ဓူဝံမှ့အပြန်
တစ်ခုသောနံနက်ခင်း၌ ကျွန်ုပ်နှင့် ငယ်ပေါင်းသူငယ်ချင်းသုံးဦး ပေါင်းလေးဦးတို့သည် ဓူဝံဟုအမည်ရသော လက်ဘက်ရည်ဆိုင်၌ထိုင်ရင်း ထွေရာလေးပါးစကားဆိုနေကြလေ၏။ ထိုစဉ် တစ်ဦးသောသူငယ်ချင်းသည် လမ်းပေါ်၌ဖြတ်သွားသော သူ၏(ရည်းစားများစွာအနက်)ရည်းစားဟောင်းတစ်ဦးအား မေးငေါ့နှုတ်ဆက်ပြီးသည့်နောက် ရှက်ပြုံးကြီးပြုံး၍ကျန်နေခဲ့သည်ကိုမြင်သော အခြားသူငယ်ချင်းက "မင်းကလည်းရှက်ပြုံးကြီနဲ့"ဟု ဆိုလေ၏။
ထိုရှက်ပြုံးမှအစပြုကာ "မိဝင်းကြည်ပြုံးနေသည်"ဆိုသော ဇာတ်ထုပ်တစ်ခုမှ အငြိမ့်သမလေးမိဝင်းကြည်၏အပြုံးကိုအမှတ်ရကြောင်း တစ်ဦးကဆိုလာလေ၏။
ထိုမှ တစ်ဦးသောသူငယ်ချင်းက သူသည် တစ်ခါက စာတစ်စောင်တွင် ဖတ်ဖူးလိုက်သည်မှာ အောက်စဖို့တက္ကသိုလ်ကျောင်းသားများက မိုနာလီဇာ၏အပြုံးကို သုတေသနလုပ်ကြရာ မိုနာလီဇာသည် ၈၇% ပြုံးကြောင်း၊ ကျန် ၁၃% တွင် လောဘ၊ ဒေါသစသောအရိပ်အငွေ့များတွေ့ရကြောင်း ဆိုလေ၏။
ထို့နောက် အခြားတစ်ယောက်သောသူငယ်ချင်းကဆိုလေသည်မှာ "မိုနာလီဇာအမဲ့" ဆိုသော စာတစ်ပုဒ်ကို ဆရာနန္ဒာသိန်းဇံ၏ စာတစ်အုပ်တွင် ဖတ်ဖူးလိုက်ကြောင်း။ ထိုစာအုပ်တွင်ဆိုထားသည်မှာ မိုနာလီဇာကို မပြုံးဘဲမဲ့စေလိုကြောင်း၊ တစ်ခါတစ်ရံ ဘဝတွင် အောင်မြင်မှုနှင့်ကြုံတွေ့ရ၍ မြောက်ကြွမြောက်ကြွဖြစ်နေစဉ် မိုနာလီအမဲ့ကို မြင်ရသောအခါ မိုနာလီဇာက "အမလေး ဒီလောက်လေးအောင်မြင်နဲ့များ မြောက်ကြွမြောက်ကြွနဲ့" ဆိုသောသဘောဖြင့် မဲ့၍ကြည့်နေမည်ဖြစ်ကြောင်း၊ ထို့အတူ တစ်ခါတစ်ရံ ရှုံးနိမ့်မှုများနှင့်ကြုံတွေ့ရ၍ လက်မှိုင်ကျစိတ်ပျက်နေစဉ် မိုနာလီဇာအမဲ့ကို မြင်ရသောအခါ "အမလေး ဒီလောက်လေးရှုံးနိမ့်တာနဲ့များ" ဆိုသောသဘောဖြင့် မဲ့နေသည်ဟု ခံစားမိမည်ဖြစ်ကြောင်း ပြောပြလေ၏။
ထိုနေ့နံနက်က ဓူဝံမှ့အပြန် အိမ်သို့ရောက်သောအခါ ညီမဖြစ်သူက တူမလေးကိုချီလာရင်း "မီးမီရေ ဦးဦးပြန်လာပြီ" ဟုပြောရင်း ကျွန်တော်ဆီသို့ လျှောက်လာလေ၏။ သမီးက လက်ကိုမြှောက်၍ "ဦးဦ ဦးဦး" ဟု ရေရွတ်ကာ ကျွန်တော်ဆီလိုက်ချင်နေသဖြင့် ကျွန်တော်လည်း ပြုံးပြုံးကြီးလုပ်၍ တူမလေးအားချီရင်း ပြုံးပြုံးကြီးသာ လုပ်နေမိလေတော့သတည်း။
(မိုနာလီဇာ အပြုံးကိုဖော်ပြသော % တန်ဖိုးများ အတိမ်းအစောင်းရှိနိုင်ပါသည်။)

You got a 6.43% upvote from @minnowvotes courtesy of @min2thant!
1.94% @pushup from @min2thant
tagမှာ
myanmarကို ရှေ့ဆုံးကထားပြီး
ဒုတိယနေရာမှာ esteem ထည့်နော်
Steemitနဲ့ မသက်ဆိုင်တဲ့စာပေတွေဆိုရင်
steemit Tagကို မထည့်နဲ့
အခုလိုပြောပြပေးတာ ကျေးဇူးပါ bro
This post has received a 4.43% upvote from @aksdwi thanks to: @min2thant.