အလုပ်တော့လုပ်ကြရမည်

in #poem8 years ago (edited)

DQmQXbpNjoZXFghgoC9QDm35Tp9VU6pADAmH3bVdxkHz5ji.png

အလုပ်တစ်ခုတော့ လုပ်ကြပါလေ
အကောင်းဖြစ်စေ အဆိုးဖြစ်စေပေါ့
အကောင်းလဲမလုပ် အဆိုးလဲမလုပ်ဘဲ
ဒီအတိုင်းထိုက်နေသူတွေ လောကမှာ
အလွန်များနေသည်။ ဘာမှမလုပ်သူထက်
အဆိုးတစ်ခု လုပ်သူသည် အောင်မြင်ရန်
အခွင့်အရေး ရှိသည်။
အလုပ်မလုပ်ဘဲ အခွင့်အရေး မရနိုင်သည်မှာ
အလွန်သေချာ လှပေသည်။
အလုပ်နှင့်အတူ ခံစားခွင့်နှင့် တာဝန်ရှိခြင်းသည်
တွဲလျှက်ရှိနေမည်သာ
ခံစားခွင့်တော့လိုချင်ပြီး
တစ်စုံတစ်ရာ တာဝန်မယူနိုင်လျှင်တော့
ဘယ်လိုမှ အလုပ်တစ်ခုလုပ်ဖြစ်တော့မည်
မဟုတ်ပါလေ။
ကလေးဆန်သောစိတ်ဖြစ်လေသည်။
အလုပ်လုပ်ပါ တာဝန်ယူပါ
အကျိုးခံစားခွင့်တွေလဲ သိမ်းပိုက်ပါ
အားလုံးသည် အလုပ်လုပ်သောသင့်
အတွက်ချည့်သာဖြစ်လေသည်။
လောကမှာ ကြီးပွားချမ်းသာနေသူအားလုံးသည်
အလုပ်လုပ်သူနှင့် တာဝန်သိသူ တာဝန်ယူသူ
များသာလျှင်ဖြစ်ကြသည်ကို တွေ့ရပါလိမ့်မည်။
အလုပ်လုပ်နေသောသင့်အတွက်
ကံကောင်းခြင်းသည် အမြဲအလည်လာ
သောအခြေအနေဖြစ်နေနိုင်ပါသည်။
အလည်လာခြင်းနှင့်အတူ
သင့်အတွက် လက်ဆောင်မွန်များ
မကြာခဏ ယူဆောင်ပေးလာမည်
မှာ သေချာနေလေသည်
ကံကောင်းခြင်းများ အလည်လာရန်
အလုပ်လုပ်ပြီး စောင့်ကြိုပါလေ
@mm7
photo-google image

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.075
BTC 64568.68
ETH 1677.08
USDT 1.00
SBD 0.42