မြင်စိတ်
မြင်စိတ်
မြင်စိတ်တစ်ခုဖြစ်ပေါ်ရန် အချက်(၄)ချက်လိုပါသည်။
၁။ မြင်စရာပစ္စည်း
၂။ အလင်း
၃။ မျက်လုံးအကြည်
၎။ စေတသိက်
လေးခုပေါင်းတော့ စိတ်တစ်ခုဖြစ်ပေါ်လာသည်။ စေတသိက်အပေါ်မူတည်၍ ဒေါသမူစိတ်ဖြစ်ချင်ဖြစ်မည်။ လောဘ မူစိတ်ဖြစ်ချင်ဖြစ်မည်။မောဟမူစိတ်ဖြစ်ချင်ဖြစ်မည်။ ဘာစိတ်ဖြစ်လာဖြစ်လာ ရှေ့က အချက် (၄)ခုကပြည့်ကိုပြည့်ရမည်။
သို့သော်အဆိုပါ(၄)ချက်ပြည့်စုံပါလျှက်မြင်စိတ်မဖြစ်ပေါ် (ဝါ)မမြင်ရသော အခြေအနေမရှိနိုင်ဘူလား။ ကျွန်တော် စဉ်းစားကြည့်ပါမည်။
နံပါတ်(၁) မြင်စရာပစ္စည်း
မြင်စရာပစ္စည်းသည် အမှန်တကယ်ရှိပါသည်။ ရေထဲမှာပါ။ Virus သို့မဟုတ် Bateria ပိုးဖြစ်သည်။ အချက် (၄) ချက်ပြည့်စုံနေပါသည်။မမြင်ရပါ။ သူ့ကိုမြင်ရစေရန် အနုကြည့်မှန်ပြောင်းလိုပါသည်။ အနုကြည့်မှန်ပြောင်းဆိုသည်မှာ ကျွန် တော် တို့ မျက်လုံးအတွင်းမှ မှန်ဘီလူးကို သာမန်ထက်အားကောင်းလာစေရန်ပံ့ပိုးပေးလိုက်ခြင်း၊ အားဖြည့်ပေး လိုက်ခြင်းဖြစ် ပါသည်။ သူက နံပါတ်(၃) မျက်လုံးကို ထောက်ပံ့ပေးခြင်းဖြစ်ရာ နံပါတ်(၂)အချက်ဖြစ်သော အလင်းကိုရောအားဖြည့်ပံ့ပိုး လိုက်လျှင် မြင်ရနိုင်မည်လား ကျွန်တော်ဆက်စဉ်းစားကြည့်မိသည်။ ရနိုင်ပါသည်။ ပြူတင်းပေါက်ကထိုးကျနေသော နေရောင်အောက်တွင် ဖုန်မှုံ့ကလေးများပြန့်လွင်နေသည်ကိုမြင်ဖူးသူများရှိပါမည်။ သာမန်အလင်းထက်ပိုသော နေအလင်း ကြောင့်မဟုတ်ပါလား။နောက် X-Ray အောက်တွင် ထွင်းဖေါက်၍ပင်မြင်နိုင်သော အရာများရှိလေသည်။
၁။ မြင်စရာပစ္စည်း
၂။ အလင်း
၃။ မျက်လုံးအကြည်
တို့ကို အားကောင်းအောင်ပြုလုပ်ပေးလိုက်လျှင် မမြင်နိုင်သောပစ္စည်းများကိုပင်မြင်လာနိုင်ကြသည်ကို စာဖတ် သူနားလည်ပြီဆိုပါလျှင် နံပါတ်(၄) စေတသိက်ကို အားကောင်းအောင်ပြုလုပ်ပေးနိုင်လျှင်ရော မြင်လာနိုင်မည်လား ကျွန်တော်တွေးကြည့်ပါသည်။ စေတသိက်သည်အမှန်တကယ်တော့ အာရုံစူးစိုက်မှုတစ်မျိုးပင်ဖြစ်ရာ အာရုံမစိုက်လျှင်မမြင် ဆိုသော သဘောတရားကိုလည်း လက်သင့်ခံနားလည်နိုင်မည်ထင်ပါသည်။ထိုအပြင် အာရုံစူးစိုက်မှုကို သမာဓိအဆင့်အထိ တိုးမြှင့်လိုက်သောအခါ သာမန်လူတို့မမြင်နိုင်သော အရာများကိုမြင်လာနိုင်သည်ဆိုသည်မှာ မဖြစ်နိုင်စရာမရှိတော့ပါ။။
မြင်စရာအာရုံတစ်ခုပေါ်တွင် စိတ်ကိုဆွဲယူ၍တင်ပေးခြင်းကို ဥဂ္ဂဟနိမိတ်၊ ထိုအာရုံပေါ်တွင်ရစ်ဝဲနေမှုကို ၊ပဋိဘာ ဂနိမိတ်ဟုခေါ်ပြီး အာရုံစူးစိုက်မှုအားကောင်းလာလျှင် ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကက္ကတာ ဈာန်စိတ်များ အဆင့်ဆင့် ဖြစ်ပေါ်လာပါမည်။ပဉ္စမဈာန်အထိဝင် အပြန်ပြန်အလှန်လှန် ဈာန်ဝင်စားနိုင်သည့်အခါ စိတ်စွမ်းအားတစ်မျိုးဖြစ်ပေါ်လာပြီး၊ သူတပါးစိတ်ကိုသိမြင်နိုင်ခြင်း၊ မြေလျှိုးမိုးပျံနိုင်ခြင်း၊ ကိုယ်ခွဲများစွာဖန်တီးနိုင်ခြင်းစသော တန်ခိုးများရရှိလာသည်ဟုဆိုပါ သည်။
ထိုဈာန်စိတ်သည် စေတသိက်မဟုတ်သော်လည်း စေတသိက်၏ အပိုင်းတစ်ခုဖြစ်ရာ မြင်စိတ်တစ်ခုဖြစ်ပေါ်ရန်
၁။ မြင်စရာပစ္စည်း
၂။ အလင်း
၃။ မျက်လုံးအကြည်
၎။ စေတသိက် တို့ပြည့်စုံရမည်ဆိုသည်ကို ငြင်းဆိုနိုင်ခြင်းမရှိတော့ပါ။
ရေးသားသူ-မင်းစိုးနိုင်
MSC 010
@alchemage has voted on behalf of @minnowpond.
If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.
thank for sharing
Thank for your comment
Very good post kominsoenaing thanks
Thank you friend
ဟာ ဆရာ ကသိုင်းကြည့်နည်းတွေပါလာအုံးမယ်ထင်တယ် နယ်စုံပါလား ဆရာ ကျွှန်တော့်မြင်စိတ်က ဖုန်းထဲဘဲရောက်ရောက်နေတယ်ဆရာ
မြင်ရင်မြင်တယ်မှတ်နေလိုက်
မြင်ရင်မြင်တယ်မှတ်နေလိုက်
မြင် သတိ ကြားသတိ စားသတိ အကုန်လုံး သတိ သက်သာလို့မအော်မချင်း သတိဆွဲထားပါတယ်
ဘယ်တပ်ဖွဲကလည်းမသိဘူး