I am Myanmar or Pyu?

in #myanmar7 years ago (edited)

ကျွန်တော်ကမြန်မာလား၊ပျူလား
2017-09-13 13.49.25.png
မြန်မာအစ တကောင်းကဟု ဆိုလေသဖြင့် တကောင်းမင်းဆက်များအကြောင်းလေ့လာသော် တကောင်းသည် ပျူလူမျိုးတို့ အစပထမဖြစ်နေပြန်ရာ ကျွန်တော်ကမြန်မာလား၊ပျူလားဆိုသည်ကို အတိအကျသိချင်လာပါသည်။ တကောင်း အဘိရာဇာမင်းဟု ကြားဖူးသော်လည်း သူ၏ဖခင်သည် ကပိလဝတ်ပြည်ရှိ နရိန္ဒရာဇာ မင်းဖြစ်မှန်းမသိခဲ့ပါ။ စာတွင် သလ္လာဝတီမည်သော ချင်းတွင်းမြစ်၊ ဧရာတီမြစ် နှစ်တန်ကို ကူး၍ ရဌပူရဟူသောအမည်၊ သံသယသင်းတွဲဟူ သောအမည်၊ တကောင်းဟူသောအမည် သုံးပါးသမုတ်၍ တကောင်းအဘိရာဇာမင်းက မြို့တည်ထောင်လေသည် ဟုဆိုပါသည်။
2017-09-13 13.48.23.png
ထိုတကောင်း အဘိရာဇာမင်းမှ သားတော် ကံရာဇာကြီး၊ ကံရာဇာငယ်ဟူသော သားတော်နှစ်ပါးဖွားမြောက်၏ အရွယ်ရောက်သော် သားအကြီးအားအိမ်ရှေ့အရာပေး၍ သားအငယ်ကို စစ်သူကြီးအရာပေးလေသည်။ များမကြာမီ တကောင်း အဘိရာဇာမင်းနတ်ရွာစံသော် ထုံးစံအရ အိမ်ရှေ့စံကံရာဇာကြီးမှ ထီးနန်းစိုးစံရန်ဖြစ်သော်လည်း စစ်သူကြီးဖြစ်သူ ညီတော်ကံရာဇာငယ်ကို ထီးနန်းအပ်ပြီးလျှင် ကံရာဇာကြီးသည် တိုင်းပြည်မှထွက်၍ နာဂရာဇ်တောင်ကို ကျော်ပြီးလျှင် ရာမာဝတီပြည် မေခဝတီပြည် ဒွါရာဝတီပြည်၊ဓညဝတီပြည်ဟု လေးဌာနပြု၍ လေးမြို့တည်ပြန်လေ၏။ထိုကတဲက စစ်တပ်ကို အာဏာလွဲသည့်အကျင့် ရှိခဲ့ပုံရပေသည်။ မတူခြားနားသည်ကတော့ မြို့သစ်တည်၍ မင်းပြုနိုင်ခြင်းဖြစ်မည်ထင်ပါသည်။
2017-09-13 13.48.51.png
တကောင်းပြည်တွင် ကံရာဇာငယ်မင်း မင်းပြုပြီးနောက် မင်းပေါင်း (၇၅)ယောက် မင်းပြု၍ နောက်ဆုံး သတိုးရွှေမင်း မင်းပြု၍ ထိုမင်းလက်ထက်တွင် မဖြစ်စဖူး၊မကြားစဖူး အတောင် ရှစ်ဆယ် ကြီးမြင့်သော ဝက်ကြီးသည် ထကြွသောင်းကျန်း၍ နွား၊ မြင်း၊ ဆိတ်၊ ကြက်၊ ငှက် တို့ကို လှည့်လည်စားသောက်ကုန်၏။ လူတို့၏ လယ်ယာ ကန်ချောင်း၊ ဥယျာဉ်တို့ကိုလည်း ဖျက်ဆီး ကုန်၏။ လူတို့ကိုလည်း ကိုက်စားနှိပ်စက်ကုန်၏ ဟုဆိုလေသည်။ ဤဝက်ကြီးအကြောင်းကို ငယ်စဉ်က ပင်ကြားဖူးသော်လည်း ခေတ်မျက်စိဖြင့် ကြည့်၍ ယုံရန်အလွန်ခက်ပါသည်။

သို့သော် အဆိုပါဝက်ကြီးနှင့်ပတ်သက်၍ ဖြစ်ပေါ်ခဲ့သော ရာဇဝင်များနှင့် သမိုင်းအထောက်အထားများမှာလည်း ငြင်းဆိုရန်ခက်ခဲလှပေ၏။ ဝက်ကြီး ကန်ပြီးပြေးခဲ့၍ ဝက်ထီးကန်ရွာ ဖြစ်ခဲ့ခြင်း၊ ဝက်ကြီးကို လှံဖြင့်ထိုးခဲ့၍ဝက်ထိုးကျွန်း၊ ဝက်ကြီးသေသော် ဝက်ပုတ်ရွာဖြစ်ခဲ့များမှာ ယနေ့တိုင် တည်ရှိနေသည့် အထောက်အထားများဖြစ်နေပါသည်။

ထိုအချိန်က သတိုးရွှေမင်း၏သားတော် အိမ်ရှေ့မင်းသားသည် ဘုန်းလက်ရုံးနှင့်ပြည့်စုံသည်ဖြစ်၍ ဝက်ကြီးကိုနှိမ် နင်းရန် တာဝန်ပေးအပ်ခြင်းခံရသည်။ အိမ်ရှေ့မင်းသားလည်း “ဝက်ကို မသတ်ရသ၍ မပြန်ပြီ” ဟု ကြမ်းပလျက် ဝက်ကြီးရှိရာသို့ လိုက်လေလျှင် ဝက်ကြီးကလည်း သူ့ကိုသတ်နိုင်မဲ့သူပေါ်လေပြီဟု သိလေသည့်အလား အနယ်နယ် အရပ်ရပ်သို့ပြေးလေတော့သည်။

ဝက်ကြီးသည် သီရိခေတ္တရာမတိုင်း ပြည်တည်ရှိရာအရပ်သို့ မရောက်မဇီ မထိုးမသတ်ရဘဲ အမောဆို့၍ သေလေသည်ဟု သိရပါသည်။အိမ်ရှေ့မင်းသားသည် ထိုဝက်ကြီးရှိရာတောထဲ၌ လူခြေရာတို့ကို တွေ့ရှိသဖြင့် ခြေရာအတိုင်းလိုက်လေရာ သီရိခေတ္တရသေ့ကျောင်းသို့ရောက်လေသည်။
ထိုအခါ အိမ်ရှေ့မင်းက မိမိမှာ အိမ်ရှေ့မင်းသားဖြစ်ပါကြောင်း ဝက်ကိုလိုက်လံသတ်ဖြတ်နေခြင်းအကြောင်းတို့ကို လျှောက်လတ်သော် သီရိခေတ္တရသေ့က အိမ်ရှေ့မင်းအား “ဒါနံ သီလံ ပရိစ္စာဂံ အစရှိသော ကုသိုလ်၊ အကုသိုလ်၊ မင်းကျင့်တရားစသည့် အကျိုးအပြစ်များစွာကို ဟောတော်မူလျှင် အိမ်ရှေ့မင်းလည်း ဆံကျစ်ဦးစွန်းနှင့်တကွ လျှော်တေ ကို ဝတ်ဆင်၍ ရသေ့ပြုလေသည်။

ထိုတကောင်းမင်းသား ရသေ့သည် သမင်မှမွေးသည့် သမီးဗေဒါရီကို ကျွေးမွေးစောင့်ရှောက်ခဲ့ကြောင်း ရသေ့သမီး ဗေဒါရီတွင် တင်ပြခဲ့ပြီးဖြစ်ပါသည်။ဗေဒါရီရေခပ်ဆင်းစဉ် ရေဗူးကို သံလျက်ဖြင့် ချဲ့ပေးခဲ့သည့် စူလသမ္ဘဝ၊ မဟာသမ္ဘဝ အကြောင်း ဆက်ပါမည်။
တကောင်းပြည်တွင်း သတိုးရွှေမင်း လွန်လေသော် ဘဒ္ဒါနုဝတီ မင်းသမီး မင်းပြုနေသည်၊ ထိုမင်းသမီးသည် နဂါးအမြီးတိုနှင့် ယခင်ကတဲကချစ်ကြိုက်နေရာ ယောကျာ်းသားမင်းများ မင်းမြှောက်တိုင်း နဂါးအမြီးတိုက သတ်ပစ်သဖြင့် တကောင်းပြည်တွင် မင်းယောက်ျားကို မင်မတင်မြှောက်နိုင်ပဲသာရှိလေသည်။

ထိုအခါ တကောင်းပြည်၌လည်း မင်းလုပ်လို သူမရှိတော့ပဲရှိလေသည်။ ကာလအနည်းငယ်ကြာသော် တက္ကသိုလ်တိုင်း တက္ကသိုလ်ဆရာထံမှသင်ကြားခဲ့သော “သွား ပါများ ခရီးရောက်၊ ခရီးရောက်သော်ဘုန်းကံကြီး၊ မေးပါများသော်စကားရ စကားရသော် ချမ်းသာ၏။ မအိပ်မနေအသက်ရှည် အသက်ရှည်ကမင်းဖြစ်” ဟူသည့် စကားသုံးခွန်းကို လက်စွဲပြုလျက် မိဘတိုင်းပြည်သို့ပြန်လာသော ဇနသိဒ္ဒိလုလင် (မောင်ပေါက်ကြိုင်း) သည် ရှေးကံဆော်သဖြင့် နတ်များလှည်ဖျား၍ မိဘတိုင်းပြည်သို့မရောက်ပဲ တကောင်းပြည်သို့ရောက် သွားလေသည်။

ထိုပြည်သို့ရောက်လေလျှင် ဤပြည်၌ မင်းလုပ်လိုသူရှိလျှင် ထီးနန်းအပ်ရန်မောင်းကျော်သည်ကို ထို ဇနသိဒ္ဒိလုလင် (မောင်ပေါက်ကြိုင်း)မြင်လတ်သော် အကျိုးအကြောင်းမေးပြီးလျှင် “ငါမင်းလုပ်မည်”ဟုပြောလေသော် ထိုဇနသိဒ္ဒိလုလင် (မောင်ပေါက်ကြိုင်း)ကိုနန်းတော်သို့ ရထားဖြင့် ဆောင်ယူ၍ မင်းသမီးနှင့် လက်ထပ်စေလေသည်။ ထိုဇနသိဒ္ဒိလုလင်သည် ပညာကြီးမားသောသူဖြစ်၍ အကြောင်းမျိုးစုံကို နှိုင်းချိန်ပြီးလျှင် ညဥ့်အခါ မိဖုရား အိပ်ယာတွင် ငှက်ပျောတုံးကို ကမ္ဗလာခြုံ၍ ထားပြီးလျှင် မိမိမှာ လက်သုံးတော်သန်လျက်ဖြင့် တနေရာတွင် ပုန်း၍စောင့်နေလေ၏။
ထိုအခါ နဂါးမြီးတိုရောက်လာ၍ မိဖုရားသည် လူယောက်ျားနှင့်မွေ့လျော်သည်ထင်၍ ပေါက်သတ်လိုက်ရာ ငှက်ပြောတုံး၌အစွယ်ညိနေစဉ် ဇနသိဒ္ဒိမင်းသည် သန်လျက်ဖြင့် သုံးပိုင်းပိုင်းဖြတ်သဖြင့် နဂါးမြီးတိုသေလေသည်။ ဇနသိဒ္ဒိမင်းသည် နဂါးနိုင်မင်းဟု တွင်လေသည်။

ဇနသိဒ္ဒိမင်းသည် နဂါးနိုင်မင်းသည် ဘဒ္ဒါနုဝတီ မင်းသမီးနှင့် လက်ထပ်ခဲ့သော်လည်း နဂါးနဲ့ယူခဲ့ဖူးသည်ကြောင့် နဂါးငွေ့သင့်ကာ မွေးဖွားလာသောသားနှစ်ယောက်သည် မျက်စိနှစ်ကွင်းအလင်းမရပဲရှိလေတော့သည်။ ထိုကလေး နှစ်ယောက် ကား စူလသမ္ဘဝ၊ မဟာသမ္ဘဝ မင်းသားနှစ်ပါးပင်ဖြစ်ပေတော့သည်။ မျက်မမြင်မင်းသားများဖြစ်၍ တိုင်းပြည် မင်းသားအရာများနှင့် မသင့်လျော်မထိုက်တန်ဟု ယူဆသဖြင့် စူလသမ္ဘဝ၊ မဟာသမ္ဘဝ မင်းသားနှစ်ပါးအား ဇနသိဒ္ဒိမင်းက တိုင်းပြည်မှ စားရေရိတ်ကာအပြည်အစုံထည့်ပေးလျက်နှင်ထုတ်ခဲ့ပါသည်။

ကံအားလျော်စွာ ဗေဒါရီနှင့် ဦးရီးတော်သူ ရသေ့ကြီးတို့အားတွေ့ဆုံခဲ့ရပြီး နောင်အခါ ပျူမင်း၏သမီးတော် မင်းသမီးမာလာစန္ဒီနှင့် ဗေဒါရီမင်းသမီးတို့အား တောင်နန်း မြောက်နန်းထား၍ သာသနာတော်သက္ကရာဇ် (၆၀ )တွင် နန်းတက်လေသည်။

ထိုမဟာသမ္ဘဝမင်းခြောက်နှစ်နန်းစံပြီးသော် နတ်ရွာစံလေ၏။ ထိုအခါ စူလာသမ္ဘဝမင်း ဆက်လက်၍နန်းတက်ပြီး တောင်နန်းစံ မင်းသမီးမာလာစန္ဒီနှင့် မြောက်နန်းစံဗေဒါရီမင်းသမီးတို့ကိုပင် မိဖုရားအရာမြောက်ပြီး မင်းသမီးမာလာစန္ဒီမှ သီရီစန္ဒာမင်းသမီး ၊ဗေဒါရီမင်းသမီးမှ သားတော်ဒွတ္တဘောင် ကိုဖွားမြင်လေသည်။

စူလာသမ္ဘဝမင်း နန်းစံ (၃၆)နှစ် ရှိလတ် သော် နတ်ရွာစံလေသည်။သားတော်ဒွတ္တဘောင်မင်းကြီးသည် သက္ကရာဇ် (၁၀၁)ခုနှစ်တွင် နန်းတက်တော်မူလေသည်။ သရေခေတ္တရာမင်းဆက်တို့သည် အေဒီ (၄)ရာစုမှ အေဒီ (၁၁)ရာစုအထိတည်ရှိခဲ့ပြီး (၁၁)ရာစုနောက်ပိုင်းတွင် သရေခေတ္တရာ ပြည်ပျက်ခဲ့သဖြင့် ပျူတွေဘယ်ရောက်သွားသလဲဟူသည့်အမေးပုစ္ဆာသည်ယနေံတိုင်တိကျသော အဖြေ မရှိနိုင်သေးပါ။ ဆရာကြီးဒေါက်တာသန်းထွန်းကမူ ပျူတွေဘယ်ရောက်သွားသလဲ ပျူတွေဒီမှာပဲဟု ဆိုသွားခဲ့သဖြင့် ကျွန်တော်ကမြန်မာလား၊ပျူလားဆိုသည်မှာ..

ရေးသားသူ-မင်းစိုးနိုင်
Photo - google

Sort:  

အတော် တွေးရကြပ်ပါတယ် ပုဂံခေတ်အစမှာ ပျူစောထီး ဆိုတာမျိုးတွေရှိနေသေးတော့ ပျူက တစ်မျိုးမြန်မာကတစ်မျိုးလား ပျူစစ်လျှင် မြန်မာ ဆိုတာမျိုး အပြောလဲကြားဖူးပါတယ် ကျွှန်တော်တို့က ပျူမျိုးနွှယ်တွေဘဲလား ဆရာလှုတ်မှ ရှုတ်ကုန်ပြီ ဘယ်လိုဖြစ်ဖြစ် ကျွှန်တော်မြန်မာပါ ဗျာ

မြန်မာ ရာဇဝင်ကားတွေကြည့်ချင်တယ် အရင်ကဆို TV ကနေ ပြတယ်လေ

စိတ်ဝင်စားစရာကောင်းပါတယ် bro ရေ ဆက်ရေးပါနော်

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 65306.74
ETH 3488.89
USDT 1.00
SBD 2.51