတ်လုံး အပူအအေး နှင့်နေ့တာ
အတိုအရှည် ညီမျှသောဒေသတို့တွင် တစ်နှစ်အတွင်း မျိုးပြန်လည်ခံနိုင်ပါသည်။ ကြက်သွန်ဥ
အတွက် အကောင်းဆုံး အပူချိန်မှာ ၁၃-၂၇ ဒီဂရီ စင်တီဂရိတ် ဖြစ်သည်။ ဥချချိန် အပူချိန်
နိမ့်လွန်းပါက အနှံထွက်လာတတ်သည်။ အကောင်းဆုံး အပူချိန်မှာ၂၀-၂၅ ဒီဂရီ ဒင်တီဂရိတ်ဖြစ်ပြီး
အလင်း ကာလမှာ ၁၂ -၁၃ နာရီ ရှိရမည်ဖြစ်ပါသည်
ကြက်သွန်စိုက်စားတော့မည် ဈေးကောင်းနေပါတယ်