A flower is Popa
ကျွန်တော်သည် ပုပ္ပါးတောင်နှင့်ပတ်သက်၍ အများသူငှါချဉ်းကပ်လေ့လာသကဲ့သို့ ပုပ္ပါးတောင်၏ အလှအပများ ဘုရားစေတီ၊ တောင်ကလပ်စသော လည်စရာပတ်စရာနေများကို မတင်ပြတော့ပဲ။ Myanmar Steemit archaeologic နှင့် history ကဏ္ဍများအတွက်သာ ရေးသားနေခြင်းဖြစ်၍ သုတေသနရှုဒေါင့်မှသာဆက်လက်တင်ပြပါမည်။
ပုပ္ပါးဆိုသောအမည်သည် ပါဠိဘာသာပုပ္ဖ (ပန်း) မှ ဆင်းသက်လာသည်ဟု ကြားဖူးလေသည်။ ပုပ္ပါးတောင် ကိုလူ အများက ကျောက်ပန်းတောင်းမြို့အနီးတွင်ရှိသည်။ အမြင့်ပေ ၄၉၈၁ ပေရှိသည်စသည်ဖြင့် သိရှိကြပြီး၊ မီးတောင် သေတစ် ခုဖြစ်မှန်းလည်း သိရှိကြပြီးဖြစ်ပါမည်။ ကျောင်းတုန်းက သင်ကြားခဲ့ကြဘူးသည်လေ။ သို့သော် သမိုင်းအထောက်အထား များအရ အမေရိကန် ရှေးဟောင်းသုတေသနပညာရှင် ဒေါက်တာမိုးဗီးယပ်စ်သည် မီးတောင်ကျောက်ဖြင့်ပြုလုပ်ထားသော ကျောက်လက်နှက်များကိုပုပ္ပါးတောင်ခြေဆယ်ပေါက်ရွာမှ ရရှိခဲ့ဖူးသည့်အတွက် ပုပ္ပါးတောင်ဒေသတွင် ကျောက်ခေတ် လူနေ ထိုင်မှုများရှိခဲ့သည်ဟုခန့်မှန်းထားပါသည်။ဆိုတော့စီလီကာသက်တမ်းအရလွန်ခဲ့သော နှစ်ပေါင်း ၁၅ သန်းကျော်မှ ပေါ်ထွန်း လာခဲ့သည်ဟုဆိုပေရာ မြန်မာအစတကောင်းကဆိုသောခေတ်ထက် နှစ်သန်းပေါင်းများစွာကတဲကကျောက်ခေတ် လူသား တို့ နေထိုင်ခဲ့ရာဒေသတစ်ခု ဖြစ်နေပါသည်။
ကျောက်ခေတ်ဦးသို့မဟုတ် ကျောက်ခေတ်နှောင်းကာလယဉ်ကျေးမှု စတင်ထွန်းကားစပြုချိန်တွင် လူသားတို့သည် နေကို လည်းကောင်း၊ မီးကိုလည်းကောင်း၊ တောတောင်ကိုလည်းကောင်းကိုးကွယ်ခဲ့ကြရာပုပ္ပါးတောင်ကိုလည်း အားထားကိုးကွယ် ရာတစ်ခုအဖြစ်သတ်မှတ်ခဲ့ပုံကိုရပါသည်။ ပုပ္ပါးတောင်ကိုမဟာဂီရိ (တောင်ကြီး) ဟူသောပါဠိဝေါဟာရဖြင့် အမည်မှည့် ခေါ်ခဲ့ ရာမှ မင်းမဟာဂီရိဇာတ်လမ်းလည်းပေါ်ထွန်းလာခဲ့ခြင်းဖြစ်နိုင်ပေသည်။
မှန်နန်းရာဇဝင်တွင် ၁၉၂၃ ခုနှစ်၌ဧရာဝတီမြစ်၏ အလယ်ပိုင်းဝန်းကျင်တွင် ကျယ်လောင်သောအသံကြီးမြည်လျက် မြေင လျင်လှုပ်ခတ်ခဲ့ကြောင်းဖိုးဥမောင်အရပ်တွင် ရေအိုင်ကြီးတစ်ခုပေါ်ထွန်းလာခဲ့ကြောင်း၊ စမုံ၊ စမြိတ်မြစ်နှစ်စင်းစီးဆင်းလာ ကြောင်း၊ ပုပ္ပါးတောင်သည် မြေမှထွက်လာကြောင်းနှင့် သရေခေတ္တရာဒေသဝန်းကျင်မှ ပင်လယ်ခမ်းခြောက်သွားကြောင်းစ သည်ဖြင့်ရေးသားဖေါ်ပြထားရာလွန်ခဲ့သော နှစ်ပေါင်းတစ်သန်းကျော်မှ ဖြစ်မည်ဟုခန့်မှန်းကြသည်။ မြို့ပြနိုင်ငံများ စတင် ထွန်းကားလာချိန်ဝယ် ပျူရှေးဟောင်းမြို့ပြများဖြစ်သည့် သရေခေတ္တရာ၊ ဗိဿနိုးနှင့် ဟန်လင်းတို့သည် ပုပ္ပါးတောင်နှင့် အလှမ်းဝေးကွာသည့် နေရာဒေသများတွင်ရှိခဲ့သောကြောင့် ပျူသမိုင်းမှတ်တမ်းများတွင် ပုပ္ပါးတောင်နှင့်ပတ်သက်သည့် အချက်အလက်များကိုရှာဖွေမတွေ့ရှိခဲ့ချေ။
ပျူမြို့ပြများပျက်သုန်းသွားပြီးနောက် ပုဂံခေတ်ပေါ်ထွန်းလာသောအခါချိန်တွင်မူပုပ္ပါးသည် အလွန်အရေးပါသော နေရာတစ် ခုဖြစ် လာခဲ့ပေသည်။မြန်မာရာဇဝင်ကျမ်းများအဆိုအရ ပုဂံခေတ်တွင် ပျူစောထီးမင်းလက်ထက်မှစ၍ ပုဂံမင်းများသည် နှစ်စဉ် ပုပ္ပါးတောင်တက်ပွဲကျင်ပခဲ့ပြီး ပုပ္ပါးကို နတ်တောင်ဟု ခေါ်ဝေါ်ခဲ့ကြသည်။ မည်သည့်ရည်ရွယ်ချက်ဖြင့် တောင်တက်ပွဲ များကျင်းပသည်ကို မသိရသော်လည်း မြင့်မြတ်သော တောင်တစ်ခုဟု အသိအမှတ် ပြုထားသောကြောင့်ဟု ယူဆကြသည်။ မည်သည့်နတ်ဟူ၍ အမည်နာမဖြင့် ကိုးကွယ်ခြင်းကားမရှိသေးပါချေ။
ပုဂံခေတ်တွင်မူ ပုပ္ပါးသည် ပြည်သူအများကိုးကွယ်သော မင်းမဟာဂီရိတို့ နတ်မောင်နှမစံပျော်ရာ တောင်တော်ဖြစ်လာခဲ့ သည်။အေဒီ ၉၀၄ တွင်မှ ပုဂံဘုရင် သေဉ်လည်ကြောင်မင်းသည် တကောင်းမှ မျောလာခဲ့သော မောင်တင့်တယ် နတ်မောင် နှမတို့နေသည့် စကားပင်ကြီးကို နတ်ရုပ်များထု၍ ပုပ္ပါးတောင်တွင်ထားကာ ပြည်သူများအား ကိုးကွယ်စေခဲ့သောကြောင့် ပုပ္ပါးသည် မင်းမဟာဂီရိတို့ နတ်မောင်နှမစံပျော်ရာ တောင်တော်ဖြစ်လာခဲ့လေတော့သည်။ သို့ဖြင့်နတ်တောင်ဖြစ် လာသော ပုပ္ပါးဒေသတွင် ပေါများလှသည့် (စံကားပန်း)သည်လည်း တော်ဝင်ပန်း (ဝါ)နတ်ပန်းဖြစ်လာခဲ့ရသည်။
မင်းမဟာဂီရိသည် မြန်မာ့ရိုးရာ နတ်ယုံကြည်မှု သမိုင်းအစောဆုံးနတ်တစ်ပါးဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ကုန်းဘောင်ခေတ် မြန်မာနန်းတွင်း၌ မင်းမဟာဂီရိနတ်ကို မန္တလေး ရတနာပုံခေတ်တိုင်အောင် စဉ်ဆက်မပြတ် ထားရှိကိုးကွယ်ခဲ့ကြပြီမင်းမှအစ ပြည်သူတစ်ရပ်လုံး တစ်နှစ်တစ်ကြိမ် ထိုနတ်မောင်နှမကို ဖူးမြော်ကြသည်ဟု ဆိုသဖြင့်လည်း ပုဂံခေတ်မှစ၍ မြန်မာတို့၏ နတ်ကိုးကွယ်မှုသည် ထုံးတမ်းတစ်ခုသဖွယ်ဖြစ်နေပြီဟု ဆိုနိုင်ပေသည်။အနော်ရထာဘုရင်လက်ထက်တွင် ထေရဝါဒဗုဒ္ဓ သာသနာတော် ကျယ်ပြန့်လာသည့်တိုင် နတ်ကိုးကွယ်မှုမှာ ချုပ်ငြိမ်းကွယ်ပျောက်သွားခြင်းမရှိခဲ့သည့်အပြင် ယနေ့တိုင် မြန်မာအိမ်တိုင်းနီးပါး၌ အိမ်တွင်းမင်းမဟာဂီရိနတ်ကို ထားရှိကိုးကွယ်နေကြဆဲ ဖြစ်ပါသည်။
ပုပ္ပါးသည် နတ်တောင်ဖြစ်လာသကဲ့သို့ ပုဂံမင်းဆက်တွင် ပုပ္ပါးစောရမင်းဟူ၍လည်း မင်းတစ်ပါးရှိခဲ့ဖူးရာ ထိုမင်းသည် ပုပ္ပါးနယ်သားဖြစ်ပြီး ထိုနယ်၏ ကျောထောက်နောက်ခံဖြင့် မင်းဖြစ်လာခဲ့ဟန်တူပေသည်။ ဘုရင်အနော်ရထာသည် စုက္ကတေး မင်းနှင့် အာဏာယှဉ်ပြိုင်ကြရစဉ်က ပုပ္ပါးသို့ထွက်၍ လူသူစုဆောင်းခဲ့သည်။ပုပ္ပါးကိုအားယူကာ ဘုရင်ဖြစ်ခဲ့သည် ဟုပင်ဆိုနိုင် လေသည်။ထို့အပြင် ပုပ္ပါးသည် သူရဲကောင်းများပေါ်ထွန်းရာ အရပ်ဟုလည်းဆိုနိုင်သေးသည်။ ပုဂံသူရဲကောင်း လေးဦးအ နက် ငလုံးလက်ဖယ်သည် ပုပ္ပါးနယ်သား တစ်ယောက်ဖြစ်လေသည်။
ရေးသားသူ - မင်းစိုးနိုင်
ကိုးကား - မြန်မာ့အလင်း ၄.၁၁.၂၀၁၄
Photo – Google & Facebook
Follow me back please
ရောက်ရင်ဝင်လည်မှာနော်
thanks for sharing...
@minsoenaing got you a $1.77 @minnowbooster upgoat, nice! (Image: pixabay.com)
Want a boost? Click here to read more!