မှီခိုစိတ်

in #myanmar8 years ago (edited)

image

လူတစ်​ဦးတစ်​​ယောက်​စကားကို ယုံကြည်​မိပြီး မှီခို​နေရတယ်​ဆိုရင်​အဲ့ သူ့ ရဲ့ စိတ်​အ​ခြေ​အ​​နေ အလေ့အထကို အမြဲအကဲခတ်​​နေရတယ်​။

ဟုတ်​သည်​ဖြစ်​​စေ၊ မဟုတ်​သည်​ဖြစ်​​စေ ​ခေါင်း
ညိတ်​လိုက်​မိပြီဆိုရင်​ပဲ ကိုယ့်​ရဲ့ mind power
အ​တော်​ ကျသွားပြီလို့  ဆိုရမယ်​။

ကိုယ့်တိုင်​ရပ်တည်နိုင်ဖို့ ဖြစ်ရဲ့သားနဲ့တခြား သူကို အားကိုမိသွားရင်​အဲ့စိတ်​ဟာတကယ်​ကို ​ပျော့ညံ့ စိတ်​ဖြစ်​သွားပြီ။

အဲ့လိုဖြစ်​​ပေါ်လာတဲ့စိတ်​ကို မှီခိုစိတ်​လို့ ​ခေါ်တယ်​။

မှီခိုစိတ်တွေ ဝင်သွားရင် လူတစ်ယောက်ဟာ
ကိုယ့်ကိုယ် အားကိုးလိုစိတ်​ မရှိတော့ပဲ အ​တွေး​ခေါ်​တွေ စိတ်​ကူး​တွေ အလို​လျောက်​တစ တစ
တုံဆိုင်းလာတယ်​။တဖြည်းဖြည်ကြာလာတဲ့ အခါ စိတ်​ကျ​ရောဂါဘက်​ကို ဦးတည်​လာတယ်​။

တစ်​စုံတစ်​​ယောက်​က သင့်​ကိုကူညီမယ်​​ပြောတဲ့အခါ။ ထိုသူစကားကို အားကိုးပြီး
ဘာမှ မလုပ်​ပဲ မ​နေလိုက်​ပါနဲ့  သင်​ကိုယ်​တိုင်​လည်း ကြိုးစားလိုစိတ်​​မွေးမြူပါ။

ငါကိုယ်​တိုင်​လည်းကြိုးစားလို့ ရပါလားဆိုတဲ့
အသိ အမြဲနှလုံးသွင်းထားပါ။ သို့မှာသာသင်
စိတ်​ဟာ တပါးသူ​လောင်းရိပ်​​အောက်​မ​ရောက်​ပဲ
ကိုယ်​ပိုင်​အ​တွေး အယူအဆနဲ့ ရပ်​တည်​ချင်​စိတ်
ဖြစ်​လာမှာပါ။

ဘယ်​​တော့မှ လူ​ပျော့ လူညံ့ အဖြစ်​မခံပါနဲ့  ။

'' မြတ်စွာဘုရားကဟောတယ် - " အတ္တာဟိအတ္တနော နာဌော ''

မိမိ ကိုကိုယ်သာကိုးကွယ် ရာ၏တဲ့ ။

ကိုယ့်​ကိုကိုယ်​အားကိုးတတ်​ဖို့  ပတ်​ဝန်းကျင်​ သဘာဝတရား ဆီကသင်​ယူပါ။ ကိုယ့်​စိတ်​ကို
မသတ်​မိပါ​စေနှင့်​ ။

By minkhantnyar
Photo google

Sort:  

This post has received a 2.79 % upvote from @drotto thanks to: @minkhantnyar.

Release the Kraken! You got a 1.27% upvote from @seakraken courtesy of @minkhantnyar!

You got a 1.03% upvote from @allaz courtesy of @minkhantnyar!

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.076
BTC 63768.31
ETH 1672.84
USDT 1.00
SBD 0.42