သူတောင်းစား သားအစ်မိ

in #good-karma8 years ago

အိမ်​​ရှေ့တွင်​ထိုင်​ပြီး ကျွန်​​တော်​လက်​သည်းညှပ်​​နေစဉ်​ အ​နောက်​အရပ်​မှ သူဖုန်းစားသားအမိနှစ်ယောက်တို့သည်​ သူတို့ခန္ဓာကိုယ်​များကို ယိမ်းနွဲ့ကာလမ်းလျှောက်လာနေကြသည်။
သူတို့မျက်​နှာများတွင်​ မြူးထူး​ပျော်​ရွှင်​​နေကြသည့်​ အရိပ်​အ​ငွေ့များကို​တွေ့နေရ၏။
သူတို့ရယ်​ရွှင်​မြူးထူး​နေကြသည်​။

အ​မေဖြစ်​သူက ​ခေါင်းတွင်​ဖျင်​ကြမ်းတဘက်​အနွမ်းက​လေးကို​ပေါင်းထားသည်​။
လက်​ဝဲဘက်​ ပခုံးထက်​တွင်​ ဖျင်​ကြမ်းလွယ်​အိတ်​က​လေးကိုလွယ်​ထားသည်​။
လက်​ဝဲလက်​က တုတ်​က​လေးတစ်​​ချောင်းကိုကိုင်​ကာ လက်​ယာလက်​က ဖလားတစ်လုံးကိုကိုင်ထားသည်။
သမီးဖြစ်​သူ၏ ​ခေါင်းအထက်​တွင်​ ညစ်​​ပေ​ပြီး ဖွာလန်​ကျဲ​နေသည့်​ ဆံပင်​ရှည်​တို့က ​နေရာယူထားကြသည်။
က​လေးမ​လေး၏လက်​ထဲတွင်​ အစိမ်း​ရောင်​အရာတစ်​ခုရှိ​နေသည်​။
သူတို့​ပျော်​ရွှင်​စွာ ရယ်​​မော​နေကြ​လေ၏။
နှစ်​​ယောက်​လုံးတွင်​ ကိုယ်​စီဖိနပ်​မပါကြ။

ကျွန်​​တော်​တို့အိမ်​​ရှေ့တွင်​ သူတို့ရပ်​ကြ​သည်​။
အနီး​ရောက်​မှ မြင်​ကွင်းသည်​ ပို၍ပီပြင်​လာ၏။
က​လေးမ​လေး၏လက်​ထဲတွင် ရှိ​နေ​သော အစိမ်း​ရောင်​အရာ​မှာ ပလပ်​စတစ်​နှင့်​လုပ်​ထား​သော scorpion ရုပ်​​က​လေးဖြစ်​သည်​။
ကျွန်​​တော့်​အ​မေက ဆန်​အနည်းငယ်​ထည့်​လိုက်​သည်​။
သူတို့နှုတ်မှ​တတွတ်​တွတ်​နှင့်​ဆု​​တောင်းပေးကြ​လေ၏။

က​လေးမ​လေးက သူ့လက်​ထဲမှ scorpion ရုပ်​​လေးနှင့်​ သူ့​အ​မေ၏လက်​ကိုတို့သည်​။
ပါးစပ်​မှလည်း "ကိုက်​... ကိုက်​... ကိုက်​... ကိုက်​..." ရယ်​ရင်း​ပြော​သေးသည်​။
အ​မေဖြစ်​သူကလည်း သူ့လက်​ကိုခါရင်း၊ ရယ်​​မောကာ "အ​မ​လေး​လေး... နာတယ်​​တော့" ဟု ​အော်​သည်​။
သားအမိနှစ်​​ယောက်​ တပြုံးပြုံးနှင့်​ ရယ်​​မော​နေကြသံသည်​ လမ်းတ​လျှောက်​ ပျံ့နှံ့လျက်​ရှိ၏။
ကျွန်​​တော်​သည်​ ထိုမြင်​ကွင်းကို ​ငေး​မောကြည့်​ရှု​နေမိ၏။
ကရုဏာရသနှင့်​ သန္တရသကို ခံစားရင်း​ပေါ့.... image

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.088
BTC 59973.60
ETH 1614.67
USDT 1.00
SBD 0.38