ကိုမြသာကြီးအကြောင်း
အဲဒီတုန်းက...
အဲဒီတုန်းကဆိုတာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က။
ကျုပ်တို့တောင်သူတွေမှာ ကျပ်တည်းလိုက်ကြတာ ပြောမနေပါနဲ့တော့။
အကြွေးတင်တယ်ဗျာ။
အတိုးပေးချိန်တန် မပေးနိုင်တော့ တစ်ခါချေးပြီးပေးရတယ်ဗျာ။
ရာသီဥတုကပျက်တယ်ဗျာ။
ဆည်မြောင်းရေကလည်း ကိုယ်လိုချင်တဲ့အချိန်မရတော့ သိပ်ပြီးအားမကိုးလောက်ပါဘူး။
တစ်ရာသီစုပေါင်းသီနှံတစ်ရာထွက်ရင် ငါတို့အကြွေးမတင်ပါဘူးကွာလို့ပြောခဲ့ဖူးတဲ့ အဖေလည်း စိတ်ညစ်နေရှာပြီ။
ဈေးကွက်က တောင်သူတွေလက်ထဲမှာမရှိဘူး။
ကုန်သည်ပွဲစားဆိုတာမျိုးကလည်း တောင်သူတွေကိုတစ်ချက်ကလေးမှငဲ့တာမဟုတ်ဘူးလေ။
ဒါကလည်း လူ့သဘာဝကိုး။
လူနာမျက်ဖြူစိုက်လေ ဆရာကြိုက်လေဆိုတာမျိုးပေါ့။
အစိုးရစိုက်ပျိုးရုံးတွေကလည်းလာပါရဲ့။
တစ်နှစ်က ကျုပ်မြေလေးတွေ စီမံကိန်းထဲပါသွားတယ်။
အဲဒီတော့ သူတို့က ကျုပ်မြေကနေ သူတို့သတ်မှတ်သီးနှံတစ်ဧကကို အနဲဆုံးတင်း ၃၀ ထွက်ရမယ်တဲ့။
အဲဒါခက်တာပေါ့ဗျာ။
ကျုပ်မြေကထွက်တာပဲ။ ကျုပ်က တင်း ၃၀ မကဘူး။ ဖြစ်နိုင်ရင် တင်းပေါင်း ရာထောင်ချီထွက်ချင်တာပေါ့။
မတတ်သာလို့သာကိုး။
သူတို့ကလည်း အဲလိုသတ်မှတ်ချက်တွေသာလာတာရယ်။ ဘာတစ်ခုမှ မယ်မယ်ရရပံ့ပိုးပေးတာမျိုးတော့မရှိပါဘူး။
ဒီလိုနဲ့ ကျုပ်တို့မှာ ကျပ်တည်းမှုက မပြေလည်နိုင်ဘဲ ပိုလို့သာတိုးလာခဲ့တယ်။
အဲဒီတုန်းက ကျုပ်သားလေးက ၇ တန်း၊ သမီးလေးက ၄ တန်း။
ကျုပ်က ကျုပ်သားသမီးလေးတွေကို ပညာကောင်းကောင်းတတ်စေချင်တယ်။
ကျောင်းကောင်းကောင်းမှာထားချင်တယ်။
ရွာမှာကလည်း မူလတန်းကျောင်းပဲရှိတာ။
သားက ၇ တန်းဆိုတော့ ဟိုဘက်တစ်ရွာကျော်က အလယ်တန်းကျောင်းကို သွားတက်ရတာ။
အဆင်ပြေရင်တော့ ၈ တန်းကျရင်တော့ မြို့ကိုတက်ပြီး ဘော်ဒါထားချင်တယ်။
ဒီလိုနဲ့ တစ်ရက်တော့ မတွေ့တာကြာပြီဖြစ်တဲ့သူငယ်ချင်းတစ်ယောက်နဲ့ မထင်မှတ်ဘဲ မြို့မှာတွေ့ကြတယ်။
ဒီကောင်က မြို့မှာကြီးပွားနေတာ။
အရင်ကတော့ ကိုယ်လိုသူလိုပါပဲ။
အခုတော့ ဒီကောင်က မြို့မှာ တိုက်နဲ့ကားနဲ့ ကြီးပွားနေလေရဲ့။
သူပြောပြလို့သိရတာက ဒီကောင်က မြို့မှာ နှစ်လုံး၊ သုံးလုံးနဲ့ ဘောလုံးပွဲတွေ ဒိုင်ခံတယ်ဆိုပဲ။
ဒါနဲ့ သူ့ကောင်းမှုကြောင့် ကျုပ်လည်းနေ့စဉ်နဲ့အမျှမြို့တက်ပြီး နှစ်လုံးရောင်းဖြစ်ပါလေရော။
လယ်တွေ၊ ယာတွေကိုတော့ တူကိုပဲလွှဲထားခဲ့လိုက်တော့တယ်။
နှစ်လုံးရောင်းပြီး တစ်လလောက်နေတော့ အိမ်စီးပွားရေးလေး အတော်အဆင်ပြေလာပြီ။
ကျွန်တော်နှစ်လုံးရောင်းတာက ရွာမှာမရောင်းပါဘူး။ မြို့မှာပဲတက်ရောင်းတာ။
ကျွန်တော့်သူငယ်ချင်းက အားလုံးစီစဉ်ပေးတယ်။
ကျွန်တော့်သား ၈ တန်းရောက်လာတော့ ဘော်ဒါကိုပို့ထားလိုက်တယ်။
အဲဒီနှစ်မှာပဲ ရွာမှာကျွန်တော့်ယောက္ခမလည်း သူကြီးဖြစ်လာတယ်။
တနင်္ဂနွေ တစ်ရက်တော့ ကံကြမ္မာဆိုးဟာ မဖိတ်ခေါ်ဘဲရောက်လာခဲ့တယ်။
ကျွန်တော်ကအိမ်ထဲမှာ မနက်ဖြန်ကျွန်တော့်အလုပ်အတွက် စီစဉ်နေတဲ့အချိန်။
အရပ်ဝတ်နဲ့ ရဲတစ်ချို့နဲ့ ကျွန်တော့်ယောက္ခမနဲ့ အိမ်ထဲကိုဝင်လာပါတယ်။
ကျွန်တော်အဖမ်းခံလိုက်ရတာပါပဲ။
အဖမ်းခံရတဲ့ကိစ္စနဲ့ပတ်သတ်ပြီးကျွန်တော်စဉ်းစားတယ်။
လုပ်စားကြသူအချင်းချင်းသစ္စာဖောက်သလား။
ထိုးပဲအကျွေးခံလိုက်ရသလား။
နောက်ပိုင်းမှ ကျွန်တော်သ်လိုက်ကတာက ရွာက ကျွန်တော့်ယောက္ခမနဲ့ သူကြီးနေရာလုဖက်က လူမနိုင်လို့ကျီကိုမီးရှို့လိုက်တာပါပဲ။
ကုလားမနိုင်ရခိုင်မဲလိုက်တာပါပဲ။
ကျွန်တော်အတွင်းမှာ ၇ နှစ်အောင်းလိုက်ရတယ်။
ကျွန်တော်အနှမြောဆုံးကတော့ ကျွန်တော့်သားလေးနဲ့ ကျွန်တော့်သမီးလေး ကျောင်းဆက်မတက်ကြတော့တာပါပဲ။
ခုချိန်ထိ ကျောင်းစိမ်းဝတ်စုံလေးတွေ၊ လွယ်အိတ်ကလေးတွေနဲ့ ကျောင်းသားကျောင်းသူလေးတွေကိုမြင်တိုင်း ကျွန်တော်မျက်ရည်ဝဲမိနေဆဲပါ။
တစ်နေ့နေ့ ကျွန်တော်သာသူဌေးကြီးဖြစ်ခဲ့မယ်ဆိုရင် ဘုရားတည်ချင်မှတည်မယ်။
သေချာတာကတော့ ဆင်းရဲတဲ့ကလေးတွေအတွက် ဆရာအကောင်းစားတွေငှားပြီး စာသင်ကျောင်းဆောက်ပေးမယ်။ 
SMT-14
get free upvote your post http://mysteemup.club
smt12
smt3
Smt-1
Smt-18
Smt10
smt-4
done
This post has received a 100% upvote from @khantnyar ** [SMT - 11] **
Smt7