ဘာမှအလကားမရ

in #myanmar7 years ago (edited)

fgdgd.jpg

"လောကကြီးမှာအလကားရတာဘာမှမရှိဘူး ကိုယ်လုပ်မှကိုယ်စားရမှာ ကိုယ်မရှိဘယ်သူမှလာမကျွေးဘူး" ဟဲ့
အိမ်ရှေ့လမ်းပေါ်မှ အော်ကျယ်အော်ကျယ်လုပ်ပြီး စကားပြောကာ အလုပ်ခွင်သို့သွားကြဟန်ရှိသော လမ်းထဲမှဒေါ်ဘုမရဲ့
အသံဖြစ်ချေသည်။ဒီလမ်းထဲမှာ သူ့အသံကအကျယ်ဆုံး စကားပြောလျှင်အမြဲအော်ဟစ်ပြောဆိုတက်တာ သူ့အကျင့်။
သူ့နာမည်ကဒေါ်ဘုမ နာမည်အရင်းတော့မသိပါ တစ်လမ်းလုံးကသူ့ကိုဒေါ်ဘုမလို့ခေါ်လေသည်။ သူမရဲ့ ကျော်ကုန်းထက်
တွင် အုန်းသီးတစ်လုံးစာခန့်ဘုကြီးရှိလေသည်။ဒီအတွက် ဒီအမည်တွင်လေသည်ဟု ယူဆရပေသည်။

စောစောစီးစီး ပို့စ်လေးတစ်ခုရအောင် အကြံအိုက်နေတဲ့ကျွန်တော် ခေါင်းထဲလင်းလက်လို့သွားပါတော့သည်။
ဟုတ်လိုက်လေ လောကမှာအလကားရတာဘာမှကိုမရှိဘူး ဒီစကားလေးနားထဲမှာပဲ့တင်ထပ်လျှက်ရှိချေပြီ
မှန်ပါသည် လောကတွင်အလကားရသောအရာဘယ်တစ်ခုမှမရှိပါလေ။ သူ့အဖိုးနဲ့သူ့အခတော့ပေးရပါသည်။
အားလုံးကသူ့တန်ဖိုးနှင့်သူရှိကြသည်ချည်းဖြစ်ပါသည်။ မည်သည့်နေရာတွင်မဆို တွေ့နိုင်ပြီး အလွယ်တကူရနိုင်ပါသည်
ဆိုသောရေသည်ပင်လျှင် တစ်ပီပါကို လေးရာကျပ်ပေးဝယ်ရပါသည်။ဒါတောင် ရေရောင်းတဲ့စက်ရေတွင်းအိမ်ကတစ်အိမ်ကျော်
မှာဖြစ်လို့ ပိုက်လေးနဲ့လာထည့်ပေးသည်ခပ်စရာမလို။
';';'' (4).jpg
ဝေးတဲ့အိမ်များကတော့ ထမ်းပိုးလေးတစ်လက်ဆောင်ထားကြရသည်
လာရောက်ခပ်ယူရသည်။ ခြောက်ထမ်းကို လေးရာကျပ် တစ်ပီပါစာဖြစ်သည်။သူ့တန်ဖိုးကိုပေးချေရပါသည်။ရေကိုအလကား
ရတာ တစ်နှစ်မှာတစ်ရက်တော့ရှိသည် ထိုနေ့ကား မြန်မာနှစ်ဆန်းတစ်ရက်နေ့ ထိုနေ့တွင် ရေရောင်းသည့်အိမ်က ပိုက်ဆံမယူ
လိုသလောက်ခပ်ယူနိုင်ကြသည်။ဒါတောင် အလကားပေးသည်ဟုမဆိုသာသေးချေ ။ တစ်နှစ်လုံးအားပေးတဲ့ ဖောက်သည်တွေကို
နှစ်သစ်ကူး ပရိုမိုးရှင်းအပိုလက်ဆောင်ပေးသကဲ့သို့ဖြစ်သည်ဟု တွေးလို့ရနိုင်သေးသည်။အလကားရသည်ဆိုစေဦးတော့ ရေကိုခပ်ရန်အ
တွက် ရေခွက် ရေပုံးနှင့် အင်အားစိုက်ထုတ်ခပ်ယူရသော အရင်းအနှီးတို့သည် လိုသေးသည်မဟုတ်လား။

လူတစ်ယောက်ကြီးပွားချမ်းသာနေသည်ကို ဒီလူကံကောင်းလေခြင်းဟု ချီးကျူးပြောဆိုကြပါသည်။တကယ်တမ်းတွေးကြည့်ရ
မည်ဆိုလျှင် ကံကောင်းခြင်းကြောင့်တစ်ခုတည်းတော့မဟုတ်ပါလေ။ထိုကဲ့သို့အဆင်ပြေသည်အခြေအနေသို့ရောက်ရှိရန်အတွက်
အရင်းအနှီးစိုက်ထုတ်နိုင်ခဲ့သောကြောင့်သာဖြစ်ပါသည်။ထိုအရင်းတို့သည်ကား ကာယအား ဥာဏအားများပင်ဖြစ်ပါသည်။
သူရရှိလာတဲ့ ငွေကြေး လုပ်ငန်း အိမ် ကား အဆောင်အယောင် ကြော်ကြားမှုဂုဏ်သတင်း စသည်တို့သည် နေရင်းထိုင်ရင်း
အလိုလိုရရှိလာသည်တော့မဟုတ်နိုင်ပါလေ။ ထိုက်တန်သောအရင်းအနှီးအဖိုးအခများပေးချေလို့ရယူခဲ့ရမည်သာဖြစ်ပါသည်။
FB_IMG_1505825758878.jpg
အလကားရနိုင်သည်ဆိုသောအရာသည်လေကတွင်ဘာတစ်ခုမှမရှိဟုအထက်တွင်ဆိုခဲ့သည့်အတိုင်းပါပဲ။ကိုယ်ကဘာတစ်ခုမှ
စိုက်ထုတ်ခြင်းမရှိပါဘဲ တစ်စုံတစ်ရာကို လိုချင်နေခြင်းသည် မှားယွင်းသောစိတ်အခြေအနေပင်ဖြစ်ပါသည်။ဒါကြောင့်ထင်ပါသည်။
ရေသာခို အချောင်လိုက်သူများ အတွက်ဒီလောကကြီးတွင် နေရာမရှိနိုင်ပါဟု ဆရာသမားမိဘများက အထပ်ထပ်ဆုံးမတက်
ကြလေသည်။ဆီပေးလျှင်ဆားရနိုင်ပါသည်။ သမီးပေးမှသားမက်ရနိုင်ပါသည်။အခွင့်အေ၇းနှင့်ညီမျှသောအရင်းအနှီးကို မလွဲမ
သွေပေးဆပ်ရပါလိမ့်မည်။ငှက်ပျောသီးစားချင်လျှင်ငှက်ပျောပင်တော့စိုက်ရပါမည်။ဝယ်စားလို့ရသည်ဟုတော့ မပြောပါနှင့်ဦး
အဲ့ဒီလိုဝယ်နိုင်တဲ့အခြေအနေရောက်လာဖို့ တစ်ဖက်တွင် ငှက်ပျောပင်ကိုရောင်းသူသည်စိုက်ခဲ့ရပါလိမ့်မည်။သူသာမစိုက်ခဲ့လျှင်
သင်လည်းဝယ်စားတဲ့အခြေအနေကို ရောက်မလာနိုင်ပါလေ။တကယ်ကိုအလကားရတာမရှိပါ။
';';'' (5).jpg
အလကားရနိုင်တာဘာမှမရှိဆိုသည့်အတိုင်းလုပ်လျှင်တော့ရမည်ဖြစ်သည်။ဘာလုပ်ရမည်လဲ ကိုယ်လိုချင်တဲ့အရာနဲ့တူညီသော
တန်ဖိုးကိုပေးချေရန်ဖြစ်သည်။စတင်းပါဝါတွေရချင်တာလား ဟုတ်ကဲ့ပါ စာတွေများများရေးရပါလိမ့်မည်။ပို့စ်တွေများများတင်ရ
ပါလိမ့်မည်။မိတ်ဆွေကောင်းတွေများများရအောင်ဆောင်ရွက်ရပါမည်။ကြီးပွားချမ်းသာပါရစေ အဆင်ပြေပါရစေဟု ထိုင်ဆုတောင်း
နေတာတစ်ခုတည်းနဲ့တော့ တိုးတက်အောင်မြင်ခြင်းဆိုသည်မှာရောက်လာမည်မဟုတ်ပါလေ။သူများပိုက်ဆံအိတ်တွေကို လိုက်ဖြဲ
ကြည့်နေရုံ သွားရည်ကျနေရုံ နှင့်တော့ မိမိပိုက်ဆံအိတ်အတွင်း ဂဏန်းများတိုးမလာတာတော့သေချာနေပါသည်။ထိုက်တန်တဲ့
ရင်းနှီးမှုတွေတော့စိုက်ထုတ်ရမည်ဟုသာဆိုချင်ပါသည်။အရနည်းလျှင်လည်း နည်းသည့်အလျှောက်လုပ်နေသင့်သည်ဟုထင်ပါလေ
သည် ။မိုးစက်မိုးပေါက်သေးသေးလေးတွေ စုပေါင်းလိုက်တဲ့အခါတစ်ချိန်မှာတော့ပင်လယ်ကြီးဖြစ်လို့လာပါမည်ဆိုသည်မှာသေ
ချာနေပါသည်။တကယ်ကိုအလကားရတာဘာမှမရှိတာသေချာပါသည်။

ဟိုယခင်ကအသံအော်ကြီးဟစ်ကျယ်ပြောတက်သော ထိုဒေါ်ဘုမ ဆိုသောဘွားတော်အား နဲနဲမှကြည့်မရခဲ့ပါလေ။ဒီနေ့တော့
သူမကို ကျေးဇူးတင်နေမိပါ၏ သူ့ရဲ့အော်ကြီးဟစ်ကျယ်အသံခပ်စူးစူးကိုနားမခံသာခဲ့သမျှဒီနေ့မနက်တော့သူ့အကြောင်းပြု
လျှက်ပို့စ်တစ်ခုတော့ရရှိလိုက်လေပြီ။ တကယ်လို့ သူမသည် တိုးညှင်းသိမ်မွေ့စွာစကားဆိုတက်သူသာဖြစ်ခဲ့မည်ဆိုလျှင်.......

@mm7
MSC - 068
Credit : google photo

Sort:  

အလုပ်​မလုပ်​ပဲ ဘာဆိုဘာမှမရ

Thanks bro

ဘာမှတကယ်​အလကားမရပါဘူး

Thanks bro

Postလေးတစ်ခုပါရသွားတော့ ကျေးဇူးပိုပီးတင်သင့်နေပီ😁

Thanks bro

ဟုတိပါ့လေတောင်ကိုယှ်ူမှရတာ

Thanks bro

ဟုတ်ပါ့အေ free free နဲ့ လူလဲ ပြောင်နေပြီ

Thanks bro

ဘယ်​အရာမ လွယ်​လွယ်​မရပါပု​လေ ထ်ုက်​တန်​တဲ့ ရင်းနှီးမူ့​တော့ ရှိရမာပ😃😃

အမှန်ဆုံးသောစကားလေးတခွန်းပါကိုညမင်းသား

လေတောင်အလကားရဘူး

Coin Marketplace

STEEM 0.17
TRX 0.14
JST 0.028
BTC 59401.87
ETH 2615.39
USDT 1.00
SBD 2.40