ရင့်ကျက်မှုအတိုင်းအတာ

in #trending5 years ago

image

ငါကျက်ရင့်လာပြီလား၊သို့မဟုတ် ငါရင့်ကျက်လာပြီ၊ ငါရင့်ကျက်နေပြီ၊ ငါမရင့်ကျက်သေးပါဘူးစသည်ဖြင့် ပြောဆိုလေ့ရှိကြပါသည်။ ဒီကောင်မရင့်ကျက်သေးဘူး။ ဒီကောင် ဘယ်တော့မှရင့်ကျက်လာမယ့်ကောင်မ ဟုတ်ပါ ဘူးစသည်ဖြင့် သူတစ်ပါးကို မှိုချိုးမြှစ်ချိုးလည်းပြောဖူးတတ်ကြပါသည်။ သို့သော် ရင့်ကျက်မှုဟူ သည်အဘယ်နည်း ဟု သေသေချာချာစဉ်းစားကြည့်ဖူးပါသလား။

အမှန်တော့ နို့စို့ကလေးတစ်ယောက် နို့စို့ချင်၍ငိုသည် အမေလုပ်သူကနို့လာတိုက်သည်။ တစ်ခါတစ်ရံ ဘယ်လိုမှမအားလပ်သေးသဖြင့် ကလေးငိုနေမှန်းသိသည့်တိုင် နိုင့်တိုက်မပေးနိုင်သည့်အခြေအနေမျိုး လည်းရှိတတ်သည်။ကြာလာတော့ ငိုတိုင်းလည်းရတာမဟုတ်ဟု ကလေးကနားလည်လာသည်။ နို့ဆာတိုင်း ငိုမနေတော့။ ဤသည် ပင်လျှင် ကလေးငယ်၏ ပထမဆုံးရင့်ကျက်မှုအစဖြစ်သည်။ ထိုမှ ကလေးကစော့ ချင်သည် စော့ချင် တိုင်းမိဘကခွင့်မပြု၊ ကလေးကအရုပ်တွေလိုချင်သည် မိဘကလိုချင်တိုင်းဝယ်မပေး။ သည်တော့ ကလေး က တစ်ဖြည်းဖြည်းနားလည်လာသည်။ လိုချင်မရသည့်လောက အကြောင်း။

နောက်တော့ မိဘအခြေအနေပေါ်မူတည်ပြီး လိုအပ်ချက်တွေများလေလေ ကလေး၏ရင့်ကျက်မှုကမြန်ဆန် လေလေဖြစ်လာသည်။ ရင့်ကျက်မှုဟူသည် လူ့ဘဝကိုယောနိသောမနသိကာယအတိုင်း သင့်တင့်လျှောက် ပတ်စွာနှလုံးသွင်းလာနိုင်ခြင်းဖြစ်သည်။ မိဘဆင်းရဲတိုင်း ကလေးငယ်က ရင့်ကျက်မှုမြန်ဆန်နိုင်သလား ဆိုတော့ ဒီလိုအတိအကျတော့မပြောနိုင်ပါ။ အချို့ဆင်းရဲပေမယ့် မရင့်ကျက်နိုင်ပဲ ကြီးပေါသောဖြစ်နေသူ တွေရှိသလို၊ အချိုမိဘကချမ်းသာပေမယ့် လောကအကြောင်းလူ့အကြောင်းသိလွယ်တတ်လွယ် မြင်လွယ် သူတွေလည်းရှိသည်။ယျေဘူယသဘောမျှတော့ လောကဒဏ်တရားနဲ့များများရင်ဆိုင်ရသူက ရင့်ကျက်မြန် သည် ဟုဆိုနိုင်မည်ထင်ပါသည်။

အရွယ်ရောက်လာတော့ စာဖတ်အားကောင်းသူတွေက ရင့်ကျက်မှုပိုမိုမြန်ဆန်လာသည်။ထို့ထက်ပို၍ တရားဘာဝနာပွားများသူ၊ သမာဓိကိုကောင်းစွာထူထောင်နိုင်သူတို့က ပို၍ရင့်ကျက်လာသည်။တကယ်တော့ ရင့်ကျက်မှုဟူသည် လောကဒဏ်ကို မတုန်မလှုပ်ရင်ဆိုင်လာနိုင်ခြင်းသည်ရင့်ကျက်မှုပင်ဖြစ်သည်။

အချို့သူများမှာ အလုပ်အကိုင်များ၊ အပြောအဆိုများမှာရင့်ကျက်သလိုဖြစ်နေသော်လည်း မိဘ၊ဆွေမျိုး၊သား သမီး စသည် တို့ ဆုံးရှုံးရသည့်အခါ ထူးထူးခြားခြားတုန်လှုပ်သွားတတ်ကြသည်။အချို့ ဆရာတော်သံဃာ တော်များပင်လျှင် ထိုသို့သောအဖြစ်အပျက်များအတွက်တုန်လှုပ်တတ်ကြသည်။

လောကဒါဏ်ကိုလုံးဝမတုန်လှုပ်တော့ပဲရင့်ကျက်နိုင်ကြသူများမှာ ဘုရားရဟန္တာများနှင့် သောတာပန်၊အနာ ဂါမ်၊သကဒါကမ်စသူတို့ဖြစ်သည်။သောတာပန်အဆင့်ရောက်လျှင်ပင် လူ့လောက၏ အလုံးစုံရင့်ကျက်မှုကို ရရှိသွားပြီဖြစ်ပါသည်။သောတာပန်အဆင့်တွင် ရောက်ရှိနေပြီဖြစ်သော ထိုသူသည် မိဘဆွေမျိုး၊ သားသမီး မြေးမြစ်တို့ဆုံးရှုံးရသည့်တိုင် မျက်ရည်မကျတော့ပဲ ပြုဖွယ်ကိစ္စများကိုသာ ဝတ္တရားကျေအေင်ဆောင်ရွက် သွား တော့မည်ဖြစ်သည်။ လူ့လောကကြီးသည် ခဏတာသာဖြစ်ပြီး ဖြစ်ခြင်းပျက်ခြင်းသည် ထူးခြား ဖြစ်စဉ်မဟုတ်ဖြစ်ပျက်အစဉ်သာဖြစ်သည်ဟု ကောင်းစွာနားလည်သဘောပေါက်သွားနိုင်သည့် သောတာပန် အဆင်သည်သာလျှင် ရင့်ကျက်မှု၏ အဆုံးဖြစ်လေသည်။

မင်းစိုးနိုင်

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64006.33
ETH 3077.08
USDT 1.00
SBD 3.87