အစားအစာစက်ရုံ

in #myanmar6 years ago (edited)

rr16on.jpg
အစားအစာစက်ရုံဆိုတာ အရင်ကသဘောမပေါက်ဖူး။ အထူးသဖြင့် ချဉ်ဖတ်စက်ရုံတို့ဘာတို့ ငယ်ငယ်က ဂျပန်စန်ဟာယုချဉ်ဖတ်စက်ရုံအကြောင်း စာရေးဆရာချစ်စံဝင်းရေးတာဖတ်ခဲ့ဖူးတယ်။
qjmhot.jpg
ခုတော့သိပါပြီ ဘာပစ္စည်းမဆို အများအပြားထုတ်လုပ်တော့မယ်ဆို စက်တွေရဲ့အကူအညီကလိုလာတာပဲ၊ ဒါပေမယ့် တို့နိုင်ငံမှာ နှစ်ပေါင်းများစွာ လူအားနဲ့သာလုပ်ကြရတာဆိုတော့ ငါနားမလည်တာလည်းဆန်းတော့မဆန်းပါဘူး။
cq252q.jpg
စီးပွားရေးဆိုတာ လူအများကြီးအတွက် လူအနည်းလေးကထုတ်လုပ်‌ပေးနိုင်မှစီးပွားရေးဖြစ်မှာလေ။
ghcsu3.jpg
စက်တွေအကူအညီနဲ့ထုတ်တော့ လူ့စွမ်းအားဘယ်လောက်များများ မမီတော့ပါဘူး။ အေးလေ ဒါကိုပဲစက်မှုတော်လှန်ရေးဆိုပြီးခေါ်ခဲ့ကြတာပဲ။
သူများတွေစက်မှုခေတ်တောင်ကျော်လာပြီး 4.0 ခေတ်တွေဘာတွေတောင်ပြောနေကြပြီ။ ပြောရရင်ဒီဂျစ်တယ်ခေတ်ပေါ့။ ရိုဘော့ခေတ်ပေါ့။ ဒါတွေအမီလိုက်နိုင်တော့ဘယ်လိုလုပ်ရပါ့။

Sort:  

စက်မှုသည်သာ ပညာပါက ပိုတိုးတတ်ရ

Coin Marketplace

STEEM 0.05
TRX 0.32
JST 0.080
BTC 66898.64
ETH 1803.15
USDT 1.00
SBD 0.43