ကားပျက်များနဲ့မြို့တော်

နေပြည်တော်စရောက်တော့ ထူးထူးခြားခြားရုံးမှာ ကားပြုပြင်မည့် Work shop မရှိတာသတိထားမိသည်။ မိမိတို့နယ်စက်ရုံမှာတုန်းက Work shop ကိုတာဝန်ယူကိုင်တွယ်လာခဲ့သူမို့ သတိထားမိတာလည်းဖြစ်ပါသည်။ ကားပျက်လျှင် အပြင် Work shop တွေသာသွား၍ပြုပြင်ကြရသည်ဆိုပါသည်။ ယာဉ်ပြုပြင်သည်ဆိုသည်မှာ တစ်ခါတရံ ပစ္စည်းအစားထိုးလဲလှယ်ပြုပြင်မှရတာမျိုးရှိသလို ဘာပစ္စည်းမှအစားထိုးလဲလှယ်စရာမလိုအပ်ပဲ ချိန်ညှိ မှုပြုလုပ်ပေးရုံပေးရသည့်အခါများရှိရာ ဝန်ကြီးဌာနတွင် ကိုယ်ပိုင် Work shop မရှိသည့်အခါ အမြဲတမ်း အပြင် ဆိုင်သို့သွား၍ ပြုပြင်ကြရန်လွယ်ကူသည်တော့မဟုတ်။ချိန်ရုံညှိရုံလုပ်ရမည့်ကိစ္စမျိုးတွင် အပြင် Work shop အထိ သွားနေရမည်လား။ပြီးတော့ကုန်ကျစရိတ်ပြန်လည်တောင်းခံသည့်အခါ ပစ္စည်းလဲတာရှိမှ ဆိုင် ၃ ဆိုင်ဈေးမေး စိစစ်ပြီးမှခွင့်ပြုသောကြောင့် အလုပ်ရှုပ်သည်ဆိုကာ အချို့တင်ပြတောင်းခံမနေတော့ပဲ မိမိဘာသာ အိတ်စိုက် လိုက်သည်။ ကြာလာတော့မစိုက်နိုင်သောအခါ ယာဉ်ကို မောင်းဖြစ်ပြီးရော သိပ်မပြုပြင်ချင်ကြတော့။
ရပ်နားထားသောယာဉ်များ များပြားလာသည်။ မဖြစ်မနေထွက်နေရသောကားများမှာလည်းလက်ပူတိုက် ပြုပြင်ထားသောကားများဖြစ်ရာ မကြာခဏလမ်းမှာပျက်ကြသည်။ မိမိစီးနေကျ ဖယ်ရီပျက်၍ သူများဖယ်ရီ ပြောင်း စီးရတာလည်းအခါခါ။နိုင်ငံတော်အစိုးရ၏မူဝါဒအရ ၂၀၀၆၊၂၀၀၇ မော်ဒယ်အထက်ရှိရမည်ဆိုသော်လည်း အစိုး ရဝန်ထမ်းများ၏ကားများမှာ long long ago က ကားများဖြစ်နေသည်။ ကားများကို က.ည.န မှလိုင်စင် သက် တမ်းအတွက်စစ်ဆေးသည့်အခါ မီးခိုးထွက်နေလျှင်လက်မခံဟုဆိုပါသော်လည်း။ မီးခိုးအူနေသောကားလည်း လိုင်စင်အောင်နေပြန်သည်။

ကားပျက်များကိစ္စနှင့်ပတ်သက်၍ လွတ်တော်အမတ်တစ်ဦးအား Email ဖြင့်အသိပေးအကြောင်းကြား ခဲ့သော်လည်းထူးခြားလာမှုမရှိပါ။ သို့သော် ရန်ကုန်တိုင်းမှ လွှတ်တော်အမတ်တစ်ယောက်ကမူ ရန်ကုန်တိုင်း အတွင်း ပျက်စီးနေသောအစိုးရယာဉ် အစီး ၅၀၀ ကျော်ရှိကြောင်းနှင့်လေလံတင်ရောင်းချ၍ ကားအသစ်များ ဝယ်ယူသင့်ပါကြောင်းတင်ပြသည်ကို TV တွင်တွေ့လိုက်ရ၍ အားနည်းနည်းတော့ရပါသည်။
ရန်ကုန်မြို့တွင် အဆင်မြင့်လမ်းများပြုလုပ်ရန်အစိုးအဖွဲ့ကကြိုးစားနေသည်။ အဆင့်မြင်လမ်းမများပေါ်တွင် အဆင်နိမ့်ကားဖြတ်သန်းမသွားစေချင်တော့ပါ။ နေပြည်တော်တွင်လည်းလမ်းများမှာကျယ်ပြောကောင်းမွန်လှပြီး ကားစုတ်ကားပျက်များမောင်းနှင်သွားလာနေကြဆဲဖြစ်ပါသည်။ Mazda Jeep, T-2000 E-2000 ကားများသည် သက်တမ်းကုန်လွန်ကားများဖြစ်ပါသည်။ ပြုပြင်ရန် Spear Part များလည်းဝယ်ယူ၍မရတော့ပါ။ အချို့လက်ကျန် ပစ္စည်းရှိနေသောဆိုင်အချို့သာရှိပါသည်။အမြန်ဆုံးမော်တော်ကားမူဝါဒချမှတ်၍ ကားပျက်များကို မြို့တော်များမှရှင်း လင်းရန်အချိန်ကျလာပြီဟူ၍ တိုက်တွန်းရေးသားလိုက်ပါသည်။
ရေးသားသူ - မင်းစိုးနိုင်
Msc 010code
Photo- ကိုယ်တိုင်ရိုက်
အစိုးရရုံးဖယ်ရီတော်တော်များများမှာတွေ့နေရပါတယ်
ပြင်စရာရှိတာတွေမပြင်ကြတော့ဘူး
မှန်ပါတယ်ဗျာ..နေပြည်တော်မှာလည်း အချိန်အတော်အကြာနေခဲ့ဖူးပါတယ်...ဝန်ထမ်းသားသမီးမို့ ရုံးကားလည်းတွန်းပေးခဲ့ရဖူးပါတယ်..လမ်းလည်ခေါင်မှာပျက်လို့လည်းဗျာများခဲ့ရဖူးပါတယ်..
မဖြစ်သင့်တော့ဘူးထင်လို့ပါဗျာ
ဟုတ်တယ်ဆရာရေ အစိုးရဌာနများမှာ ကားအစုတ်တွေကြီးပဲဆရာ။
စုတ်သလားတော့မမေးနဲ့ လိုင်စင်ဝင်ရင် ပြင်ရပြီ
Congratulations! This post has been upvoted from the communal account, @minnowsupport, by minsoenaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
အဲလိုတွေရေးမိမှာစိုးလို့ စာရေးတဲ့ ဘရိတ်ကိုအမြဲကောင်းအောင်ပြင်နေရတယ်ဗျို့
ခုလိုရေးတာတောင်မဖတ်ကြလို့ခက်နေတာဆရာရေ၊ အမုန်းခံပြောမယ်သူတွေနည်းလာရင် မမှန်တဲ့သူတွေကြီးစိုးသွားတယ်ဆိုတာ ကြားဖူးတယ်ဆရာ