မြန်မာတွေနဲ့ steemit

in #myanmar6 years ago (edited)

ကမ္ဘာပေါ်တွင် ထူးခြားအံ့သြဘွယ်ရာကောင်းသော နိုင်ငံတစ်နိုင်ငံရှိပါသည်။ ထိုနိုင်ငံသည် ယနေ့ခေတ်မီ တိုးတက်လှသောကမ္ဘာကြီးပေါ်တွင် BitCoin မသိ၊ paypal မသိ၊ Crytocurrency မသိ သောနိုင်ငံတစ်ခုဖြစ်ခဲ့ပါသည်။ ယခုအခါ တိုးတက် တက်ကြွသော လူငယ်တစ်ချို့ကြောင့် BitCoin ၊ paypal ၊ Crytocurrency တို့ကို သိလာ ပြန်သော်လည်း Paypal အကောင့်အတွက် လည်းကောင်း၊ PM အကောင့်အတွက်လည်းကောင်း နိုင်ငံတာကာသုံး Visa Card မရှိ။ နိုင်ငံတကာသုံး Driver license မရှိ၊ Passpost ကအလွယ်တကူမရပါ။
ထို့အပြင် Payza တို့ Payee တို့တွင်အကောင့်ဖွင့်မည်ဆိုပါက ရွေးချယ်ရသော နိုင်ငံအမည်စာရင်း တွင်ပင်မပါဝင်ပါ။ ထိုမျှ တိုးတက်မှုနောက်ကျ၍ နိုင်ငံတကာက အဖက်လုပ်စာရင်းမသွင်းသောနိုင်ငံ ကလေးကို Myanmar နိုင်ငံဟုခေါ်ပါသည်။ ကမ္ဘာပေါ်တွင် ငွေကြေးတို့သည် ပုံစံအမျိုးမျိုးတို့ဖြင့် များပြားစွာ ပျံ့နှံ့ရောက်ရှိနေပြီး လူတို့သည် Production တစ်ခုခုကို ထုတ်လုပ်၍ ငွေရှာသည်ထက် ငွေကိုငွေဖြင့်ရှာသည့် နည်းလမ်းများဖြင့် ငွေရှာ နေကြပြီဖြစ်သော်လည်း Myanmar နိုင်ငံတွင် စိုက်ပျိုးရေးကိုအခြေခံ၍ စီးပွားရှာနေရဆဲဖြစ်ပါသည်။
ယနေ့ခေတ်သည် IT ခေတ်ဖြစ်သည်။ Computer နှင့် Mobile Phone များကိုအသုံးပြု၍ အရာရာ ကို ဖန်တီးနိုင်နေကြပြီဖြစ်ပါသည်။ ထူခြားစွာဖြင့် အဆိုပါ IT ပစ္စည်းများဖြစ်သည့် Computer နှင့် Mobile Phone တို့သည် Myanmar တို့၏ လက်ထဲတွင်ကိုင်ဆောင်အသုံးပြုလာနိုင်ကြပါသည်။ နည်းပညာဟူ၍ အခြေခံအားနည်းလှသည်ဖြစ်ရာ Computer နှင့် Mobile Phone တို့ကိုလည်း စာစီ၊ စာရိုက်အတွက် လက်နှိပ်စက်သာသာအသုံးပြုတတ်ရုံမျှသာသုံးစွဲတတ်ပါ သည်။
လူငယ်အချို့သည် Crytocurrency ငွေကြေးများကို အသည်းအသန်ရှာတတ်လာကြသော်လည်း ထိုငွေ ကြေးများ ကို ထုတ်ယူနိုင်ရန် Bank မရှိပါ။ အချင်းချင်းသာ လွဲပြောင်းရောင်းချ နေကြရပါသည်။ ၂၀၁၇ ခုနှစ် မေလခန့်တွင် Steemit ကိုစတင်သိရှိလာပြီး Steemit platform ပေါ်သို့ မြန်မာလူငယ်များ ရောက် ရှိလာကြပါသည်။ နိုင်ငံခြားနိုင်ငံတစ်နိုင်ငံ သွားရောက်အလုပ်လုပ်ကိုင်နေသူတစ်ယောက်မှ Steemit နှင့် မြန်မာလူငယ်များကို မိတ်ဆက်ပေးခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ ရာနှင့်ချီ၍ ဝင်ရောင်လာသည့် မြန်မာ လူငယ်များသည် Quality Content ကိုမသိပါ။ အများအားဖြင့် စာသားများ ကို Post တစ်ခုအဖြစ် Steemit ပေါ်သို့တင်လိုက်နိုင်လျှင် Steem Dollar ရသည်။ ထို Steem Dollar သည် US Dollar ဖြင့် လဲနိုင်သည် ပြီးလျှင် မြန်မာကျပ်ငွေကို exchange rate ဖြင့်ရမည်။ ဒီလောက်ပဲသိကြသူများပါသည်။ ထို့ကြောင့်ပင်လျှင် facebook ပေါ်တွင်လည်းကောင်း၊ Webpage များပေါ်တွင် လည်းကောင်းသူတပါးရေးသား ထားသည့် စာများကို Copy ကူး၍တင်ကြသည်။ စာအုပ်များထဲမှ စာသားများကို မိမိရေးသားထားသယောင်ပြု၍ ကူးတင်ကြသည်။ ထိုအခါ cheetah ကွန့်မန့်အကြိမ်ကြိမ်မိကြတော့သည်။ cheetah ကွန့်မန့်မိလျှင် Reputation ကျမည် Down Vote မိမည်ဟုဆိုကြ၍ နောက်ပိုင်းတွင် တတ်နိုင်သ၍ မိမိဘာသာ ရေးလာကြပါသည်။ သို့သော် မြန်မာဘာသာဖြင့် အဆင့်မရှိသော ရောက်တတ်ရာရာ စာများသာ ရေးကြ ခြင်းဖြစ်သည်။
ထိုသို့မြန်မာဘာသာဖြင့် ရေးသားသည့်အတွက် မြန်မာလူမျိုးမှလွဲ၍ နိုင်ငံခြားသားများက လာ ရောက်ဖတ်ရှု နိုင်ခြင်းမရှိကြပါ။ သို့ဖြစ်၍ Quality Content လား Plagiarism လား Copyright လားလည်း မသိနိုင်တော့ပါ။ သို့အတွက် Whale များကမတော်တဆပင်လျှင် လာရောက်မှားယွင်း Upvote ပေးခြင်းလည်းမခံရပါ။ Curie Team ၏ အကူအညီဖြင့်သာ Myanmar Steemit အဖွဲ့တော်သား များရပ် တည်နေကြပါသည်။
သို့ဖြစ်၍ ကမ္ဘာအရပ်ရပ်မှ မိတ်ဆွေများအနေဖြင့် Myanmar Steemit မှ မြန်မာများအား အကူ အညီပေးစေ လိုပါတယ်။ အထူးသဖြင့် Crytocurrency အသုံးပြုသော website အသီးသီးတွင် မြန်မာ ကျပ်ငွေကို မြန်မာ Bank များမှ အလွယ်တကူထုတ်ယူနိုင်စေရန်ပူးပေါင်းအကူအညီပေးစေလိုပါတယ်။ Paypal, Payee ,Egopay အစရှိသော Crytocurrency bank များမှလည်း မြန်မာ အမည်ကို စာရင်းထည့်ပေးကြစေလိုပါတယ်။ English လို ရေးသားသည့် Quality Content များကို မြန်မာများရေးသားလာကြစေရန်မူ ကျွန်ုပ်တို့က ကြိုးစားသွားပါ့မယ်ဟု ဂတိပြုပါတယ်။
ကမ္ဘာတစ်ဝှမ်းမှမိတ်ဆွေများ ကျန်းမာ ချမ်းသာစေကြောင်းဆုတောင်းမေတ္တာပို့သပါတယ်။
Myanmar with Steemit
https://github.com/minsoenaing

There is a unique and wonderful country in the world. Before today's developed countries, not fair on the world Bitcoin Know paypal, Crytocurrency was an unknown country. Now, some active youth to improve Bitcoin paypal, Crytocurrency Paypal account, and we do not have for PM account as well as international Visa Card. International Driver license, Passpost is not easily available. In addition, Payza to choose if they were among the Payee Account contacts include the main countries. He made progress of late. International unlisted called Myanmar. The world's financial forms were spread abundantly with his money than the money they made any Production methods are making money, but based on the cultivation in Myanmar is still business. We don’t have Modern IT technical. Using the Computer and Mobile Phone has been able to create everything in all over the world. Featured by the IT equipment such as computers and mobile phones are holding the hands of Myanmar are able to use. There are too weak basic technology in existence, computer and mobile phone, and for each type is used merely to use a typewriter. Some youths Crytocurrency funds desperately seeks, but we are not the Bank to withdraw money. Transfer sell one another remain free. Starting in May 2017 Steemit comes onto Steemit platform to arrive in Myanmar. One guest worker who is working foreign country introduced with Myanmar to Steemit. Hundreds of color. Myanmar is known Quality Content. Typically, the text as a Post if they can be post onto Steemit ,they can get Steem Dollar. We get Steem Dollar to US Dollar to Myanmar kyats, with the exchange rate. We know just it. Thus, even on facebook and Webpage of the messages that are to be written on. Copy. The written text of the book, I did. We often see the cheetah comment. If they see cheetah comment will decrease Reputation and Down Vote As long as I can do later. 'self-perceptions. However, they write Post which is spam. It projects the country, in emergencies, except in Myanmar could not submit. Therefore Quality Content, Plagiarism and Copyright is no longer available. Therefore Whale accidentally visit even if no further error Upvote. Only with the help of the Curie Team Myanmar Steemit standing for his team. Thus, with friends from around the World from Myanmar Steemit Need help for Myanmar member. Especially Crytocurrency each website used by the Bank can be easily extracted from Myanmar to help . Such as Paypal, Payee, Egopay, Crytocurrency bank may also add a name list include Myanmar. We promise to try to posts to write Quality Content in English from Myanmar,
I offer friends from all over the world to health and prosperity. I appreciate your help in my writing.
Min Soe Naing.
#Utopian-io #Myanmar #steemit #cryptocurrency

Posted using Partiko Android

Sort:  

အဲ့လိုတာ ဖြစ်လာရင် အားလုံးပျော်ဆုံးမှာ မဟုတ်ဖူးနော့် ဘဒို

အားလုံးအဆင်ပြေကြမှာပေါ့ဗျာ

ဟုတ်​ပါတယ်​...​နောက်​ကျကျန်​​နေခဲ့ပြီ...တစ်​​နေ့​နေ့ဖြစ်​လာမှာပါ...စု​ပေါင်းကြိုးစားရမှာပါ...

Posted using Partiko Android

အားလုံးညီညွတ်တယ် နားလည်မှုရှိတယ်ဆိုရင် ဖြစ်လာမှာပါ

တစ်နေ့နေ့ဖြစ်လာမှာပါအကိုရေ

Posted using Partiko Android

တစ်နေ့နေ့ တော့ဖြစ်လာလိမ့်မည်။ သို့သော်...ဖြစ်လာမှာပါ

ချစ်စွာသော ဦးမင်းရေ ကျေးဇူးအရမ်းတင်ပါသည်
မြန်မာ မှန်ရင် ပေါ့ဗျာ

ရေးတဲ့ရည်ရွယ်ချက်ကိုနားလည်တယ်ဆိုရင်ကျေးဇူးတင်ပါတယ်ဗျာ

ဘယ်​နိုင်​ငံလဲလို့ လက်​စသပ်​​တော့ ကိုယ့်​နိုင်​ငံဖြစ်​​နေတာဘဲ

Payza အကောင့်လေးတောင် စင်္ကာပူက မိတ်ဆွေကိုဖွင့်ခိုင်းရတာစိတ်နာလို့

မြန်မာမှန်ရင် နောက်ကျန်ရစ်ရမည်😁😁😁
ဪပြောမပြောချင်ဘူးဗျာ...

ရည်ရွယ်ချက်ကောင်းသော အကြံပေးပို့စ်ကောင်းလေးပါ

Posted using Partiko Android

ဒီပို့စ်က အရင် english လိုတင်ထားတဲ့ ပို့စ်ပါ။ နိုင်ငံခြားသားတွေကို ပြောပြချင်တာပါ၊မြန်မာလိုရေးပြီးသားရှိတာရယ်။ တင်စရာလောလောဆယ်မရှိတာနဲ့ ထပ်တင်လိုက်ရတာ

မရေးတတ်လို့ တခါတလေ ပုံလေးတွေ တင်ပါတယ်ရှင်

Posted using Partiko Android

ပုံတင်တာ ၊ဗီဒီယိုတင်တာ တွေက ကောင်းတာပဲ ရတာပဲလေ

ကူညီမယ်ဆိုရင်တော့ အတိုင်းထက်အလွန် ၀မ်းသာမိမှာပါပဲဆာမင်းစိုးရေ

ရေးသာရေးရတာပါ အရင် E လိုသက်သက်ရေးထားတာတောင်ဖတ်သူမရှိခဲ့ဘူး

ဒီရက်ပိုင်း ပိုစ့်နှစ်ခုတင်တာ နှစ်ခုလုံးချိတက်မိပေမယ့် ရေးခဲ့သမျှကော်ပီမဟုတ်ရပါဘူးရှင်

Cheetah ကမမှန်တာကြာပြီး

Posted using Partiko Android

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62205.55
ETH 2397.85
USDT 1.00
SBD 2.50