Fast Knife ဓါးရေးစွမ်းရည်

in INVEN Gaming4 years ago

83416706_2658501811053547_569683341154975744_n.png

Ror game ပေါက်စလေးတွေက ကစားလို့တော့ ကောင်းပါတယ် ပေါ့ပါးတယ် လျှင်မြန်တယ် အချိန်မကုန်ဘူး အလွယ်တကူ ကစားနိုင်တယ် ဒီနေ့မှာတော့ Fast Knife ဓါးရေးစွမ်းရည် ဂိမ်းလေးကို ကစားဖြစ်တယ် ပြိုင်ပွဲဝင်ဖြစ်တယ် ဒီဂိမ်းကိုတော့ ပုံသေနည်းနဲ့ကစားလို့ ရနေပါပြီ ဒီထက် အမှတ်များအောင် ထပ်မံ ကြိုးစားကြည့်ရပါဦးမယ် ကိုယ့်ထိပ်က လူတွေရဲ့ ကစားနည်းစနစ်တွေကို လေ့လာရမှာဖြစ်ပါတယ် ကိုယ်ကစားတာတော့ ဒီအမှတ်လောက်က အများဆုံးရနိုင်တာပါဘဲ ဒီထက် ပိုမိုရအောင် လုပ်ဖို့တော့ သိပ်မလွယ်တော့ပါဘူး ဒီနေ့မှာတော့ ထိပ်ပိုင်းနေရာကို မယူနိုင်ခဲ့ပါဘူး ထိပ်ပိုင်းနေရာနဲ့ နီးနိုင်သမျှ နီးအောင် တော့ ကြိုးစားယှဉ်ပြိုင်ခဲ့ပါတယ်
ဓါးလေးတွေကို လေထဲမှာ မှန်းဆပြီးပစ်လွှတ်ရတာဖြစ်ပါတယ် စတင် ပစ်လွှတ်တဲ့အချိန်မှာ အခက်အခဲမရှီပါဘူး ဓါး 4 ချောင်းလောက် ပစ်ပြီးသွားရင်တော့ ခေါင်းစားရပါပြီ နောက်ထပ် ပစ်လွှတ်မယ့် ဓါးတွေက တစ်ခုနဲ့ တစ်ခု သွားထိလို့တော့ မရပါူဘး အဲသလို သွားထိရင် ရှုံးပါတယ် အမှတ်မရတော့ပါဘူး ဓါးများများ ပစ်နိုင်လေ အမှတ်များများရလေဖြစ်ပါတယ်
စိတ်ကို တည်ငြိမ်စွာ ထားပြီး ကြိုးစားကစားရမယ့် ဂိးမ်ကောင်း တစ်ခုဖြစ်ပါတယ်

99152394_294580398601016_992918038502178816_n.png

Dia 12.25 ရထားတာကိုတွေ့မြင်ရပါတယ် ဒါဆိုရင်တော့ ဒိနေ့အတွက် အရှုံးတော့မရှိတော့ပါဘူး ပြိုင်ပွဲမှာ ဆုရတော့မှာဖြစ်ပါတယ် တစ်ရက်ကို လူပေါင်းခြောက်ဆယ် အတွက် ဆုပေးပါတယ် ပြိုင်ပွဲ တစ်ခုကို အယောက်နှစ်ဆယ်ဆုပေးတယ် တစ်ကနေ နှစ်ဆယ်အတွင်းဝင်သူအားလုံးဆရပါတယ် အဆင့်အလိုက်ဆုကြေးရရှိပါတယ် ပြိုင်ပွဲဝင်လူဦးရေ များရင်တော့ ဆုကြေးအရနည်းနိုင်ပါတယ်

101190958_1184112181928603_4030055302320619520_n.png
Rank 4 ရထားတဲ့အတွက် ဒီနေ့တော့ အခြေအနေကောင်းနေပါတယ် အခြားဂိမ်းနှစ်ခုကိုတော့ ဒိနေ့ မကစားဖြစ်ပါဘူး သိပ်လည်း မကစားနိုင်လို့ဖြစ်ပါတယ် ဆုံးရှုးမှု မရှိအောင် မကစားဘဲနေလိုက်ပါတယ်

ဂိမ်းကစားရန်အတွက် စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်ပါလင့်များမှ တစ်ဆင့် သွားရောက်လေ့လာ ကစားနိုင်ပါတယ် ကစားလို့ ကောင်းမွန်တဲ့ ဂိမ်းကောင်းလေးတွေကို များစွာတွေ့ရပါလိမ့်မယ်
https://play.google.com/store/apps/details?id=com.ziplab.rorgame

INVEN Gaming Discord Channel: https://discord.gg/vyPHGk6

@mm7

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 64060.81
ETH 3129.62
USDT 1.00
SBD 4.17