တောတောင်ထဲပြေးခြင်း

in #writing8 years ago (edited)

vuxns9prkof3y3bgn0xs.jpg
တောတောင်ထဲတွင် တစ်ယောက်တည်း ခြေဦးတည့်ရာပြေးနေမိသည်။ အသက်လုပ်ပြီး ခြေဦးတည့်ရာကိုပြေးနေမိ
သော်လည်း ဘယ်ဆီကိုပြေးနေသည်ဆိုသည့် တိကျသော ရည်မှန်းရာမရှိပါ နောက်မှလိုက်လာနေသည်ဆိုသည့်
ကြောက်စိတ် ခြောက်စိတ်ကြောင့်သာ ဆင်ကန်းတောတိုးသည့်ပမာ ပြေးနေခြင်းသာဖြစ်လေသည်။ လမ်းတစ်လျှောက်တွင် ကုန်းကမူများ ကျောက်ခဲသလဲများ ခြုံနွယ်ပိတ်ပေါင်းများအားလုံး တရွတ်တိုက်သကဲ့သို့
တိုးလို့ပြေးလာရသဖြင့် ခြေထောက်တို့သည်လည်း သွေးစများနှင့် စုတ်ပြဲနေချေသည်။ ပြေးရင်းအတော်ကိုမောပန်းလာလေသည်။ ခြေထောက်တွေ မလှမ်းချင်လောက်အောင် ညောင်းညာကိုက်ခဲလာလေသည်။ ရေငတ်လာသည်။ ခြေလှမ်းတွေကလည်း အတော်ကိုလေးလံလို့လာပါသည်။
ရင်ထဲမှာတော့ အမောများစို့ပြီးအပူလှိုင်းမှာ ဟောဟဲ လှိုက်နေသည်။ မျက်လုံးများလည်း ပြာဝေလို့လာလေသည်။
ဒါပေမယ့် မရပ်နားရဲပါ။ အသက်ကိုချစ်ခင်စိတ်သည် အတော်ကိုစွမ်းအားကြီးပါလား။ ရှေ့သို့ မနားတမ်းပြေးနေ
ဆဲသာဖြစ်လေသည်။ သူ့ရှေ့တည့်တည့်တွင် စမ်းချောင်းကလေးတစ်ခုကို ကန့်လန့်ဖြတ် လျှက်တွေ့လိုက်ရသည်။ သည်တော့မှ သူ့ရဲ့ပြေးနေသောအရှိန်ကိုလျှော့ချကာ ပါတ်ဝန်းကျင်ကို အကဲခတ်ကြည့်သည်။ နောက်သို့ သံသယမျက်လုံးများနှင့်လှမ်းကြည့်သည် သည်တော သည်တောင်ထဲ သူတစ်ယောက်တည်းပါလား။ ပြေးနေသည်ကို ရပ်လိုက်ပြီး နေရာတွင်ပင် ပစ်လှဲချလိုက်သည်။ အလွန်အမင်းရေငတ်သည့်အတွက် ရှေ့ကစမ်းချောင်းထဲ ခုန်ဆင်းကာ ရေသောက်လိုက်မည်စိတ်ကူးပြီး ခြေလှမ်းပြင်ပြီးကာမှ ရုတ်တရက်ရပ်တန့်လိုက်
ပါသည်။ တော်သေးသည် ။ သူသတိမထားမဘဲ ရေထဲဆင်းလိုက်လျှင် ဘယ်တော့မှပြန်တက်မလာနိုင်တော့သည့်
အဖြစ်သို့ရောက်သွားနိုင်ပါသည်။ ဟုတ်သည် သူ့တစ်ကိုယ်လုံးချွေးများရွှဲနစ်လို့နေသည်။ အလွန်ပူလောင်နေသည်၊
ရေလည်းငတ်နေသည်။ ဒီအချိနရေထဲဆင်းလိုက်လျှင် ရုတ်တရက် သေဆုံးသွားနိုင်သည်။ ရန်သူသက်လို့မသေဘဲ
သူသေသွားနိုင်သည်။ ရေငတ်သည့်အတွက်ရေသောက်ချင်စိတ်ကို ထိန်းချုပ်လိုက်ပြီး သစ်ပင်အောက်တွင် ပစ်လှဲကာ အနားယူလိုက်သည် ရင်အစုံသည်နိမ့်လိုက်မြင့်လိုက်နှင့်ဟောဟဲလှီုက်နေပါတော့သည်။

Author : @mm7
Photos credit; Google Image

Sort:  

ရောက်တက်ရာရာလေးတွေပေါ့

ဟုတ်ပ အစ်ကိုရာ

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.076
BTC 63599.33
ETH 1666.79
USDT 1.00
SBD 0.43