Missရဲ့ ငယ်ဘဝ

in #introduce6 years ago

Missက ရန်ကုန်သူ။ ရန်ကုန်သူဆိုပေမဲ့ ငယ်လေးတုန်းက တောမှာနေကျတာ။ တောမှဆိုတဲ့ သိကျတဲ့အတိုင်းဘဲ။ အလုပ်အကိုင်က ကြမ်းတမ်းတယ်လေ။ အညာကျေးလက်ဒေသ မကွေးတိုင်းထဲမှာဆိုတော့ missတို့ အိမ်က သနပ်ခါးခြံလုပ်ကျတယ်ဆိုပါတော့။ သနပ်ခါးခြံဆိုတာကလည်း ခုငွေဖြစ်တာမဟုတ်လေတော့ နှစ်ချီစောင့်အုံး။ ဒီကြားထဲ သီးညှပ်ကလေးတွေစိုက် ရတာလေးနဲ့ ချွေတာစားကျရတယ်။

အဖေကတော့ အသက်ကြီးလာလို့ ဓားမဦးချ ဒီတောင်သူ အလုပ်ုကို အတော်ဖက်တွယ်ထားတာကလား။ အမိလည်း သူ့ အိမ်ဝိုင်းလေး သနပ်ခါးခင်းလေးကို တွယ်မက်ရှာပါတယ်။ အတွယ်တာတာက missရဲ့ အကိုအလတ်။ ကိုလတ်က အတော်ရည်မှန်းချက်ကြီးတာရှင့်။ missတို့ မောင်နှမ ၃ယောက်ထဲမှာ missက အငယ်ဆုံး ညီမထွေးလေး။ missမှာ အကိုကြီးနဲ့ အကိုလတ် ၂ယောက်ရှိတယ်။ စုစုပေါင်း မိသားစု ၅ယောက်ပေါ့ရှင်။ ဒါနဲ့ အကိုလတ်အကြောင်းကို ပြန်ဆက်အုံးမယ်ရှင့်။

ကိုလတ်က ငယ်ထဲက ငါ နိုင်ငံခြားကို ရောက်အောင်သွားမယ် ပိုက်ဆံ အများကြီးရှာမယ်လို့ အမြဲပြောတာ။ လေယာဉ်ပျံကြီး မြင်တိုင်းလည်း ငါ တစ်နေ့ ဒါကြီးစီးပြီး နိုင်ငံခြားသွားရမှာလို့ နွားတွေလို ရွှံ့တွေလူးရင်းကနေ မြင်တာနဲ့ ပြောတော့တာပါဘဲ။ ဒါနဲ့ ကိုလတ်လည်း ၁၀တန်းဖြေတယ်။ ပထမတစ်နှစ် မအောင်လို့ ဒုတိယတစ်နှစ်ထက်နေတုန်း အချိန်မှာဘဲ ရွာကိုလာတဲ့ မလေးရှားပွဲစာတွေနဲ့ လိုက်သွားပါတယ်။ အဖေက တားတဲ့ကြားက အမေက မျက်ရည်ကျတဲ့ကြားက သူထင်ရာဆို ဇွတ်လုပ်တက်တဲ့ ကိုလတ်က လိုက်သွားပါတယ်။

ဆက်ရန်...
missIMG_20180725_160634.png

Sort:  

This post has received a 48.14% upvote from @lovejuice thanks to @misslonemalay. They love you, so does Aggroed. Please be sure to vote for Witnesses at https://steemit.com/~witnesses.

ကျေးဇူးပါ

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 68694.24
ETH 3284.21
USDT 1.00
SBD 2.77