ဗာဒံပင်လား၊ဗန်ဒါပင်လား(Indian Almond)

in #myanmar5 years ago (edited)

image
Imagesource

ငယ်စဉ်က မိမိတို့အိမ်ရှေ့တွင်အလေ့ကျပေါက်နေသည့် ဗာဒံပင်ကြီးတစ်ပင်ရှိသည်။ ကျွန်တော်တို့ ခေါ်တာကတော့ ဗန်ဒါပင်ဖြစ်သည်။ ဗန်ဒါပင်အောင်ကြွေကျသည့် အသီးများသာမက မကြွေကျ သေးသော အသီးများကိုလည်း တုတ်ဖြင့် မမှီမကမ်းရိုက်ချသည်။ကြွေကျလာသည့် ဗန်ဒါသီးများကို အုတ်နီခဲ့ဖြင့်ထုကာခွဲစားကြသည်မှာအလွန်ပျော်စရာကောင်းလှသည်။နောက်ပိုင်း အသက် ၂၀ လောက်ရောက်လာတော့ ရန်ကုန်သို့အကြောင်းအမျိုးမျိုးဖြင့်ရောက်လာရင်း ဗန်ဒါစေ့အဆန်ကလေး များကို စက္ကူကတော့ကလေးများဖြင့်လမ်းဘေးတွင်ချရောင်းနေသည်ကိုတွေ့ခဲ့ရဖူးသည်။ တို့ဆီမှာ ဒီလောက်ပေါတဲ့ အဆန်ကို ရောင်းလို့ရနေပါလားဟုအံ့သြမိခဲ့သေးသည်။ ခုနောက်ပိုင်း Facebook ပေါ်လာသည့်အခါ မှာတော့ အရင်ကထင်မထား၊ သိမထားခဲ့တဲ့ ဗန်ဒါစေ့ရဲ့ဆေး အသုံးတွေကို အံ့သြစရာတွေရှိလခဲ့ရပါပြီ။
image
image
Image source

ယနေ့နိုင်ငံ တကာမှာတော့ ဗာဒံစေ့နဲ့  ၎င်းမှရတဲ့အဆီကို တန်ဖိုးထားစားသုံးနေကြပါပြီတဲ့။

ဂရိနိုင်ငံရဲ့ မင်္ဂလာဆောင်တွေမှာ ဗာဒံစေ့ကို "wedding sweets" အဖြစ်အထူးတလည်ဧည့်ခံနေ
ကြပါတယ်တဲ့။

အီရန်နိုင်ငံမှာတော့NewYearပါတီပွဲတို့လိုထူးထူးခြားခြားနှစ်ပတ်လည်ဧည့်ခံပွဲတွေမှာပင်လယ်မှ ဆားဖြင့်အငံဖောက်ထားတဲ့ဗာဒံစေ့ လှော်နဲ့ ဧည့်ခံလေ့ရှိပါတယ်တဲ့။

မော်ရော့ကိုနိုင်ငံရဲ့အရေးကြီးအခမ်းအနားများမှာဗာဒံစေ့မှုန်ရောထားတဲ့ နွားနို့ကမပါ လျှင်မပြီး
ပြန်ပါဘူးတဲ့။

pasanda-style (ခေါ်) အိန္ဒိရိုးရာဟင်းလျာမှာလည်း ဗာဒံစေ့ကိုဟင်းခတ် အမယ်အဖြစ် ထဲ့ချက်ပေး ရပါတယ်တဲ့။

ဗာဒံစေ့ကအေးမြစေတဲ့အစွမ်းသတ္တိရှိတာကြောင့်လည်းပူပြင်းခြောက်သွေ့တဲ့ ပါကစ္စတန်နိုင်ငံရဲ့နွေရာ သီများမှာ ဗာဒံစေ့ နဲ့ ဖော်စပ်ထားတဲ့ Almond sherbet ဖျော်ရည်ကို summer drink
အဖြစ် အထူးတလည်သောက်သုံးကြတယ်လိုသိရပါတယ်တဲ့။

ကမ္ဘာ့အသိအမှတ်ပြု USDA ရဲ့ ဓာတ်ခွဲစမ်းသပ်ချက်များအရ ၁ဝဝ-ဂရမ်အလေးချိန် ရှိတဲ့
ဗာဒံစေ့ထဲမှာ၊ လူသားတို့ကျန်းမာရေးကိုကောင်းကျိုးဖြစ်စေတဲ့ ခွန်အား ၅၇၆ ကယ်လိုရီ၊
ကစီဓာတ် ၂၁.၆၉ ဂရမ်၊ ကော်ဓာတ် ဝ.၇၄ ဂရမ်၊ သကြား ၃.၈၉ ဂရမ်၊
ချေဖျက်လွယ်သော အမျှင်ဓာတ် ၁၂.၂ဝဂရမ်၊ အဆီဓာတ် ၄၉.၄၂ ဂရမ်၊ပရိုတင်း ၂၁.၂၂ ဂရမ်၊
လိုင်စင်း ဝ.၅၈ဝရမ်၊ရေဓာတ် ၄.၇ ဂရမ်၊ဗီတာမင်အေ ၁ IU၊ သီအာမင်(ခေါ်) ဗီတာမင်ဘီ(၁) ၁၈%၊
ရီဘိုဖလာဗင်(ခေါ်)ဗီတာမင်ဘီ(၂)၈၅%၊အာစင်းနစ်(ခေါ်)ဗီတာမင်ဘီ(၃)၂၃%၊ဗီတာ မင်ဘီ(၅)၉%၊ ဗီတာမင်ဘီ(၆)၁၁%၊ဖောလိပ်(ခေါ်)ဗီတာမင်ဘီ(၉)၁၃%၊ ချိုလင်း၁၁%၊ ဗီတာမင်အီး၁၇၅%၊ ကယ်လ်စီယမ်၂၆%၊သံဓာတ်၂၉%၊မဂ္ဂနီစီယမ်၇၅%၊မဂ္ဂနီးစ် ၁ဝ၉%၊ဖော့စဖရက်၆၉%၊ ပိုတက်စီယမ် ၁၅%နဲဇင့် ၃၂% တို့အသီးသီးပါရှိကြပါတယ်။

ဗာဒံစေ့ကိုမှန်မှန်စားပေးခြင်းဖြင့် အစာအိမ်ထဲရှိ အကျိုးပြုဗက်တီးရီးယားများကိုလှုံ့ဆော်ပေး
တာကြောင့်အစာချေဖျက်မှုကို အားပေးကာ၊ ဝမ်းပုပ်များသက်စေပြီး အစာချေအင်္ဂါ အဖွဲ့အစည်း သန့်စင်သွားတာကြောင့်၊အသားအရေတွေလည်းမညစ်ညမ်းတော့ပါဘူး။ဗီတာမင်အီးရရှိရာအရင်းအမြစ်ကိုပြပါဆိုရင်ဗာဒံစေ့ကိုသာ လက်ညှိးထိုးလိုက်ပါ။ ဝက်ခြံစို/ဝက်ခြံခြောက်/ဆားဝက်ခြံ
အမျိုးမျိုးနဲ့ မျက်နှာပေါ်ရှိအမည်းစက်များ၊အမာရွတ်များအတွက် ဘယ်လိုပင်မိတ်ကပ်ကောင်းကောင်း
လိမ်းပါသော်လဲမပျောက်နိုင်တဲ့အခါစိတ်ညစ်ရပြီး၊ငွေကြေးတတ်နိုင်သူများလည်း အရေပြားအထူးကု
ဆရာဝန်တွေနဲ့ပြသကြည့်ကြရာ၊ ဆရာဝန်တိုင်းကအသားအရေကောင်းစေဖို့ ဗီတာမင်အီး
ဆေးတောင့်လေးတွေတိုက်ကျွေးလေ့ရှိပါတယ်။အဲဒီဗီတာမင်အီးဆေးတောင့်တွေနဲ့ဗီတာမင် အီးဓာတ်ပါတဲ့ဆေးတွေအားလုံးကို Alpha-Tocopherolဓာတ် ပစ္စည်းနဲ့ဖော်စပ်ထားတာ ကြောင့်အသားအရေကိုကြည်လင်ဝင်းမွတ်တောက်ပလာစေပါတယ်။

ဗာဒံစေ့ဟာဗီတာမင်အီးကြွယ်ဝရာ အရင်းအမြစ်ဖြစ်တာကြောင့် ဝက်ခြံပေါက်သူတွေသာမက၊
အရေပြားရောဂါရှိသူများလည်းမဖြစ်မနေစားသင့်ပါတယ်။အရွယ်နုပျိုဆေးသဖွယ် အားကိုးထိုက်ပါ တယ်။

ဗာဒံစေ့ကိုမှန်မှန်စားတဲ့အပြင်၊ ဗာဒံစေ့ဆီနဲ့ပါမျက်နှာကို အသာအယာနှိပ်နယ်ပေးခြင်းဖြင့်
အရွယ်မတိုင်မီမျက်နှာအရေးကြောင်းတွေမဖြစ်စေတော့ပါဘူး။

အသားအရေလည်းပိုညက်ညောလာပါတယ်။မျက်ကွင်းညိုသူတွေ မျက်လုံးအောက်တဝိုက်
ဗာဒံဆီမှန်မှန်လိမ်းပေးခြင်းဖြင့်ရက်အနည်းငယ်အတွင်း မျက်ကွင်းညိုများသိသိသာသာ
လျော့ပါးသွားစေပါတယ်။(မျက်လုံးထဲဆီမဝင်အောင်ဂရုစိုက်လိမ်းပါ)နှလုံးအတွက် သူငယ်ချင်းကောင်း လို့ဆိုရမှာပါဘဲ။ အရိုးရှင်းဆုံးပြောရရင် ဗာဒံစေ့က
နှလုံးရောဂါဖြစ်ခြင်းမှကာကွယ်ပေးပါတယ်။ဗာဒံစေ့ထဲမှာပါတဲ့ အမျှင်ဓာတ်တွေဟာ
ခန္ဓာကိုယ်ကအစားအစာထဲမှာပါလာတဲ့ပြင်ပအဆီတွေစုပ်ယူခြင်းကို ပိတ်ပင်ဟန့် တားပေးပါတယ်။

ဒါ့ပြင်ဗာဒံစေ့ထဲမှာဗီတာမင်အီး၊ပြည့်ဝဆီများ၊မဂ္ဂနီစီယမ်နဲ့ခန္ဓာကိုယ်အကျိုးပြုဓာတ်တိုးဆန့်ကျင်
ပစ္စည်းတွေအလုံအလောက်ပါဝင်နေတာမို့နှလုံးသွေးလည်ပတ် စီးဆင်းမှုအားကောင်းစေပါတယ်။

ဒါတင်မကသေးပါဘူး။သွေးထဲရှိကိုလက်စထရောပမာဏကို ချပေးတာကြောင့်နှလုံးကျမ္မာ လာစေပါ တယ်တဲ့။

ကဲနည်းတဲ့အစွမ်းတွေလား။ အေးလေ ဗန်ဒါစေ့စားနေရင်အသက်တောင်မသေနိုင်ဘူးဆိုမှတော့ ဒီလောက်မဆန်းကျယ်တော့ပါဘူး။

န်ေဒါစေ့အကြောင်းမြန်မာဆေးကျမ်းတွေမှာကျတော့ ဒီလိုဖေါ်ပြထားပြန်ပါတယ်။

ဗာဒံပင်သည် အပင်လတ်အမျိုးအစားဖြစ်၏။ အရွက်သည် ထွက်ခါစတွင် အညိုရောင်ရြှိုပီး ရင့်သွားသောအခါ အစိမ်းရောင်မှ အနီရောင်ဖျော့ဖျော့ပြောင်းသွား၏။ အပွင့်များမှာစွဲဆောင်မှုရှိသည်။ ဗာဒံသီးကို နျစ်ပိုင်းပိုင်းခြားနိုင်၏။ ကတ္တီပါကဲ့သို့ နူးညံ့သောအပိုင်းနှင့် ကျောက်ကဲ့သို့ မာကျောသောအပိုင်းဖြစ်၏။မာကြောသော အပိုင်းကိုခွဲလိုက်ပါက အစေ့အတွင်းစာကိုတွေ့ရသည်။

ဟင်းသီးဟင်းရွက်များတွင်ပရိုတိန်းဓာတ်မပါဝင်ဟု အများကလက်ခံယုံကြည်ထားကြသည်။ အဆိုပါ ယုံကြည်မှုမှာ ဗာဒံသီးကြောင့်ပျောက်ကွယ်သွားရသည်။ ဗာဒံစေ့တွင်အသားဓာတ် ၂၀ % ပါဝင် သောကြောင့်ဖြစ်ပေသည်။ဤပါဝင်မှုမှာအပင်များတွင်တွေ့ရခဲသောပါဝင်မှုဖြစ်ပေသည်။ လူတို့အစား အစာအဖြစ်အသုံးပြုကြသော သစ်သီးများတွင် ဗာဒံသီးမှာ အာဟာရအကြွယ်ဝဆုံးဖြစ်သည်။ ဗာဒံသီး တွင်ပါဝင်သော အစာအဟာရများမှာ လူတို့၏ကျန်းမာရေး၊ခွန်အား၊ ကိုယ်ခန္ဓာတည်ဆောက်မှုအတွက် အထူးပြည့်စုံသည်ကိုတွေ့ရသည်။ ခရီးသွားသူတစ်ယောက်သည် အိတ်ထထဲ၌ ဗာဒံသီးအပြည့်ထည့် ထားပါက မငတ်နိုင်ဟု အဆိုရှိသည်။

ဗာဒံသီးတွင်ပါဝင်သည့် ပရိုတိန်းဓာတ်မှာ အလွန်အစာကြေလွယ်သည်ဟု သိရ၏။ထို့ကြောင့် အံ့သြစရာကောင်းသောအချက်မှာ ဗာဒံသီး၌ ကြေးနီပမာ ဟေမိုဂလိုဘင်ထုတ်လုပ်နိုင်ရန် အစာချေ လမ်းကြောင်းမှ သံဓာတ်ကိုစုတ်ယူနိုင်ရန် အဓိကလုပ်ဆောင်ပေးရသောသတ္တုဓာတ်ဖြစ်၏။ ဗာဒံသီး အစေံအဆန်သည် အပူချိန်ကိုထိန်း၏။ လိင်စိတ်ကိုကြွစေ၏။ ဝမ်းကိုပျော့စေ၏။ ဆီးကိုရွှင်စေ၏။ အားကိုဖြစ်စေ၏။အာရုံကြောကိုအားကောင်းစေသည်ဟု အာယုဗ္ဒေဒကျမ်းတွင်ဆိုသည်။

ဗာဒံသီးအစေ့သည် ဖွံဖြိုးစအရွယ်။ ကလေးများတွက်အထူးအားဆေးတစ်မျိုးဖြစ်သည်။ ဗာဒံစေ့အဆန် သုံးခုမှခြောက်ခုကိုရေစိမ်ပါ။အခွံ့ပါးကို နွှာ၍ကြိတ်ပါ။ နို့ဖြင့်ရောပြီးပျားရည်တစ်ဇွန်းထည့်ပါ။ ကလေး ငယ်အားတစ်နေ့နှစ်ကြိမ် နှစ်လဆက်တိုင်ကျွေးပါက အလွန်ထွားပြီးအရိုးမာသည့်ကလေးဖြစ် လာပါ မည်။ ဗာဒံသီးအစေ့သည် အပျိုဖော်ဝင်နောက်ကျနေသည့် မိန်းမငယ်များအတွက်လည်း အထူး သင့်လျော်သည်။ ဗာဒံစေ့အမှုန့်၊ကြက်ဥအနှစ်၊ ဂျင်ဂျယ်လီမှုန့်၊ပျားရည်တစ်ဇွန်းကို နို့ဖြင့်သောက်သုံးခြင်းသည် မြီးကောင်ပေါက်အရွယ်အတွက်အထူးကောင်းမွန်သည်။

ထို့အပြင် ဗာဒံစေံသည် အထွေထွေအားနည်းခြင်းနှင့် နာလန်ထလူမမာများအတွက် အကောင်းဆုံး အစားအစာလည်းဖြစ်သည်။ ဗာဒံစေ့ ၁၂ ဆန် ၁၅ ဆန်ရေနွေးစိမ်ပါ။အခွံ့ပါးကိုဖယ်ပစ်ပါ။ ညက်အောင် ကြိတ်၍နို့ဓမ်းဖြငိ့်ရောပါ။ငှက်ပျောသီးအမှည်တစ်လုံးကို ခြေထည့်ပြီးအဖတ်များကိုအဝတ်ပါးဖြင့်စစ်ပါ။ ပျားရည် လေးဇွန်းထည့်ပါ။တစ်နေ့နှစ်ကြိမ်စားသုံးရန် ဖြစ်၏။အားနည်းရောဂါပျောက်ကင်းသက်သာ စေသည်။

အာဟာရပိုမိုစေရန်နှင့် အစာကြေညက်စေရန် ဗာဒံစေ့အဆန်ကို ဟင်းခတ်အမွှေးအကြိုင်များဖြစ်သည့် ငရုတ်ကောင်း၊ နနွင်း၊ ဖာလာ၊Khuskhus နှင့်တွဲဖက်စားသုံးလေ့ရှိသည်။နွေရာသီနှင့် ပူအိုက်သည့် အခြေအနေများတွင် ဗာဒံသီးစားမည်ဆိုပါက အပေါ်ခွံ့ပါးကို ဖယ်ရှားပစ်ရန်ဖြစ်သည်။သို့မဟုတ်ပါက ကိုယ်ခန္ဓာအတွင်း၌ အလွန်အပူချိန်တိုးလာတတ်သည်။

ဘာပဲပြောပြော ခုနေတဲ့ဝန်ထမ်းအိမ်ယာရှေ့မှာလည်း ဗန်ဒါပင်တစ်ပင်ရှိတယ်ဗျ။ ဘယ်သူမှ သိပ်စိတ်မဝင်စားကြပါဘူး။မသိသူကျော်သွားပေမယ့် သိသူကတော့ဖော်စား အဲလေ ထုစားရတော့မှာပါပဲ။
မင်းစိုးနိုင်
MSC-010

Sort:  

This Account @minsoenaing is Under Quarantine!
The Account is in The Hackers / Phishers Hand.
Do Not Up Vote !
Warning! Do not Interact with @minsoenaing Account.
Do Not Click , on Any of the comment.
This message comes out when The Account have been Hacked.

  • Lost Control of your Account to The Phishers.
  • Transferred Transaction of fund to Hacker Accounts.
  • This Account is Subject to be Destroy.

Please Recover your Account !

or Contact @quarantine for Further Information.

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ဗာဒံစေ့ကြိုက်တယ်ဗျ လမ်းမှာအသီးများတွေ့ရင်
ခဲလေးရှာပြီးထုစားလိုက်တယ် 😁

အတူတူပဲကြိုက်တယ်

Posted using Partiko Android

Hi, @minsoenaing!

You just got a 0.17% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

Congratulations @minsoenaing! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You made more than 4500 comments. Your next target is to reach 5000 comments.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

Be ready for the next contest!

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @minsoenaing! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You got more than 1000 replies. Your next target is to reach 1250 replies.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

The new Steemfest³ Award is ready!
Be ready for the next contest!

Support SteemitBoard's project! Vote for its witness and get one more award!

ဗာဒံ​စေ့ကခဲနဲ့ထုစားရတာကိုကမိုက်​ပါတယ်​...သူကကျန်းမာ​ရေး၊အလှအပအတွက်​​တော်​​တော်​အသုံးဝင်​တာပဲ​နော့....

Posted using Partiko Android

သူ့အစွမ်း မသိခင်တုန်းကတည်းကကြိုက်လို့စားခဲ့တာ
ခု....ပိုစားပြီးလေ

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 63706.21
ETH 3073.80
USDT 1.00
SBD 3.76