Inside and Outside အတွင်းနှင့်အပြင်

in #myanmar9 years ago

inside-outside-gwoeii-ho.jpg

မိမိမျက်နှာမူထားရာအရပ်တွင်ရှိသော အရာတို့သည် မိမိအသိ အမြင် အာရုံအတွင်းမှာ ရှင်းလင်းတိကျစွာပင်မြင်ကြရမည်
ဖြစ်ပါသည်။ကောင်းတယ် ဆိုးတယ် ကြီးတယ် ငယ်တယ် မှားတယ်မှန်တယ် စသည်တို့ဖြင့် မိမိသိမြင်မှတ်သားလက်ခံထားသည့်
အတိုင်း မြင်တွေ့ခံစားနိုင်ပါမည်။ ထိုသို့ပင် မိမိမျက်နှာမူရာအရပ်နှင့် ဆန့်ကျင်ဘက် တွင်တော့ ဘာတွေရှိသည်ဖြစ်သည်ကို
မြင်နိုင်သိနိုင်ဖို့အတွက် မလွယ်ကူပါ။ လောကလူ့သဘောမှာလည်း ထိုကဲ့သို့ပင်ဖြစ်ပါသည်။ ဒီလူဟာ တော်တ်ာအသုံးမကျတဲ့လူပဲ
ဟုသူတစ်ပါး၏အပြစ်ကို ကြည့်ကာ ကဲ့ရဲ့ရှုတ်ချတတ်ကြပါသည်။

Inside_and_Outside_Beauty_by_AnkyShpanky.jpg

ငါဟာ တော်တော်အသုံးမကျတဲ့လူ လူဖျင်း လူညံ့ဟု ကိုယ့်အပြစ်ကိုကြည့်ပြီး အပြစ်တင်ဝေဖန်တတ်သူမှာ လောကထဲတွင်
အလွန်ရှားပါသည်။ထိုသို့သော သဘောသည် ဆန်းကြယ်သည့်အရာတော့မဟုတ်ပါ။ လူဆိုသည်မှာ အတ်တရဲ့ စေခိုင်းမှုများကြောင့်
အပြင်ဘက်ကိုသာ မျက်နှာမူထားတက်သောကြောင့်ဖြစ်ပါသည်။အတွင်းဘက်ကိုတော့ မေ့လျှော့ကာ သတိမရဖြစ်တက်ကြပါသည်။
ကိုယ့်မျက်ချေးကိုယ်မမြင် သူတစ်ပါး၏မျက်ချေးကိုသာ မြင်တက်ကြပါသည်။ လူ့သဘာဝပင်ဖြစ်ပါသည်။ လူတွေကို အမျိုးမျိုးဝေဖန်
ပြောဆိုတတ်သူများအားလေ့လာလျှင် ထိုသို့သောသဘောကို ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။

10431-Inside-And-Outside.png

သူတစ်ပါးရဲ့ အပြစ်အနာအဆာ ချို့ယွင်းချက် လိုအပ်ချက်တို့ကို မိမိကသိမြင်လေသကဲ့သို့ပင်။ မိမိရဲ့ အားနည်းချက် မှားယွင်းမှု
လိုအပ်ချက် ချို့ယွင်းလိုအပ်ချက်တို့ကို သူတစ်ပါးသည်လည်း တွေ့မြင်လိမ့်မည်ဖြစ်သည်။ သဘာဝကျသော လောကသဘော
ပင်ဖြစ်သည်။ကိုယ်နှင့်နှိုင်းမရိုင်း ဆိုသော စကားသည် မိမိကိုယ်ကိုယ် အရင်ကြည့်ပြီး ပြောဆိုဝေဖန်ကြရန် နှိုးဆော်သတိပေးထားသော
လမ်းညွှန်မှုတစ်ခုဖြစ်ပါသည်။မိမိမကြိုက်မနှစ်သက်သည်ကို အခြားလူများကလည်း နှစ်သက်လိုလားကြမည်မဟုတ်ပါ။
မိမိနှစ်သက် သဘောကျသလို သူတစ်ပါးကလည်းနှစ်သက်သဘောကျမည်သာဖြစ်ပါသည်။ ထိုသဘောကို မိမိကိုယ်
ကိုဝေဖန်တတ်သူများ အတွင်းဘက်သို့မျက်နှာမူပြီး ကြည့်တတ်သူများကတော့ သိနိုင်ပါလိမ့်မည်။

inside-outside-03.jpg

သူ့လိုအပ်ချက် နှင့်မှားယွင်းမှုတို့ကို မိမိကနားလည်း သိမြင်ပေးမှုတို့နှင့်အတူ အပြင်ဘက်သို့သာ အမြဲမျက်နှာမူ
ရှုမြင်သည့်နေရာမှတစ်ဆင့် အတွင်းသို့လည်း တစ်ပြန်တစ်လှည့်ရှုမြင်တက်လာမည်ဖြစ်သည်။
ဘယ်အရေးကိတ်စ မဆိုမိမိကိုယ်တွင်း အတွင်းစိတ်ကစတင်ခဲ့ကြ သည်ချည်းဖြစ်နေသည်ကို သတိထားကာ ဆင်ခြင်
တွေးတောကြည့်သင့်ပါသည်။ ပညာရှိသူတော်ကောင်းတို့သည် မိမိတို့ကိုယ်တွင်းမှာသာ ပြသနာရဲ့အဖြေကိုဦးစွာရှာ
ကြည့်တတ်ကြသည်။ သူလည်းငါ့လိုနေမှာပါကွာ ဟူသော ကိုယ်ချင်းစာစိတ်ကလေးဖြင့် အရာရာကို ဖြည့်ပြီးတွေး
ပေးတက်ကြသည်။ ခွင့်လွှတ်ပေးတက်ကြသည် နားလည်ပေးတက်ကြသည်။ သည်းခံကြသည်။ရန်မီးကို ငြိမ်းကြလေသည်။

Inside2013.gif

ထိုကဲ့သို့နှလုံးသွင်းမှန်ကန်သောစိတ်ထားလေးဖြင့် မိမိစိတ်ကိုဦးစွာ ငြိမ်းချမ်းမှုရအောင် ဆောင်ရွက်ကာကျင့်ကြံနေ
ထိုင်ကြလေသည်။ မိမိစိတ်ငြိမ်းချမ်းမှုတို့နှင့်အတူ မိမိအနားနေသူများသည်လည်း အလားတူငြိမ်းအေးခြင်းများကို
ရရှိကြလေသည်။ထိုသို့ဖြင့် အချင်းချင်း ကူးလူးဆက်ဆံရေးသည် ပြေလည်နိုင်စေသည်ကို သိမြင်ကြသည်။
တစ်ဦးမှတစ်မိသားစု။ တစ်မိသားစုမှ တရပ်ရွာ ။ ထိုမှ ထိုမှ တစ်ဆင့်ခြင်း ရပ်ကွက် မြို့ရွာ ။တိုင်းနိုင်ငံ ။ ကမ္ဘာ
လောကသို့တိုင် သာယာချမ်းမြေ့ငြိမ်းအေးခြင်းသည် ပျံ့နှံ့ ကူးစက်လို့သွားကြမည်သာဖြစ်ပါသည်။

@mm7
MSC - 068
Credit : google photo

Sort:  

ကောင်းပါ့ရှင်

ဟုတ်ကဲ့ပါဗျ

Good
Thank you for post

ကျေးဇူးတင်ပါတယ်ခင်ဗျ

Thank for sharing .. good post .

ကောင်းပါတယ်ခင်ဗျ

Good postပါဗျကျွန်​​တော်​post​လေးကိုလည်းvoteပြန်​​ပေး​ပေးပါအုံး​နော်​ voteအရမ်းနည်း​နေလို့ပါ

ဟုတ်ကဲ့ကျေးဇူးပါ

👍👍👍👍

ကျေးဇူးပါဗျ

Good Post Bro!

ကျေးဇူးတင်ပါတယ်

ဥပမာလေးတွေပေါ့👏👏👏

ဟုတ်ပါတယ်ခင်ဗျ

ကျေးဇူးပါ

ဥပမာလေးတွေ

ဟုတ်ကဲ့ ကျေးဇူးပါ

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.099
BTC 64781.27
ETH 1862.92
USDT 1.00
SBD 0.38