လူငယ်မှလူရွယ်သို့
ဆင်းရဲတဲ့ မိဘဖြစ်ဖြစ် ချမ်းသာတဲ့မိဘဖြစ်ဖြစ် မိမိတို့မွေးထားတဲ့သားသမီးတွေကို လူလားမြောက်လာအောင်
မိဘတို့ဝတ်တရားရှိသည့်အတိုင်း ကျွေးမွေးပြုစုစောင့်ရှောက်ပေးခဲ့ကြပါသည်။ငါတို့ သားသမီးလေးတွေတော့
ကြီးပြင်းလာတဲ့အခါ ပညာတက်ကြီးတွေဖြစ်လာလိမ့်မည်။အရာရှိကြီးတွေဖြစ်လာလိမ့်မည်။ချမ်းချမ်းသာသာနဲ့
ဘ၀ကိုအဆင်ပြေစွာနေထိုင်သွားနိုင်ကြလိမ့်မည်။ငါတို့ဘ၀တွေထက်တော့ သူတို့လေးတွေရဲ့ ဘ၀များဟာ
အဆင်ပြေအေးချမ်းသာယာလိမ့်မည်ဟု ယုံကြည်မျှော်လင့်ကြသည်မှာ မိဘတိုင်းရဲ့ စိတ်ကူးယဉ် အိပ်မက်
တွေပင်ဖြစ်ပါသည်။
တဖြည်းဖြည်း အရွယ်ရောက်လာချိန်တစ်လျှောက်လုံးမှာလည်း မိမိတို့ဘ၀ပေးအခြေအနေနဲ့ သင့်တင့်လျောက်ပါတ်အောင်
သားသမီးများကို ပုံသွင်းယူခဲ့ကြပါသည်။ဆုံးမသွန်သင်ခဲ့ကြပါသည်။ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့ သားသမီးလေးတွေကို
ဆုံးမပဲ့ပြင်ခဲ့ကြသည်။မွေးဖွားလာသည့်အချိန်မှ ငါးနှစ်ခန့်အထိ ချော့မော့ကာပဲ့ပြင်ပေးခဲ့ကြသည်။ကျောင်းနေအရွယ်ငါးနှစ်
နောက်ပိုင်း ဆယ်နှစ်ကျော်ခန့်အထိ ရိုက်နှက်ဆုံးမမာန်မဲကာ သွန်သင်ပေးခဲ့ကြသည်။အသက်ဆယ့်ခြောက်နှစ်နောက်ပိုင်း
လူကြီးမဟုတ် လူငယ်မက အရွယ်ရောက်တော့မည့်အချိန်ကစလို့ မိတ်ဆွေသူငယ်ချင်းလို ပေါင်းသင်းဖေးမရင်းနှင့်ဆုံးမသွန်
သင်လမ်းပြလို့ပေးခဲ့ကြပါသည်။
မိဘနှင့်ဆရာသများတို့၏ ထားရာနေ စေရာသွားကာ ဆိုဆုံးမပဲ့ပြင်မှုများကိုခံယူခဲ့သည်။ ဘ၀အတွက်အတက်ပညာတွေသင်ကြား
ရင်းနှင့် ကလေးအရွယ်မှ တစ်စတစ်စလွန်မြောက်လာသည်။ အတောင်ပေါက်စငှက်ငယ်လေးဟာ အပြောကျယ်ပြီး အဆုံးအစမဲ့တဲ့
လောကဟင်းလင်းပြင်ထဲကို စတင်ပျံသန်းဖို့ အားယူချိန်မှစလို့ လူငယ်တစ်ဦးရဲ့ ဘ၀ခရီးဟာ စတင်တာထွက်လို့လာပါပြီ။
ထိုအခါတွင် လူငယ်တစ်ဦးသည် မည်သည့်လမ်းကို ရွေးချယ်ပါမည်နည်း။မိမိရွေးချယ်သည့်လမ်းကို မိမိကိုယ်တိုင်
လျှောက်လှမ်းရပေတော့မည်။ မိမိဘ၀ရှေ့ရေးကို မိဘဆရာတို့က မျှော်လင့်ရုံသာ မျှော်လင့်နိုင်ကြ၏။လမ်းပြရုံသာ
လမ်းပြနိုင်ကြ၏။လက်တွေ့လျှောက်လှမ်းရမည့်အလုပ်မှာ ကာယကံရှင်၏တာဝန်သာဖြစ်ပါသည်။
ယခုလိုအရေးကြီးသော ဆုံးဖြတ်ချက်များကိုချမှတ်ရသည့် အရွယ်ကားနုနယ်သေးသော လူငယ်အရွယ်လေးဖြစ်လို့နေသေးသည်။
ထို့ကြောင့်ဆုံးဖြတ်ချက်မမှားရန် အရေးကြီးလို့လာပါပြီ။ ထိုဆုံးဖြတ်ချက်တို့သည် မျှော်လင့်ချက်ဖြစ်သည် ရည်မှန်းချက်လည်းဖြစ်နိုင်ပါသည်။
ထိုမျှော်မှန်းချက်သည် သူဌေးကြီးလည်းဖြစ်ချင်ဖြစ်လိမ့်မည်။လုပ်ငန်းရှင်ကြီးလည်းဖြစ်ချင်ဖြစ်မည်။ဆရာဝန်ဖြစ်ချင်ဖြစ်မည်။
အရာရှိ အင်ဂျင်နီယာ ကုန်သည် စားရေးဆရာ စသည်ဖြင့်ဖြစ်ချင်ဖြစ်မည်။ဘာကိုဖြစ်ချင်တာလဲ မေးပါ။ဖြစ်နိုင်လောက်လား
ချင့်ချိန်ပါ။မိမိမျှော်မှန်းချက်ပန်းတိုင်ကိုအရောက်လှမ်းကိုင်နိုင်မည့် အကောင်အထည်ဖော်နိုင်မည့် အခြေအနေမိမိမှာရှိလားသေချာတိကျစွာသိဖို့လိုပါသည်။
ကိုယ့်ရဲ့စွမ်းဆောင်နိုင်မှုအခြေအနေ မိသားစုရဲ့ငွေကြေးတောင့်တင်းမှုထောက်ပံ့ပေးနိုင်မှုအခြေအနေတွေဟာလဲ
ဘ၀ရည်မှန်းချက်ဆုံးဖြတ်ချက်တို့ချမှတ်ဖို့ရန်အတွက် ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါသည်။အလွန်အလှမ်းဝေးသောအခြေနေတစ်ရပ်ကိုမှန်းဆလို့ ခက်ခဲနေမည့်အစား မိမိလှမ်းတက်နိုင်တဲ့ အနီးဆုံးအဆင့်တစ်ခုကိုဦးစွာ ရောက်နှင့်နေသင့်ပါသည်။အဘက်ဘက်က ပြည့်စုံမှ ဆိုလျှင်တော့ ဘယ်တော့မှအရောက်သွားနိုင်မည်မဟုတ်တော့။လိုအပ်ချက် ဆိုတာဘ၀တိုင်း နေရာတိုင်း အခြေနေတိုင်းမှာ ရှိနေမည်သာဖြစ်သည်။
@mm7
MSC - 068
Credit : google photo
thank for sharing
thanks you
wonderful info, i will follow
👍👍👍
thanks you.
very good
thanks you
ကိုယ့်လမ်းကို ကိုယ်တိုင်ရွေးချယ်လျှောက်လှမ်းရမှာပါဗျာ
thanks you
👍👍👍👍
thanks you
@mm7 Really good post.
thanks you.
ကျွန်နော်ဘာပြောခဲ့ရမှာလည်းအားလုံးပြည့်စုံနေတယ်ဗျ။တခုတော့ရှိတယ်ဒီထက်ရေးချလို့ရနိုင်သေးပါတယ်
thanks you
မှန်ပါပေသည်။
thanks you
Congratulations @mm7! You have completed some achievement on Steemit and have been rewarded with new badge(s) :
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP