မချေးနဲ့ မငှားနဲ့

in #myanmar7 years ago (edited)

FB_IMG_1506384484998.jpg

လောကလူ့ရွာမှာ ချေးယူခြင်း ငှားယူခြင်း အမှုကိုပြုကြသည်ကို လူတိုင်းအသိပင်ဖြစ်ပါသည်။
ကိုယ့်မှာမရှိသောအရာ ကိုယ်မှာမရှိသေးသောအရာ တို့အတွက် လက်ငင်းအသုံးပြုနိုင်ရန်အတွက်
တပါးသူထံမှ ချေးငှားယူကြရလေသည်။လူနေမှုစနစ်ရဲ့ လိုအပ်ချက်တစ်ခုဟုဆိုလျှင်လည်းမမှားတန်ရာပါ။
တစ်ခါတစ်ရံ အခက်အခဲဆိုသည်မှာ လူတိုင်းရှိတက်သည်။ ထိုအချိန် ထိုအခါများတွင် အခက်အခဲများ
ပြေလည်စေရန်အတွက် ရေတို ဖြေရှင်းနိုင်ရန် ချေးယူခြင်း ငှားယူခြင်း ကိုမလွှဲ မရှောင်သာလုပ်ကြရမည်သာ။
အိမ်မှာ ဆားကုန်နေလို့ဘေးအိမ်မှာ အနည်းငယ်တောင်းယူနိုင်သည်။ ဆန်ကုန်သွားလို့ ခဏချေးယူမည်။ နောက်နေ့
ဈေးသွားတဲ့အခါမှ အစားပြန်ဝယ်လာပေးမည်။ အမြဲတမ်းတောင်းယူနေမည် ။ ချေးယူနေမည်ဆိုလျှင်တော့ ပေးရသူ
လည်းကြည်ဖြူမှာမဟုတ်သလို တောင်းတဲ့အခါတိုင်းလည်း ရလိမ့်မည်မဟုတ်ပါ။

"ယူတော့ပြုံးပြုံး တောင်းတော့မုန်း လုံးလုံးမသက်သာ မှတ်ပါ လူ့ရွာမှာ" ဟူသော စကားဆိုရိုးတစ်ခွန်းရှိလေသည်။
ချေးငှားတက်သူများ အတွက် သတိထားနိုင်စေရန် သင်ခန်းစာပေးသော လမ်းညွှန်အဆုံးအမဖြစ်ပေသည်။
သူအခက်အခဲရှိတုန်းက မိမိထံလာရောက် အကူအညီတောင်းခံကာ ယူငင်တုန်းက အချိုသာဆုံးသောအပြုံးလေးနှင့်
စကားတွေပင် ရွှန်းရွှန်းဝေလျှက် ဂတိများအထပ်ထပ်ပေးအာမခံလို့ ယူကာသွားလေသည်။ အချိန်အခါကျလို့
မိမိ ချေးခဲ့ငှားခဲ့သောအရာကို တောင်းယူလေသောအခါများတွင်တော့ အဆင်ပြေလျှင်ပေးမှာပါ ။အဆင်မပြေ
သေးလို့မပေးတာ။ ပေးစရာရှိလျှင် အတောင်းခံမနေဘူး ပေးလိုက်မှာပေါ့ ဟူသောရန်တွေ့စကားပင်ဆိုခံရနိုင်သည်။
အချို့များဆိုလျှင် ပေးပြီးပါပြီကော ဘယ်တုံးကပေးတာ ထပ်တောင်းနေပြန်ပြီ ဟူသော ငြင်းချက်များထုတ်လျှက်
လိမ်လည်လှည့်ဖြားကြလေသည်။ နောက်ဆုံးတွင်တော့ မိမိပေးသောအရာ ပြန်ရသည်ဆိုစေဦး လူတွေရဲ့အမုန်းပွားခြင်း
ကိုခံရခြင်းသာ အဖတ်တင်ကျန်ရစ်သည်။ မိမိ အတွက်နစ်နာရသည်သာ။ ပြန်မရဘဲ ဆုံးသည့်အခါများမှာတော့
မိအေး နှစ်ခါနာရလေတော့သည်။

အချို့သောသူများသည် အချေးအငှားဝါသနာထုံကြသည်။ အချို့မှာ အချေးအငှားသာမက အတောင်းအရမ်းပင်ထူကြသည်။
အိမ်သို့အလည်လာလျှင် လောက၀တ်အရကောမိမိစေတနာအရပါ ရှိတာလေး ချကျွေးဧည့်ခံရသည်။ မိမိတွင်ရှိသော
ပေါများသည့်အရာ ပိုသည့်အရာ မလိုသည့်အရာများကို လေ့လာတွေ့မြင်လေလျှင် အားနာမှုကင်းမဲ့စွာပင် တောင်းယူ
ကြတော့သည်။ မြန်မာတို့သည် အားနာတက်သူများဖြစ်ကြကာ ထိုအားနာမှုကို အခွင့်ကောင်းယူလျှက် တောင်းကြခြင်း
ဖြစ်လေသည်။ ပေးရသောသူဘက်ကလည်း မလွှဲမရှောင်သာပင် အောင့်သက်သက်နှင့်ပေးလိုက်ရသောအခါများရှိလေမည်။
ထိုသို့တောင်းလက်စရှိလေလျှင် မကြာခဏ ဆိုသလိုပင်လာရောက်တိုင်း တောင်းယူပေတော့သည်။ တစ်ခါမှ နှစ်ခါ
နှစ်ခါမှ သုံးခါ သုံးခါမှ အခါခါဖြစ်လာလေလျှင် ပေးသူမှာ စေတနာပျက်လာပြီဖြစ်သည်။ ထိုသူ နောက်တစ်ခါ အိမ်လည်
လာမည်ကိုပင်ကြောက်နေမိတော့သည်။ လာသည်ဆိုလျှင်လည်း အကြောင်းများပြလျှက် ရှောင်ရှားပေတော့မည်။
စိတ်ပျက်ပေတော့မည်။ အမြင်ကပ်ပေတော့မည်။ အတောင်းအရမ်းထူသူများသည် လူမုန်းဆေးဖော်နေကြခြင်းသာဖြစ်လေသည်။

ချေးငှားသူနှင့်တောင်းရမ်းသူတွင် ချေးငှားသူက သာလို့ပင်ဆိုးချေသေးသည်။ တောင်းရမ်းသူမှာ အပြီးတိုင်အပြတ်ပေး
လိုက်ရသည်မို့ ပြန်လည်မျှော်လင့်စရာမရှိ စိတ်ပူရန် သောကပွားရန်မလို။ ချေငှားသူများကတော့ ထိုသို့မဟုတ်ပြီ။ စိတ်တထင့်ထင့်
နှင့်စောင့်မျှော်ရသည်။ အချိန်အခါကျလို့ ပြန်မပေးလျှင် ကိုယ်ကပင် မျက်နှာပူစွာနဲ့ ပြန်လည်တောင်းခံရသည်။
အတောင်းအရမ်းဝါသနာပါသလို အချေးအငှားလည်းသန်ကြသောသူတို့သည် အလကားရမည်ဆိုလျှင် ဆင်အကောင်လိုက်ကို
ပင်လျှင်ကြော်စားမည့်သူများဖြစ်သည်။

ချေးယူထားသောအရာ ငှားယူထားသောအရာမှန်သမျှသည် အချိန်အခါတန်သည်နှင့် ပြန်လည်ပေးချေရမည်ဖြစ်သည်။
ချေးယူခြင်းငှားယူခြင်းသည် အကြွေးဖြစ်သည် ။ အကြွေးရှိလျှင် ကျေအောင်ဆပ်ရပေမည်။ သံသရာကြွေးဆိုသည်ကား
ယူဆောင်သွားအပ်သောအရာမဟုတ်ပေ။ မိမိချေးယူမည့် ငှားယူမည့် အရာကို အချိန်အခါကျလျှင် ပြန်လည်ပေးဆပ်နိုင်သည့်
ခွန်အား အခြေအနေ အခွင့်အလမ်းကို မိမိသာလျှင်အသိဆုံးဖြစ်သည်။ ထိုအခြေအနေမရှိပါပဲ ယူလိုက်သည်ဆိုလျှင် မိမိရဲ့
ဂုဏ်သိက္ခာအား ရောင်းစားပေါင်နှံခြင်းပင်ဖြစ်သည်။

ချေးယူခြင်းငှားယူခြင်းသည် ယာယီအခက်အခဲရှိနေသူများ ခဏတာမပြေလည်မှုများကိုဖြေရှင်းနိုင်ရန်အတွက် လူကောင်းလူမှန်
များအား လောကသဘာဝက အခွင့်အရေးတစ်ရပ်ပေးထားခြင်းသာဖြစ်သည်။လူလိမ် လူညာ အခွင့်အရေးသမားများအတွက်
မဟုတ်ပါ။ တစ်စုံတစ်ယောက်အား အခွင့်အရေးတစ်ရပ် သင်ကပေးတော့မည်ဆိုလျှင် ထိုသူသည် သင်ပေးမည့်အခွင့်အရေး
နှင့် ထိုက်တန်သူဟုတ် မဟုတ်ကို သေချာစမ်းစစ်ရပေလိမ့်မည်။

အချေးအငှားအကြောင်းရေးမိတော့ ငယ်ရွယ်စဉ်အခါက အသိမိတ်ဆွေလူကြီးတစ်ဦးရဲ့ စကားလက်ဆောင်လေးကို သတိရ
မိသေးတော့သည်။ သူပြောခဲ့သည်ကား "လူလေးမင်း အသက်အရွယ်ရလာလို့ လူ့လောကထဲကျင်လည်တဲ့အခါ ရှောင်ရမဲ့
စကားသုံးခွန်းပြောပြခဲ့မယ် " ဟုဆိုကာ အောက်ပါစကားသုံးခွန်းကိုပြောပြခဲ့ဘူးပါသည်။
(၁) မင်းမိန်းမကိုမငှားနဲ့
(၂) မင်းနာရီကို မငှားနဲ့
(၃) မင်းစက်ဘီးကို မငှားနဲ့
သူပြောပြခဲ့တဲ့စကားလုံးတွေသည် တွေးကြည့်နိုင်လျှင် တွေးနိုင်သလောက် အသွားနက်လွန်းသည်ကို အသက်ကြီးလာသည့်
တစ်လျှောက် အမြင်အမျိုးမျိုးပြောင်းကာ သိလာရပေသည်။ ထိုဦးလေးကြီးအား ကျေးဇူးတင်စွာဖြင့် ဒီနေရာကနေ ဦးညွှတ်
လိုက်ပါသည်။
@mm7
photo:google image

Sort:  

ချေးငှားခြင်း သည်းခံပါ

၁၂၃ ကို မငှါးနဲ့ တဲ့
အပိုင်သာပေး ပစ်
Just kidding.
တကယ်ကို အသိတခု တိုးပါတယ်ဗျ။ ကျေးဇူးပါ။

thanks bro

ပိုက်ဆံချေးတဲ့သူက အားမနာတမ်းချေးနိုင်ပေမယ့် ကိုယ်က ပြန်တောင်းတဲ့အခါကျ အားနာလို့ ပါးစပ်ကပြောမထွက်ဘူး။

မချေးတော့ဘူးနော်

ချေးတော့ဘူး

အရမ်းကောင်းတဲ့ အရေးသားကိုပြန်လည်ဝေမျှပေးလို့ကျေးဇူးပါဗျ

ကန်တော့ဆွမ်း ပါဗျို့ လူခင်ရင်ငွေ မချေးပါနဲ့။

The borrow is lose friendships!

ဗဟုသုတတိုးပွါးစေပါတယ် ကျေးဇူပါ

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 65306.74
ETH 3488.89
USDT 1.00
SBD 2.51