မေ့ကျန်ပစ္စည်းတာဝန်မယူ

in #myanmar8 years ago

image
မြန်မာပြည်တွင် အထက်ပါစာသားလေးအား မော်တော်ယာဉ်လိုင်းများတွင်တွေ့ရတတ်ပါသည်။ တကယ် တော့ တာဝန်မယူနိုင်ဘူးဆိုတာထက် မေ့မကျန်စေရန်သတိပေး စေလိုရင်းဖြစ်ပါသည်။ တကယ်တန်း မေ့ကျန် သောအခါမူ တတ်နိုင်သ၍မေးမြန်းစုံစမ်းမှုလောက်တော့လုပ်တတ်ကြလေ့ရှိပါသည်။ ပစ္စည်းပျောက်သွားသဖြင့် ယာဉ်လိုင်းကိုတရားစွဲလို့တော့မရ။ သူတို့အစကတဲက တာဝန်မယူလို့ဆိုထားပြီးဖြစ်ပါသည်။
သို့သော် ခဏခဏကြားနေရသော ဂျပန်နိုင်ငံအကြောင်းများတွင် ပစ္စည်းမေ့ကျန်သည်ကိုတာဝန်ယူ၍ ပို့ဆောင်ပေးတတ်သည်ကိုအံ့သြဘွယ်ရာတွေ့ရသည်။ ရပ်ကွက်တစ်နေရာရာတွင် ပစ္စည်းမေ့ကျန်ခဲ့လျှင်လည်း တစ်လကြာသည်အထိ ထိုမေ့ကျန်ခဲ့သည်ထင်သောနေရာသို့သွားရှာပါက ပြန်ရရှိတတ်သည်ဟုဆိုသည်။ မတွေ့ တော့ပါကလည်း အနီးအနားသို့မေးမြန်းစုံစမ်းကြည့်လျှင် သိမ်းထားတတ်ပြီး ပိုင်ရှင်စစ်မှန်ကြောင်းသိ လျှင်ပြန် ပေးတတ်သေးသည်ဟုကြားရသည်။
ထို့အပြင် လေဆိပ်တွင်မေ့ကျန်သောပစ္စည်းကိုပင် လိပ်စာပါရှိပါက သက်ဆိုင်ရာနိုင်ငံအထိ ပြန်ပို့ပေးလေ့ ရှိကြောင်းသိရပြန်ရာ ကျွန်တော်တို့၏ မေ့ကျန်ပစ္စည်းတာဝန်မယူဆိုသော အယူအဆနှင့် သူတို့၏စိတ်ပိုင်းဆိုင်ရာ တာဝန်ခံမှုကို ကျွန်တော်တို့ဘယ်သောအခါမှ လိုက်မီကျင့်သုံးနိုင်ပါမည်နည်း။ ကျွန်တော့ ဘဝတစ်လျှောက် တွင် ကြိမ်ဖန်များစွာပစ္စည်းမေ့ကျန်ခဲ့ဖူးသည်။ တစ်ခါမျှပင်ပြန်မရှိခဲ့ဖူးခဲ့။ ပိုက်ဆံတွေအိပ်ကပ်ထဲကထွက်ကျဖူးသည်။ ပြန်မရ။ ပြန်ရခဲ့သည်တစ်ခါတွင်လည်း ၁၅၀၀၀ ခွဲထွက်ကျသည်ကို ၂၀၀၀ လောက်ပဲပေးလို့ဆိုပြီးမကျေနပ်ကြ။ ကျေးဇူးစကားဆိုသော်လည်း ကျေးဇူးသည် စားမရဟုဆိုပါသည်။
ကျွန်တော်တို့သည် နည်းပညာများ၊ ငွေကြေးများသာနောက်ကျကျန်နေခဲ့တာလား လူ့ယဉ်ကျေးမှုတွေပါ နောက်တန်းရောက်သွားပြီလား ။ကမ္ဘာ့အကောင်းဆုံးဗုဒ္ဓဘာသာဝင်နိုင်ငံသားများနေထိုင်သော မြန်မာတို့သည် ဘယ်အထိနိမ့်ကျကျန်နေခဲ့ပါပြီလည်း။ ရှေးတုန်းက အိန္ဒိယကုန်သည်များဟာ မြန်မာပြည်မှာကုန်လာ သွယ်ကြပြီး အပြန် စရပ်တစ်ခုမှာညအိပ်တည်းခိုပြီးနံနက်မှာခရီးဆက်ကြတော့ ကုန်သည်တစ်ဦး၏ ရွှေအိတ်ကျန်ရစ်ခဲ့တာ ခရီးဝေးကွာလွန်းလို့ပြန်မလာဖြစ်တော့ဘူးတဲ့။ ဒါပေမယ့်နောက်တစ်ကြိမ်ကုန်သွယ်ဖို့ပြန်လာတော့ ခြေရာလက်ရာ မပျက်သူ့ရွှေထုတ်ကလေးက ရှိမြဲရှိနေသတဲ့။ အတူသွားအတူလာကြတဲ့ ကုန်သည်အဖော်တွေကတော့ ဘာမှစိတ် မပူနဲ့ မြန်မာနိုင်ငံမှာကျန်ခဲ့တာဆိုရင် ဘယ်တော့မှမပျောက်ဘူးလို့ အစကတဲက ပြောထားကြသတဲ့ကွယ်။ အော်…ရေးနေရင်းနဲ့ပုံပြင်မှတ်ပြီး သတဲ့ကွယ်တွေဘာတွေဖြစ်ကုန်ပြီ။ အဲသလိုမျိုးဂုဏ်သိက္ခာနဲ့နေတဲ့ အင်မတန် စည်းကမ်းရှိပြီး၊ ယဉ်ကျေးသိမ်မွေ့တဲ့၊ အဆင်အတန်းမြင့်မားတဲ့စိတ်ဓာတ်များပိုင်ဆိုင်ထားတဲ့ ‘ငါတို့လူမျိုးသူခိုးရှိသည်’ အဲလေ ‘ငါတို့လူမျိုးတန်ခိုးရှိသည်’ ဟေ့… နဂါးနီတန်ခိုးနဲ့ သူခိုးအကုန်ဖြစ်လေပြီ။ အဲလေ…ဘယ်က သီချင်းတွေဖျက်ဆိုမိနေလည်းမသိ။
ရှိစေတော့ ဆိုလိုချင်သည်မှာ ကျွန်တော်တို့သည် အနိစ္စ၊ ဒုက္ခ၊ အနတ္တကိုသိသောသူများဖြစ်သည်။ ဘဝတွင် ငွေကြေး၊အသက်၊ဥစ္စာပစ္စည်းစသည်တို့သည်ဘယ်တစ်ခုမျှအစိုးမရ(အနတ္တ) အားလုံးပျက်စီး(အနိစ္စ) သွား ကြမည်သာဖြစ်သည်။ မသက်သာလှသော(ဒုက္ခ)ဘုံကြီးတွင် ငွေကြေးနှင့်ဥစ္စာပစ္စည်းတို့အတွက် လိမ်ကြ ညာကြ၊ ခိုးကြ၊ လာဘ်စားကြ၊ အလွဲသုံးကြမေ့ကျန်လျှင်ဘုံးထားလိုက်ကြနှင့် အောက်တန်းကျနေကြပါလျှင် ခေတ်မီဖွဲ့ဖြိုးတိုးတက်သောဟူသည့် ရွှေပြည်တော်ကြးလည်းမျှော်တိုင်းဝေးနေပါဦးမည်သာဖြစ်ပါသည်။
ရေးသားသူ - မင်းစိုးနိုင်
Msc 010
Photo- Google

Sort:  

တိုးတက်မလာတောင်ရှိရင်းစွဲစိတ်ရင်းစေတနာလေးတွေထိန်းသိမ်းထားနိုင်ရင်တောင် တော်တော်ကောင်းမွန်နေပါပြီ။

မတိုးတက်လို့ဖြစ်ဖူးလေ ကမ္ဘာကြီးကရပ်မနေဘူး။ ကိုယ်တွေနောက်ကျသထက် နောက်ကျမကျန်ရစ်ဖို့လိုပါတယ်

ဒါမယ့် ခု စိတ်ရင်းစေတနာတွေက မတိုးတက်တဲ့အပြင် ကျလာလို့ပါ အူးမင်းရေ

ပြုပြင်​စရာအကျင့်​စရိုက်​​တွေအများကြီးရှိ​သေး​သောမြန်​မာပြည်​သူများ

မြန်မာတိုင်းတော့လည်းမဟုတ်ဖူးပေါ့

အကျင့်စရိုက် ဆင်းရဲလာတဲ့ မြင်ကွင်းတွေပေါ့ ကိုကြီးစိုးရေ။

သူများနိင်ငံကိုအထင်ကြီးတာမဟုတ်ပေမယ့်။အကျင့်ကောင်းလေးတွေယူချင်တာပါ

အမှန်ပဲဗျာ..ခုက ခေါင်းကျက်ခေါင်းစား အမြှီးကျက်အမြှီးစားတဲ့ခေတ်ဖြစ်နေတယ်ဗျာ..

စိတ်​ဓာတ်​ကိုအသိတရားနဲ.ပြင်​ရမယ်

ကြိုးစားကြတာပေါ့

အကျင့်​ဆိုး​တွေပြင်​ကြ​စေလို

သန်း ၅၀ စလုံး brain wash လုပ်ရင်ကောင်းမလား

အဲ့လိုအုပ်​ချုပ်​မှရမယ်​ထင်​တယ်

ပြုပြင်စရာတွေအများကြီးပါ

အတုယူစရာကိုအတုယူကြတာကောင်းတယ်လေ၊လူတွေကအတုမယူသင့်တဲ့ ယဉ်ကျေးမှုတွေကြအတုယူလွယ်လွန်းလို့

မြန်​မာပြည်​ကြီးကျန်းမာပါ​စေ

တောင်းတဲ့ဆုပြည့်စေ

ရုပ်ပစ္စည်းတွေတိုးတက်လာသလို စိတ်ဓါတ်လေးပါတိုးတက်လာရင်ကောင်းမယ် ဆရာ

ပြောင်းပြန်မဖြစ်ပါစေနဲ့လို့ဆုတောင်းရမှာပဲ

မမေ့အောင်ဂရုစိုက်ပါ့မယ် ဦးမင်း 😁😁😁

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.094
BTC 62057.21
ETH 1736.41
USDT 1.00
SBD 0.39