ရေနံချက်စက်ရုံတည်မလား

in #myanmar6 years ago (edited)

ရေနံချက်စက်ရုံတည်မလား
image
မြန်မာနိုင်ငံတွင်သန်လျင်နှင့်ချောက်ရှိရေနံချက်စက်ရုံကြီး ၂ ရုံနှင့် ရေနံချက်စက်ရုံစု(မန်းသံပုရာကန်)ဟူ၍ ရှိသည်။ စီးပွားရေးလုပ်ငန်းရှင်အများစုမှာ အခြားမည်သည့်စီးပွားရေးလုပ်ငန်းမျိုးကိုလုပ်ကိုင်နိုင်သည်ဖြစ်စေ ရေနံချက်စက်ရုံတည်ဆောက်ရန်တော့ စိတ်ကူးမရှိတတ်ကြပေ။ အကြောင်းမှာ အရင်းအနှီးများပြားလွန်းခြင်း၊ ရေနံ ချက်စက်ရုံဆိုသည်မှာ အစိုးရကသာလုပ်လေ့ရှိသောလုပ်ငန်းဖြစ်ခြင်း၊ နားလည်ကျွမ်းကျင်သောအလုပ် မဟုတ် ခြင်းတို့ကြောင့် ဝေါင်ဝေါင်ရှေး၍ ဝေးဝေးရှေင်တတ်ကြသောလုပ်ငန်းမျိုးဖြစ်နေပါသည်။
ယခုအခါ နိုင်ငံတော်အစိုးရမှ ရေနံချက်စက်ရုံကြီးများအားပုဂ္ဂလိကသို့လွှဲပြောင်းလုပ်ကိုင်စေလိုသော်လည်း ပြည်တွင်း၌ လုပ်ကိုင်နိုင်သူကိုမတွေ့ရ။ပြည်ပကလည်း မြေနေရာ၊လျှပ်စစ်၊ကအစအကုန်ကျခံရမည်ဆိုတော့ စီးပွား ရေးတွက်ချေမကိုက်၍ သိပ်မလာချင်ကြ။
image
သို့သော်ကြိုကြားကြိုကြား Presentation လေးတွေလာလာလုပ်ပြီး ထိုးဖေါက်ဖို့တော့ကျိုးစားနေကြသည်။ ထိုထိုသော Presentation များထဲမှာ Small Refinery Presentation လေးအကြောင်းပြောပြချင်ပါသည်။ ၂၀၁၇ ခုနှစ် ဂျူလိုင်လလောက်ကဖြစ်ပါသည်။ Entrepose Group ၏ Small Refinery Presentation ဖြစ်ပါသည်။ 2500BPD,5000BPD,10000BPD အထိချက်လုပ်နိုင်မည့် ရေနံချက်စက်ရုံအသေးစားကလေးများအား လာ ရောက်မိတ်ဆက်ကြခြင်းဖြစ်ပါသည်။ သူတို့စက်က ရေနံဆီ၊Jet A-1 နှင့် ဓာတ်များချက်လုပ်နိုင်မည်ဖြစ်ပြီး ဓာတ်ဆီကို 92 to 98 Ron အထိချက်လုပ်နိုင်ကြောင်းသိရှိရပါသည်။ မလေးရှားတွင် ယင်းတို့၏စက်ဖြင့် ၃ နှစ်အတွင်းအရင်းကျေသွားပြီဖြစ်ကြောင်းလည်းပြောကြသည်။ ကျွန်တော်တို့ဘက်ကမူ လက်ရှိစက်ရုံများကိုပင် ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးဖို့ပြင်နေသည်ဖြစ်ရာ စက်ရုံဝယ်ယူရန်အစီအစဉ်မရှိပါ။ သို့သော် ပြည် တွင်းလက်ယက်တွင်းများမှ ဝယ်ယူလုပ်ကိုင်နေကြသော ချက်ဖိုလုပ်ငန်းရှင်များကတော့စိတ်ဝင်စားနိုင် ကြောင်း ဆွေးနွေးခဲ့သည်။ ကိုယ်ကလည်း ဝန်ထမ်းဆိုတော့ ပုဂ္ဂလိကချက်ဖိုလုပ်ငန်းရှင်များနဲ့လည်း သိပ်အဆက်အစပ်မရှိ လှ။
image
သို့သော် ဒီနှစ် အ.ထ.က(၅)(ပြည်)၏ ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့တွင် သူငယ်ချင်းများနှင့်ပြန်လည်ဆုံ တွေ့ ကြရာချက်ဖိုလုပ်ငန်းလုပ်ကိုင်နေသူ သူငယ်ချင်းတစ်ယောက်နဲ့ပြည်လည်တွေ့ဆုံရသည်။သူကို Small Refinery အကြောင်းပြောပြရာစိတ်ဝင်စားသည်။ သူတို့သည် ရေနံချက်ဖိုလုပ်ငန်းများလုပ်ကိုင်နေကြသည် ဆို သည့်တိုင်အောင် နည်းပညာများအကြောင်းဆွေးနွေးသည့်အခါ နားမလည်သည်ကိုတွေ့ရသည်။ အပြစ်မဆိုပါ။ တကယ်လည်း ကျွန်ုပ်တို့ဝန်ထမ်းများမှလွဲ၍ အခြားသူများအတွက် အစိမ်းသက်သက်လုပ်ငန်းများဖြစ်သည်။ သာ မန်အရပ်သားများ၏ ရေနံချက်ဖိုဆိုသည်မှာ ရှေးရှေးတုန်းက ပြောရလျှင်ရှင်ဘုရင်တွေအုပ်စိုးသည့်ခေတ်လောက် ကတည်းကနည်းပညာများဖြစ်မည်ထင်သည်။ လက်တွေ့လုပ်ကိုင်ဆောင်ရွက်နေသည့်ဝန်ထမ်းများက အသက် ၆၀ ပြည့်လျှင် ပင်စင်ယူ၍ သူသိခဲ့တတ်ခဲ့သည်ကို အပြင်လောကတွင် ဆက်လက်အသုံးချရန်စိတ်မဝင်စားတော့သကဲ့ သို့ ပြင်ပမှ လူများကလည်း နည်းပညာရရှိဖို့ဆိုသည်မှာ မဖြစ်နိုင်တော့သည့်အနေအထားမျိုးဖြစ်ခဲ့ကြရာ ရှေးရှေး တုန်းကနည်းလမ်းများဖြင့် ချက်လုပ်နေကြသည်ဆိုလည်း အံ့သြဖွယ်တော့မရှိ။
ဆိုတော့ သူငယ်ချင်းကိုလည်းကူညီချင်၊ ကိုယ်ကလည်း အပြင်လောကတွင် ရေနံချက်စက်ရုံ အသေးစားကလေးများ ပြည်တွင်းလုပ်ငန်းရှင်ကလေးများ၏အင်အားဖြင့် ပေါ်ပေါက်လာစေချင်သည်ဖြစ်ရာ Small Refinery Presentation အားအသေးစိပ်ပြန်ဖတ်ကြည့်ရတော့သည်။ Entrepose Group ၏ Small Refinery တည်ဆောက်ရန်ကုန်ကျစရိတ်များမှာ အနည်းဆုံးချက်လုပ်မည့် 2500BPD (၂၅၀၀ ဘာရယ်ပါဒေး)အတွက်ပင် အမေရိကန်ဒေါ်လာ သန်း ၆၀ လောက်ကုန်ကျမည်ဟုတွေ့ရသည်။ မြန်မာငွေဖြင့်ဆိုလျှင် ကျပ်သန်းရှစ်ထောင် ကျော်လောက်ဖြစ်နေသည်။ ပြီးတော့ လက်ယက်တွင်းများမှထွက်ရှိသည့် ရေနံစိမ်းမှာ တစ်ရက် ၂၅၀၀ ဘာရယ် အထိထွက်မည်တော့ မထင်။ ထို့ကြောင့်အသေးစိပ်လေ့လာစုံစမ်းခဲ့ရာ ၁၅၀ ဘာရယ်ပါဒေးချက်လုပ်နိုင်သည့် mini refinery စက်အသေးလေးများကို မြန်မာကျပ်ငွေ သိန်းထောင်ဂဏန်းမျှဖြင့် ဝယ်ယူရရှိနိုင်မည့် နေရာတစ်ခုကို စုံစမ်းရရှိလာပါသည်။
image
KSP metal ကုမ္ပဏီ၏ mini refinery သည် သူငယ်ချင်းအတွက် အဆင်ပြေနိုင်သည့် အနေအထားဖြစ်သောကြောင့် ကုန်ကျစရိတ်အသေးစိပ်အပြင် Man Power အသုံးပြုရမည့်ပမာဏအနည်းအများ နှင့် ချက်လုပ်ထွက်ရှိလာမည့် ဓါတ်ဆီ၊ဒီဇယ်ဆီ၊မီးထိုးဆီစသည့် ရာခိုင်နှုန်းများကိုမေးမြန်းထားပါသည်။ စိတ်ဝင်စားသည်အခြားသော MSC မှသူငယ်ချင်းများလည်းစုံးစမ်းမေးမြန်းနိုင်ပါကြောင်းအသိပေးပါသည်။

ရေးသားသူ - မင်းစိုးနိုင်
MSC – 010
Photo – Google

Sort:  

ခုလိုအားလုံးကိုပြန်မျှဝေပေးတာကျေးဇူးတင်ပါတယ် အူးမင်းရေ။ သူငယ်ချင်းတွေကိုလည်းအသိပေးလိုက်ပါအုံးမယ်။

ဘောစိတွေရှိရင်ပြောပြလိုက်ပါ

သူငယ်ချင်းဘောစိတွေပြောပြလိုက်

ဒီနေ့ Pro က အရင်အပတ်တွေထက်ကိုထူးတယ် . . ဗဟုသုတတွေတစ်ခုပြီးတစ်ခုနဲ့ . . .

ဘာရေးရမလဲ စဉ်းစားရင်းလတ်တလောကိုလုပ်နေတဲ့အလုပ်အကြောင်းလေးပါ

စာဝတ်​​နေ​ရေး​တောင်​အနိုင်​နိုင်​ပါဗျာ

ဒါလည်းစားဝတ်နေရေးအတွက်ပါပဲ

နည်းပညာ အခက်​ခဲများတယ်​ bro​​ရေ ဖတ်​ရတာ အသိတိုး​စေပါတယ်

စိမ်းတဲ့သူအတွက်နည်းနည်းခက်မယ်

ဗဟုသုတ ရပါတယ်။

အခုလိုInformation​ပေးတဲ့အတွက်​​ကျေးဇူးတင်​ပါတယ်​ရှင်

သတင်းပေးလိုက်ပြီနော် အတင်းလေးသာလာခဲ့

စိတ်ဝင်စားစရာပဲ

စိတ်ဝင်စားတာကစရတာပဲလေ

စိတ်ဝင်စားဖို့ကောင်းပါတယ်

ရေနံအ​ကြောင်းစိတ်​ဝင်​စားတယ်

ရေနံကတိုင်းပြည်ကိုကြွယ်စေနိုင်စေသလို အသက်လည်းဖြစ်တယ်

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 65359.95
ETH 3492.90
USDT 1.00
SBD 2.51