"ကျွန်တော်၊ ဝဏ္ဏမောင်ရွှေနှင့် နတ်သျှင်နောင်"
ကျွန်တော်နှင့်နတ်ရှင်နောင်သည် ညီအကိုမဟုတ်။ ကျွန်တော်နှင့်နတ်ရှင်နောင်သည် သားအဖမဟုတ်။ ကျွန်တော်နှင့်နတ်ရှင်နောင်သည် မြေးအဖိုးမဟုတ်။ ထို့အတူ ကျွန်တော်နှင့်နတ်ရှင်နောင်သည် တူဝရီးလည်းမဟုတ်။ သို့ပါသော်ငြား ကျွန်တော်နှင့် ဝဏ္ဏမောင်ရွှေသည်ကား တူဝရီးအရင်းခေါက်ခေါက်တည်း။
နတ်ရှင်နောင်သည် တောင်ငူခေတ်က ထင်ရှားခဲ့ပြီး ယခုအချိန်တိုင် ကျော်ကြားလျက်ရှိသော ရတုဘုရင် စာဆိုရှင်တည်း။ ကျွန်တော်သည်ကား ယခုခေတ်တွင် မထင်ရှား၊ နောင်တစ်ချိန်တွင်လည်း ကျော်ကြားမည်မဟုတ်သော (ယခုဘဝ ယခုခန္ဓာကိုယ်အတွက်) အညတြလူသား။ ဝဏ္ဏမောင်ရွှေသည်ကား မူကြိုကျောင်းသား။
နတ်ရှင်နောင်သည် ဓာတုကလျာကို ချစ်ခင်စွဲလန်းခဲ့သည်ဟု ကြားဖူး၏ (ဟုတ်မဟုတ်ကျွန်တော်မသိ)။ ကျွန်တော်သည်ကား ဓာတုကလျာမဟုတ်သော တစ်စုံတစ်ယောက်သော မသတ္တဝါကို စွဲလန်း၏ (ဟုတ်မှန်သည်ကို အတိအကျသိ၏)။ ဝဏ္ဏမောင်ရွှေသည်ကား မည်သူ့ကို စွဲလန်းလိမ့်ဦးမည်နည်း။
အထက်တွင်ဆိုခဲ့သည့်အတိုင်း ကျွန်တော်နှင့် နတ်သျှင်နောင်သည် မည်သို့မျှမသက်ဆိုင်ဟု ဆိုနိုင်သကဲ့သို့ ဝဏ္ဏမောင်ရွှေနှင့် နတ်သျှင်နောင်သည်လည်း မည်သို့မျှမသက်ဆိုင်ဟု ဆိုနိုင်၏။ သို့ပါသော်ငြား ဝဏ္ဏမောင်ရွှေသည် ကျွန်တော့်တူဖြစ်၏။ တစ်ချို့သောညတို့တွင် ဝဏ္ဏမောင်ရွှေသည် ကျွန်တော့်အားသီချင်းဆိုခိုင်းပြီး အိပ်လေ့ရှိ၏။ ကျွန်တော်ကလည်း သီချင်းဆို၍ ချော့သိပ်လေ့ရှိ၏။ ကျွန်တော်ဆိုလေ့ရှိသော ထိုသီချင်းကား ဆရာမြို့မငြိမ်းရေးသည့် "နတ်သျှင်နောင်" ဟူသော သီချင်းသာလျှင်တည်း။
SMT 33
MIN MIN THANT
MONYWA
Smt7
Congratulations! This post has been upvoted from the communal account, @minnowsupport, by min2thant from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
SMT 8
smt16
Smt 20
This post has received a 5.00 % upvote from @chronocrypto thanks to: @min2thant.
smt3
smt12
SMT-14
SMT 5