myanmar

in #kyawhlaing8 years ago

လစာတွေတိုးတယ်လို့ ပြောတော့ ဝန်ထမ်းအများစုက ဝမ်းသာကြတယ်၊ကျွန်တော်လည်း ဝမ်းသာခဲ့ပါ၏ သို့သော်...
မြင်တဲ့အတိုင်းဘဲ ခေါင်းမှာ ဘုထွက်သွားတယ်။

ဘာကြောင့်လည်းဆိုတော့ ကလေးနှစ်ယောက် ပညာရေးနှင့် မိသားစု စား ဝတ် နေရေးကို ချို့ချို ချန်ချန် စီမံခန့်ခွဲပေးနေတဲ့ မိန်မကို သနားမိတာနဲ့ အခြေနေနှင့်အချိန်အခါ မကြည့်ဘဲ ပြောမိခဲ့တာကို။

် ဖြစ်ပုံက ဒီလိုပါ မိန်းမ ထမင်းဟင်းချက်နေတုန်း ဝမ်းသာအားရ အခု သမ္မတကြီး အသစ် လက်ထက်မှာ လစာတွေတိုးတယ်လို့ ပြောလိုက်မိတယ် လစာတိုးတော့ ယောက်ျားလစာ ဘာလောက်ဖြစ်သွားပြီးလဲတဲ့၊
ကျွန်တော်ကလည်း အရင်က တစ်သိန်းကျော်ဆိုတော့ အခုတိုးရင် နှစ်သိန်းကျော်သွားပြီပေါ့ကွာလို့ ပြောလိုက်တယ်။

စကားပြန်မလာတော့ ထမင်းဟင်းချက်ဖို့ လုပ်နေတော့ အလုပ်များလို့ဘဲ ထင်ပြီး အိမ်ရှေ့ထွက် ကုလားထိုင်ပေါ်ထိုင်ပြီး စာဖတ်နေလိုက်တယ်။

သိပ်မကြာလိုက်ပါဘူး ခြေသံပြင်းပြင်း အသံတွေကို ကြားလိုက်ရတယ် နောက် ခေါင်းမှာလည်း ပူကနဲ စမ်ကြည့်လိုက်တော့ ဘုထွက်လာတယ်။

မိန်းမ ဘာလုပ်တာလည်း မေးလိုက်တော့ လက်ထဲက ငရုတ်ကျဉ်ပွေ့ကြီးလွတ်ချပြီး အိမ်ဘေးက အမတ်ဆိုတဲ့လူက မနေ့တစ်နေ့ကမှ အမတ်လုပ်တာ ဆယ်သိန်းရတယ်။

ရှင်က ဘွဲရပြီး လုပ်သက် သုံးဆယ်နီးပါးက နှစ်သိန်းကျော် ဒါမဖြစ်လောက်ဘူး ရှင်ကျမ မသိအောင် ဘယ်မိန်းမကို ထောက်ပံ့ ပေးနေတာလဲ တဲ့။

နာလည်းနာ ရယ်လည်းရယ်ချင်ပါရဲ့ ဒါပေမယ့် စိတ်ထဲမှာတော့ တေးမှတ်မိတယ်၊ဒါ သမ္မတကြီး လုပ်ကြံတာလို့။
#CDမှုရင်းတင်သူ
ရွှင်လန်းချမ်းမြေ့ကြပါစေ 😃 image

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.081
BTC 61711.04
ETH 1599.17
USDT 1.00
SBD 0.47