အိုဘယ့္ျမနမာျပည္
Unicode
်ပြာသိုလပြည့်နေ့က လကြတ် တော့ တစ်ကမ္ဘာလုံး စောင့်ကြည့်ကြတယ်။ဆိုရှယ်မီဒီယာတွေပေါ်တင်ကြတယ်။
မှတ်ချက်တွေ အမျိုးမျိုးပေးကြတယ်။ ကောင်းတဲ့နိမိတ် လို့ ရှေးမြန်မာ လူကြီးပိုင်းတွေ မျှော်လင့်ကြသလို။မကောင်းတဲ့ နိမိတ်လို့လဲ အမျိုးမျိုး မှတ်ချက်ပေးကြတယ်။
ထူးထူးခြားခြား ကိုယ်တွေ့လိုက်တာက DVB ကလွှင့်တဲ့ နက္ခဗေဒ ပညာရှင် ဆိုတဲ့ လူတစ်ယောက် မှတ်ချက်ပေးတာ ကြည့်လိုက်ရတယ်။နိုင်ငံခေါင်းဆောင် အပြောင်းအလဲ ဖြစ်မယ်။ငလျင်တွေ လှုပ်မယ်။နိုင်ငံရေး ပြသနာတွေ ကြီးကြီးမားမား ကြုံရမယ်ဆိုပြီး နောက်သုံးလ အတွင်းဖြစ်မယ် လို့ မှတ်ချက်ပေးတယ်။
တိုက်ဆိုင်တယ် ပြောရမလား။နောက်ရက်မှာပဲ သတင်းဆိုးကြားရတယ်။ ခြံအမှတ် ၅၄ ကို ဓါတ်ဆီ ဗုံးနဲ့ ပစ်ပြေးတဲ့ သတင်း။ပစ်ပြေးတဲ့ လူရဲ့ ဓါတ်ပုံတွေ ဗွီဒီယို ဖိုင်တွေ မကြာဘူး ဖေ့ဘုတ်ပေါ် ပလူပျံ အောင်တက်လာတယ်။ပြည်သူက ကြိုတင်မှတ်ချက်ပေးထားသလိုပဲ အံ့သြစရာကောင်းလောက်အောင် အရူးလက်မှတ် ရထားတဲ့သူဖြစ်နေပြန်တယ်။
ခုတပတ်ထဲပဲ kia လက်နက်ကိုင်တွေကို အပြတ်တိုက်မယ်ဆိုတဲ့သတင်းတွေ ပြောနေကြပြန်တယ်။မြောက်ဦး အရေးအခင်းအပြီး စစ်တွေပြောင်းသွားတဲ့ အုပ်ချုပ်ရေးမှုးကို လုပ်ကြံတဲ့သူတွေက လဲ AA ဆိုပီး ဒီ မနက် သတင်းတွေ တက်လာတယ်။ဦးကိုနီကို သတ်သွားတဲ့ သေနတ်သမား ကြည်လင်းကို ပေါ်တင် ဝန်းရံပြီး ထမင်းဝအောင်စားထားဆိုတဲ့ တီရှပ် ဝတ်ထားတဲ့ လူငယ်တွေက တရားစီရင်ရေးကို ပေါ်တင် ပြောင် စိန်ခေါ်တယ်။ ရှေ့နေများ ကွန်ယက်က တရားစွဲမယ် ဆိုတာတွေလည်း သတင်းတွေကြားတယ်။
ဒီကြားထဲ တပ်မတော် ထောက်ခံပွဲ မှာ နာမည်ကြီး ဆယ်လီတဖြစ်လဲ အမတ်ဟောင်းက ၈၈ ကျောင်းသား တစ်ယောက်ကို ပေါ်တင် ရှုံ့ချဆဲဆိုတယ်။
မကြာသေးဘူး ဒီရက်ပိုင်းထဲတင် ၃-၄နှစ်သမီးလေးကို ကာအိနြေ္ဓနှောက်ယှက်တဲ့ အမှုဖြစ်ပြန်တယ်။
လူသတ်မှုတွေ သက်ငယ် မုဒိန်းမှုတွေ အတွက် သေဒဏ်ပေးဖို့ တောင်းဆို လက်မှတ်ကောင်းခံနေကြသူတွေ လဲ ရှိနေကြပေမဲ့ ခုထိ အကောင်အထည် မပေါ်နိုင်သေး။သက်ငယ်မုဒိန်းမှုတွေသာ ပိုပိုများလာတယ်။
မနေ့ကလဲ သတင်းတခုတွေ့လိုက်ရတယ်။တရားရုံးလာတဲ့ အဒေါ်ကြီးကို သတ်သွားတဲ့ သံသယ တရားခံ ပုံကို ပြပီး သတင်းပေးစေချင်တဲ့ သတင်း။
မနေ့ကလဲ ထောက်ကြံ့ဘက်မှာ ကားမောင်းသမားတစ်ယောက်ကို ဆိုင်ကယ် တက္ကစီသမား ၅ ယောက်က ဘာမှ မဟုတ်တာလေးနဲ့ ဝိုင်းဝန်း ထိုးကြိတ်နေတဲ့ ဗွီဒီယိုဖိုင်တက်လာတော့ ပြည်သူတွေ ထိတ်လန့်ကုန်တယ်။ ရဲတပ်ဖွဲ့က ညပိုင်း သတင်းမှာ ဒီလူ၅ ယောက်ကို ချက်ချင်းဖမ်းမိတယ်လို့ သတင်းတက်လာတယ်။
လတ်တလော သတင်းတွေကတော့ ယခုရက်ပိုင်း ငလျင်သတင်းတွေ ဆက်တိုက်ဆိုသလို တက်နေတာပဲ။အရင်လကတင် ဖြူးနားတဝိုက် ငလျင်တွေလှုပ်တယ်။ရန်ကုန်လဲ လှုပ်တယ်။ ယခုလ မှာ ဗန်းမော် တနင်္သာရီတိုင်းနဲ့ရန်ကုန် ၊ဒီနေ့ ဖြူးနားမှာ တခါ ငလျင်လှုပ်တယ်ဆိုတာ ထပ်တပ်လာ ပြန်တယ်။
ဒီတော့ ဘယ်သူတွေ မှတ်ချက်ပေးပေး။ ပြည်သူအားလုံးအနေနဲ့ဖြစ်နေတဲ့ အခြေအနေတွေအရ သတိထားပီး နေကာမှ တော်ကာကျမယ်။ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ ဆိုရှယ်မီဒီယာပေါ်တက်လာတဲ့ သတင်းတွေကို ဖြစ်နိုင်မဖြစ်နိုင် သေချာစဉ်းစားပီး တကယ်ဖြစ်လာတာဆိုရင် ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာနောက်ထား ။တစုံတယောက် သို့မဟုတ် အဖွဲ့အစည်းတခုခု က ပြသနာဖြစ်အောင် ဖန်တီးနေတာလား။ ပြည်သူတွေ အထိတ်တလန့်ဖြစ်အောင် မီးမွှေးချင်တဲ့သူတွေ ရှိနေတာလား။ရှိတယ်ဆိုရင် သူတို့ရဲ့ ထောင်ချောက်မှာ မိမသွားအောင် စဉ်းစားဆင်ခြင်နိုင်ရမယ်။
ထစ်ကနဲ ရှိဒေါသရှေ့ထား ဆုံးဖြတ် ရင် မှားနိုင်တယ်။
ဘယ်လိုအခြေအနေဖြစ်ဖြစ် ဘယ်သူတွေ ဘယ်လိုမှတ်ချက်ပေးပေး မြန်မာပြည်မှာက ဂျပန်နိုင်ငံလို စကာၤပူ နိုင်ငံလို တရားစီရင်ရေး တရားဥပဒေစိုးမိုးမှု ကောင်းကောင်းမရှိသေးတာ သိထားရမယ်။တရားစီရင်ရေးမှ မဟုတ်ဘူး။အုပ်ချုပ်ရေး ဥပဒေပြုရေးတွေလဲ ဂျပန် စကာၤပူလို မဖြစ်သေးတာ သိထားရမယ်။
ဆရာနေဝင်းမြင့် ပြောဖူးသလို ပြောရရင် အစိုးရဆိုတာ ကမ္မသကာ ဒီနေ့ရှိချင်ရှိပေမဲ့ နောက်နေ့ကျ ပြောင်းချင်ပြောင်းသွားနိုင်တာမျိုး။ ထာဝရရှိနေမှာက နိင်ငံနဲ့ လူမျိုး။
ဒီလိုသာဓကတွေလဲ ကြုံခဲ့ဖူးခဲ့ကြပေါ့။
ဘယ်သူတွေ တက်တက်ပြည်သူတွေအနေနဲ့ ကောင်းမွန်တဲ့အုပ်ချုပ်မှု နဲ့ သန့်ရှင်းတဲ့ အစိုးရကိုမြင်ချင်တယ်။တရားဥပဒေစိုးမိုးမှု ရှိတာ မြင်ချင်တယ်။ကျီးလန့််စာစားနေရတဲ့ပြည်သူတွေဘဝ မျိုး။ ရပ်ကွက်ထဲ အော်သံတချက်ကြားလိုက်တာနဲ့ ထိတ်လန့်တုန်လှုပ်နေရတဲ့အခြေနေမျိုးတွေ ဘယ်ပြည်သူမှ မကြုံချင်တော့။
ဒီတော့ နိုင်ငံသားတွေတာဝန်က နိုင်ငံသားတာဝန်ကျေပွန်စွာ ထမ်းဆောင်ဖို့လိုတယ်။ အစိုးရကလဲ အစိုးရတာဝန်ရှိသလို လုပ်ပေးနိုင်ရမယ်။နိုင်ငံသားတွေကလဲ နိုင်ငံတော်ရဲ့တာဝန်ကိုကျေပွန်စွာထမ်းဆောင်နိုင်မဲ့သူကို ရွေးရလိမ့်မယ်။
ဗုဒ္ဓဘာသာ အလိုအရ ဘုရားရဲ့ အဆုံးအမ တွေနဲ့ နေနိုင်အောင်လုပ်ရမယ်။တရားတော်တွေနဲ့ ငြိမ်းအေးအောင် နေနိုင်ရမယ်။
ဖြစ်လာတဲ့ ပြသနာ တွေ သေချာပြန်စဉ်းစားကြည့်လိုက်ရင် အရက်မူးလို့ ပြသနာတွေတက်ကြ ရှာကြ။သည်းမခံနိုင်တဲ့အဆုံး လူသတ်မှုတွေဖြစ်ကြ။ ဘတ်စကားပေါ် ကာအိနြေ္ဒနှောက်ယှက်တဲ့သူကနှောက်ယှက် ။လူမမယ်ကလေးအရွယ်တွေကို မုဒိန်းကျင့်သူကကျင့်နဲ့ ယခုဘဝအပြင် နောင်ဘဝအထိပါ ခံစားရမဲ့ ပြစ်မှုမျိုးတွေကို မကြောက်ကြတော့။တဖြည်းဖြည်း လူတွေရဲ့ စိတ်တွေ ကြောက်ဖို့ကောင်းလာတာ မြင်နေရ ကြားနေရ။ငွေတစ်ထောင်အတွက်နဲ့ လူသတ်လို့သတ်။နည်းနည်းလေး အခန့်မသင့်တာနဲ့ လူအုပ်နဲ့ ဝိုင်းထိုးကြိတ်လို့ ကြိတ်။လူညွန့်တုန်းစေမဲ့ ဆေးခြောက်တွေ ဆေးပြားတွေနဲ့ စီးပွါးရှာသူကရှာ။အာဏာအတွက် ဆူပူချင်တဲ့သူတွေက တမျိုးတဖုံ။
ရပ်ကွက်ထဲ စာအုပ်စာပေဆိုင်တွေထက် ဘီယာဆိုင် အရက်ဆိုင်တွေ များလာတဲ့ ခေတ်ထဲ ကိုယ့်ကိုယ်ကို ထိမ်းသိမ်းနိုင်ပါမှ ။
ကြာလာတော့
အို ဘယ့်မြန်မာပြည် ငြိမ်းချမ်းပါတော့ လို့ပဲ တမ်းတချင်နေတော့တယ်
Zawgyi
္ျပာသိုလျပည့္ေန႕က လၾကတ္ ေတာ့ တစ္ကမာၻလုံး ေစာင့္ၾကည့္ၾကတယ္။ဆိုရွယ္မီဒီယာေတြေပၚတင္ၾကတယ္။
မွတ္ခ်က္ေတြ အမ်ိဳးမ်ိဳးေပးၾကတယ္။ ေကာင္းတဲ့နိမိတ္ လို႔ ေရွးျမန္မာ လူႀကီးပိုင္းေတြ ေမွ်ာ္လင့္ၾကသလို။မေကာင္းတဲ့ နိမိတ္လို႔လဲ အမ်ိဳးမ်ိဳး မွတ္ခ်က္ေပးၾကတယ္။
ထူးထူးျခားျခား ကိုယ္ေတြ႕လိုက္တာက DVB ကလႊင့္တဲ့ နကၡေဗဒ ပညာရွင္ ဆိုတဲ့ လူတစ္ေယာက္ မွတ္ခ်က္ေပးတာ ၾကည့္လိုက္ရတယ္။နိုင္ငံေခါင္းေဆာင္ အေျပာင္းအလဲ ျဖစ္မယ္။ငလ်င္ေတြ လႈပ္မယ္။နိုင္ငံေရး ျပသနာေတြ ႀကီးႀကီးမားမား ႀကဳံရမယ္ဆိုၿပီး ေနာက္သုံးလ အတြင္းျဖစ္မယ္ လို႔ မွတ္ခ်က္ေပးတယ္။
တိုက္ဆိုင္တယ္ ေျပာရမလား။ေနာက္ရက္မွာပဲ သတင္းဆိုးၾကားရတယ္။ ၿခံအမွတ္ ၅၄ ကို ဓါတ္ဆီ ဗုံးနဲ႕ ပစ္ေျပးတဲ့ သတင္း။ပစ္ေျပးတဲ့ လူရဲ႕ ဓါတ္ပုံေတြ ဗြီဒီယို ဖိုင္ေတြ မၾကာဘူး ေဖ့ဘုတ္ေပၚ ပလူပ်ံ ေအာင္တက္လာတယ္။ျပည္သူက ႀကိဳတင္မွတ္ခ်က္ေပးထားသလိုပဲ အံ့ၾသစရာေကာင္းေလာက္ေအာင္ အ႐ူးလက္မွတ္ ရထားတဲ့သူျဖစ္ေနျပန္တယ္။
ခုတပတ္ထဲပဲ kia လက္နက္ကိုင္ေတြကို အျပတ္တိုက္မယ္ဆိုတဲ့သတင္းေတြ ေျပာေနၾကျပန္တယ္။ေျမာက္ဦး အေရးအခင္းအၿပီး စစ္ေတြေျပာင္းသြားတဲ့ အုပ္ခ်ဳပ္ေရးမႈးကို လုပ္ႀကံတဲ့သူေတြက လဲ AA ဆိုပီး ဒီ မနက္ သတင္းေတြ တက္လာတယ္။ဦးကိုနီကို သတ္သြားတဲ့ ေသနတ္သမား ၾကည္လင္းကို ေပၚတင္ ဝန္းရံၿပီး ထမင္းဝေအာင္စားထားဆိုတဲ့ တီရွပ္ ဝတ္ထားတဲ့ လူငယ္ေတြက တရားစီရင္ေရးကို ေပၚတင္ ေျပာင္ စိန္ေခၚတယ္။ ေရွ႕ေနမ်ား ကြန္ယက္က တရားစြဲမယ္ ဆိုတာေတြလည္း သတင္းေတြၾကားတယ္။
ဒီၾကားထဲ တပ္မေတာ္ ေထာက္ခံပြဲ မွာ နာမည္ႀကီး ဆယ္လီတျဖစ္လဲ အမတ္ေဟာင္းက ၈၈ ေက်ာင္းသား တစ္ေယာက္ကို ေပၚတင္ ရႈံ႕ခ်ဆဲဆိုတယ္။
မၾကာေသးဘူး ဒီရက္ပိုင္းထဲတင္ ၃-၄ႏွစ္သမီးေလးကို ကာအိေျနၶေႏွာက္ယွက္တဲ့ အမႈျဖစ္ျပန္တယ္။
လူသတ္မႈေတြ သက္ငယ္ မုဒိန္းမႈေတြ အတြက္ ေသဒဏ္ေပးဖို႔ ေတာင္းဆို လက္မွတ္ေကာင္းခံေနၾကသူေတြ လဲ ရွိေနၾကေပမဲ့ ခုထိ အေကာင္အထည္ မေပၚနိုင္ေသး။သက္ငယ္မုဒိန္းမႈေတြသာ ပိုပိုမ်ားလာတယ္။
မေန႕ကလဲ သတင္းတခုေတြ႕လိုက္ရတယ္။တရား႐ုံးလာတဲ့ အေဒၚႀကီးကို သတ္သြားတဲ့ သံသယ တရားခံ ပုံကို ျပပီး သတင္းေပးေစခ်င္တဲ့ သတင္း။
မေန႕ကလဲ ေထာက္ႀကံ့ဘက္မွာ ကားေမာင္းသမားတစ္ေယာက္ကို ဆိုင္ကယ္ တကၠစီသမား ၅ ေယာက္က ဘာမွ မဟုတ္တာေလးနဲ႕ ဝိုင္းဝန္း ထိုးႀကိတ္ေနတဲ့ ဗြီဒီယိုဖိုင္တက္လာေတာ့ ျပည္သူေတြ ထိတ္လန႔္ကုန္တယ္။ ရဲတပ္ဖြဲ႕က ညပိုင္း သတင္းမွာ ဒီလူ၅ ေယာက္ကို ခ်က္ခ်င္းဖမ္းမိတယ္လို႔ သတင္းတက္လာတယ္။
လတ္တေလာ သတင္းေတြကေတာ့ ယခုရက္ပိုင္း ငလ်င္သတင္းေတြ ဆက္တိုက္ဆိုသလို တက္ေနတာပဲ။အရင္လကတင္ ျဖဴးနားတဝိုက္ ငလ်င္ေတြလႈပ္တယ္။ရန္ကုန္လဲ လႈပ္တယ္။ ယခုလ မွာ ဗန္းေမာ္ တနသၤာရီတိုင္းနဲ႕ရန္ကုန္ ၊ဒီေန႕ ျဖဴးနားမွာ တခါ ငလ်င္လႈပ္တယ္ဆိုတာ ထပ္တပ္လာ ျပန္တယ္။
ဒီေတာ့ ဘယ္သူေတြ မွတ္ခ်က္ေပးေပး။ ျပည္သူအားလုံးအေနနဲ႕ျဖစ္ေနတဲ့ အေျခအေနေတြအရ သတိထားပီး ေနကာမွ ေတာ္ကာက်မယ္။ ျဖစ္ေပၚေနတဲ့ အေျခအေနေတြ ဆိုရွယ္မီဒီယာေပၚတက္လာတဲ့ သတင္းေတြကို ျဖစ္နိုင္မျဖစ္နိုင္ ေသခ်ာစဥ္းစားပီး တကယ္ျဖစ္လာတာဆိုရင္ ဘယ္သူမွားတယ္ ဘယ္သူမွန္တယ္ဆိုတာေနာက္ထား ။တစုံတေယာက္ သို႔မဟုတ္ အဖြဲ႕အစည္းတခုခု က ျပသနာျဖစ္ေအာင္ ဖန္တီးေနတာလား။ ျပည္သူေတြ အထိတ္တလန႔္ျဖစ္ေအာင္ မီးေမႊးခ်င္တဲ့သူေတြ ရွိေနတာလား။ရွိတယ္ဆိုရင္ သူတို႔ရဲ႕ ေထာင္ေခ်ာက္မွာ မိမသြားေအာင္ စဥ္းစားဆင္ျခင္နိုင္ရမယ္။
ထစ္ကနဲ ရွိေဒါသေရွ႕ထား ဆုံးျဖတ္ ရင္ မွားနိုင္တယ္။
ဘယ္လိုအေျခအေနျဖစ္ျဖစ္ ဘယ္သူေတြ ဘယ္လိုမွတ္ခ်က္ေပးေပး ျမန္မာျပည္မွာက ဂ်ပန္နိုင္ငံလို စကာပၤူ နိုင္ငံလို တရားစီရင္ေရး တရားဥပေဒစိုးမိုးမႈ ေကာင္းေကာင္းမရွိေသးတာ သိထားရမယ္။တရားစီရင္ေရးမွ မဟုတ္ဘူး။အုပ္ခ်ဳပ္ေရး ဥပေဒျပဳေရးေတြလဲ ဂ်ပန္ စကာပၤူလို မျဖစ္ေသးတာ သိထားရမယ္။
ဆရာေနဝင္းျမင့္ ေျပာဖူးသလို ေျပာရရင္ အစိုးရဆိုတာ ကမၼသကာ ဒီေန႕ရွိခ်င္ရွိေပမဲ့ ေနာက္ေန႕က် ေျပာင္းခ်င္ေျပာင္းသြားနိုင္တာမ်ိဳး။ ထာဝရရွိေနမွာက နိင္ငံနဲ႕ လူမ်ိဳး။
ဒီလိုသာဓကေတြလဲ ႀကဳံခဲ့ဖူးခဲ့ၾကေပါ့။
ဘယ္သူေတြ တက္တက္ျပည္သူေတြအေနနဲ႕ ေကာင္းမြန္တဲ့အုပ္ခ်ဳပ္မႈ နဲ႕ သန႔္ရွင္းတဲ့ အစိုးရကိုျမင္ခ်င္တယ္။တရားဥပေဒစိုးမိုးမႈ ရွိတာ ျမင္ခ်င္တယ္။က်ီးလန့္္စာစားေနရတဲ့ျပည္သူေတြဘဝ မ်ိဳး။ ရပ္ကြက္ထဲ ေအာ္သံတခ်က္ၾကားလိုက္တာနဲ႕ ထိတ္လန႔္တုန္လႈပ္ေနရတဲ့အေျခေနမ်ိဳးေတြ ဘယ္ျပည္သူမွ မႀကဳံခ်င္ေတာ့။
ဒီေတာ့ နိုင္ငံသားေတြတာဝန္က နိုင္ငံသားတာဝန္ေက်ပြန္စြာ ထမ္းေဆာင္ဖို႔လိုတယ္။ အစိုးရကလဲ အစိုးရတာဝန္ရွိသလို လုပ္ေပးနိုင္ရမယ္။နိုင္ငံသားေတြကလဲ နိုင္ငံေတာ္ရဲ႕တာဝန္ကိုေက်ပြန္စြာထမ္းေဆာင္နိုင္မဲ့သူကို ေ႐ြးရလိမ့္မယ္။
ဗုဒၶဘာသာ အလိုအရ ဘုရားရဲ႕ အဆုံးအမ ေတြနဲ႕ ေနနိုင္ေအာင္လုပ္ရမယ္။တရားေတာ္ေတြနဲ႕ ၿငိမ္းေအးေအာင္ ေနနိုင္ရမယ္။
ျဖစ္လာတဲ့ ျပသနာ ေတြ ေသခ်ာျပန္စဥ္းစားၾကည့္လိုက္ရင္ အရက္မူးလို႔ ျပသနာေတြတက္ၾက ရွာၾက။သည္းမခံနိုင္တဲ့အဆုံး လူသတ္မႈေတြျဖစ္ၾက။ ဘတ္စကားေပၚ ကာအိေျနၵေႏွာက္ယွက္တဲ့သူကေႏွာက္ယွက္ ။လူမမယ္ကေလးအ႐ြယ္ေတြကို မုဒိန္းက်င့္သူကက်င့္နဲ႕ ယခုဘဝအျပင္ ေနာင္ဘဝအထိပါ ခံစားရမဲ့ ျပစ္မႈမ်ိဳးေတြကို မေၾကာက္ၾကေတာ့။တျဖည္းျဖည္း လူေတြရဲ႕ စိတ္ေတြ ေၾကာက္ဖို႔ေကာင္းလာတာ ျမင္ေနရ ၾကားေနရ။ေငြတစ္ေထာင္အတြက္နဲ႕ လူသတ္လို႔သတ္။နည္းနည္းေလး အခန႔္မသင့္တာနဲ႕ လူအုပ္နဲ႕ ဝိုင္းထိုးႀကိတ္လို႔ ႀကိတ္။လူၫြန႔္တုန္းေစမဲ့ ေဆးေျခာက္ေတြ ေဆးျပားေတြနဲ႕ စီးပြါးရွာသူကရွာ။အာဏာအတြက္ ဆူပူခ်င္တဲ့သူေတြက တမ်ိဳးတဖုံ။
ရပ္ကြက္ထဲ စာအုပ္စာေပဆိုင္ေတြထက္ ဘီယာဆိုင္ အရက္ဆိုင္ေတြ မ်ားလာတဲ့ ေခတ္ထဲ ကိုယ့္ကိုယ္ကို ထိမ္းသိမ္းနိုင္ပါမွ ။
ၾကာလာေတာ့
အို ဘယ့္ျမန္မာျပည္ ၿငိမ္းခ်မ္းပါေတာ့ လို႔ပဲ တမ္းတခ်င္ေနေတာ့တယ္
Min Min Thant
monywa
Smt 17
This post has received a 0.22 % upvote from @drotto thanks to: @min2thant.
SMT-1
SMT 16
Smt10 done
SMT-14
Smt-18
Congratulations! This post has been upvoted from the communal account, @minnowsupport, by min2thant from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
SMT 20
SMT-15 done