နေတတ်​ရင်​​ကျေနပ်​စရာပါ

in #myanmar6 years ago (edited)

စာ​ရေးမယ်​ ... ​ရေးရမယ်​ ... ငါစာ​ရေးရမယ်
ငါ့မှာ ပိုစ့်​တင်​ဖို့ တင်​ရှိတယ်​ ။ ဘာ​ရေးရမယ်
မသိ မစဉ်းစားရ​သေး ။ အလုပ်​ကမအား ။
အလုပ်​မအားဘူးဆိုလို့  ၊ ဒီလူ အလုပ်​ကြိုးစား
တယ်​ တကယ့်​အလုပ်​ကြီးအကိုင်​ကြီးသမားပဲ
စသဖြင့်​ မထင်​လိုက်​ကြပါနဲ့ ။

CYMERA_20180211_072441.jpg

မနက်​အိပ်​ရာထထချင်းက​လေးထိန်းရတယ်​။ သူ့အ​မေနိုးလာ​တော့ ​ကမန်းကတန်း ရေမိုးချိုးအဝတ်​အစားလဲ ​ဈေးသွားရပြန်​တယ်​။အိမ်​ပြန်​​ရောက်​​တော့ ဝယ်​လာတာ​တွေ ချက်​ဖို့်ပြင်​ရတယ်​။ဟင်းချက်​​နေ တုန်း​ဈေးက​ပြေး​ရောင်း၊မိတ္တူကူးစရာရှိကူး ။ စာရိုက်​စရာရှိ ရိုက်​ ၊ဓာတ်​ပုံထုတ်​စရာရှိထုတ်​ (အိမ်​ဆိုင်​​လေးတွဲဖွင့်​ထား​တာ )daily စရိတ်​​လေး ရလိုရငြား​ပေါ့ ။ ပြီးတာနဲ့ ဟင်းအိုးဘက်​ပြေးရပြန်​တယ်​။က​လေးက အငယ်​​လေး လက်​​ပေါ်ကချမရ (လက်​ကြိုက်​စိန်​က😃😃)။ထမင်းဟင်း
ချက်​ပြီးလို့  စာ​ရေးမယ်​ကြံရင်​ က​လေးက
ငို က​လေးချီပြီးလမ်း​လျောက်​​ပေးရပြန်​တယ်​။
က​လေးမငို ရင်​ တစ်​စုံတစ်​ခု အ​ကြောင်းကိစ္စက
ပေါ်လာစမြဲ ။အဲ့လိုနဲ့ ​တွေးထားတာ​တွေ ​ပျောက်​ ဘာ​ရေးရမယ်​မှန်းမသိဖြစ်​ကုန်​​ရော ။ ညဘက်​ဆိုလည်း ညဘက်​မို့လို့  ။ အလုပ်​က အဲ့လို​တွေနဲ့ သံသရာလည်​​နေတာ။

ခုအချိန်​မှာ အားကျမိတာက​တော့ လူပျိုကြီး​တွေ ဘဝပါပဲ။ ​တွေး၊ ​ငေး ၊ ​ဆွေး စိတ်​ထင်​တိုင်း
ကဲ၊ ပျော်​​ပျော်​​နေပြီး ဘဝကို ဖြတ်​သန်းခွင့်
ရတာ နိ​ဗ္ဗာန်​တခုပါ။လက်​ရှိမြင်​​နေတဲ့အမြင်​ပါ။
(မယူခင်​က​တော့အမြင်​တမျိုး​ပေါ့ 😁😁)
တချို့ တ​လေကျ​တော့လည်း လိုချင်​ရဲ့သားနဲ့
မရတတ်​ကြ ။ ဒါလည်း ငရဲတမျိုးပါပဲ ။
"ရှိတာမလို လိုတာမရ"
" လူ့အလို နတ်​မလိုက်​နိုင် " ဆိုသလို​ပေါ့
ကိုယ်​အပါအဝင်​ လူ​တွေက အလိုရမ္မက်​​လောဘကြီး​ကြတာကိုး။အလိုရမ္မက်​​​လောဘ​နောက်​ လိုက်​ပါရင်း ဘဝ​တွေ စုန်းစုန်းမြုပ်​သွား
ကြတာပါပဲ ။

20170824_054518.jpg

ဆရာ​​ဖေမြင့်​​ရေးတဲ့စာအုပ်​မှာအရင်​ကဖတ်​ဖူးခဲ့တယ်​။ လူ​တွေက တရက်​ကို တခါ ​မြေကြီး
ထဲဝင်​သွားကြတယ်​တဲ့ ။ အဲ့လိုနဲ့ ​နောက်​ဆုံးကြ
တော့ ​မြေကြီးထဲ အကုန်​​ရောက်​သွား​ကြ​ပါ​လေ​ရောတဲ့ ။ ဟုတ်​တယ်​​လေ ကျ​နော်​တို့ အားလုံးတချိန်​မှာအကုန်​​မြေကြီးထဲ အကုန်​​ရောက်​ကြရမှာပဲ ။ ကိုယ်​ဆိုတဲ့ခန္ဓာ ကိုယ်​ မှ ​ရေမ​လောင်း ရင်​ တခြားဘယ်​သူမှ ​ရေ​လာ​လောင်း ကြမှာ မဟုတ်​ဖူး​လေ။ ​သံသရာမှာရှင်​သန်​ကြီးထွားဖို့ တရားဓမ္မ​ရေ ​လောင်းတာကို ​ပြောတာပါ။

ကိုယ်​​တွေမှာက သံ​ယောဇဉ်​​တွေနဲ့ ​ရေခပ်​စရာတွင်းရှိ​နေပါရဲ့နဲ့ မခပ်​နိုင်​​သေး။အပူ​တွေ မထုတ်​နိုင်​​သေး။

သံသရာဆိုတဲ့ ရပ်​တည်​မှုကိုစဉ်းစားကြည့်​မိ
တယ်​၊နိစ္စဓူဝများ​မြောင်​တဲ့ ကိစ္စ​တွေကို သုံးသပ်
ကြည့်​​တော့အရမ်းကိုပူ​လောင်​တယ်​။

ဒါနဲ့များဘာ​ကြောင့်​ ​အေးချမ်းမှုကို မရှာကြပဲ
အပူ​တွေချည်း ရှာ​နေမိလည်းစဉ်းစားမရဘူး။
လူတစ်​ဦး ပူမှုရယ်​ဆယ်​ကု​ဋေ တကယ်​မှန်​တဲ့
စကား။ ​ခေတ္တအ​​ပျော်​​နောက်​လိုက်​ပြီး ဘဝကို
အပူထဲနှစ်​​ပြီး ​သေခြင်းတရားကိုရှာ​ဖွေ​နေကြပုံ များဆင်​ခြင်​စရာ​ကောင်း​လေစွ ။

ကိုယ့်​အ​နေနဲ့ က​တော့
တခြားဘာမှလည်း​ထွေ​ထွေထူးထူးမလုပ်​နိုင်​​တော့ စိတ်​​ကောင်း​​စေတနာ​ကောင်း​လေးထား
ပြီး အတတ်​နိုင်​ဆုံး သတိထားမိတဲ့သံ​ဝေဂ
တရား​လေးနဲ့အတူ ခု​နောက်ပိုင်းဘဝကို
ပြုပြင်​​နေထိုင်​မိ​တော့တယ်​။
....

20171005_200458.jpg

@minkhantnyar (MSC-048)
Image -minkhantnyar

Sort:  

ဟုတ်ပါ့ဗျာ i v and c u...plz v and c me back!!
@mgtoetat 👍

Thank! I will

အ​ရေး​ကောင်းအ​တွေး​ကောင်းပါ့။က​လေးအ​ဖေ​တွေဘဝဒီလိုပါပဲ;bro.I တို့လိုအပျိုကြီး​တွေငြိမ်းချမ်းပါ့😜😜😜

ကြာ်​ငြာကဝင်​တယ်​​နော်​ မအိ 😃😃

ဒါကလည်း ပျော်စရာတစ်ခုလိုပဲသတ်မှတ်ထားလိုက်ပါ အစ်ကို

အေ​ပေါ့ဗျာ 😃😃

Are you not happy your life? Why not? I also not happy of my life, why i want to be rich! 😁😁

May be one day ! I will pray for you 😃😃

ကလေးအဖေလားဗျ

လေး​ဖေ ကြီးပါဗျာ 😃😃

ကလေးနဲ့ဆိုတော့ စာရေးရတာ ဘယ်အဆင်ပြေမလဲ။ကျွန်မဆို တီဗီသံလေးဆူညံတာနဲ့တင် စာဖေးဖို့ mood ပျောက်သွားတယ်။

အမှန်​ပဲဗျို့  ဘယ်​က စရမှန်း မသိဖြစ်​ဖြစ်​သွားတယ်

ဘုရားရိပ်ပဲအေးချမ်းပါတယ် bro ရေ

မရေးအသား good တယ် bro

Tgank you 😃

နေတတ်ရင်ေ ကြနပ်စရာ

အနေမတတ်ရင်အသေခင်တတ်တယ်

သေတတ်​ရင်​​ကျေနပ်​စရာပါ 😃😃

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 65236.35
ETH 3483.12
USDT 1.00
SBD 2.51