ကောင်မလေး
ကောင်မလေး...မင်းလေးက သူငယ်ချင်းလေးပါဘဲ...ဘယ်လိုတွေ ငါအရောင်ဆိုးမိဆိုးမိ...သူငယ်ချင်းထက်မပိုနိုင်တော့တဲ့...သူငယ်ချင်းလေးပါဘဲ...
ကောင်မလေး...မင်းလေးက စွဲလန်းစရာပဲ...ဘယ်လိုတွေငါ ရုန်းထွက် ရုန်းထွက် မင်းလေးရဲ့အလှ က မရုန်းထွက်နိုင်ဘာဘဲ...
ကောင်မလေး...မင်းလေးသိမ်မွေ့သူဘဲ...ဘယ်လိုတွေ ငါနူးညံ့ပြ နူးညံ့ပြ..မင်းလေးအတွက်တော့ ငါဟာဗိုလ်အောင်ဒင်ထက်မပိုနိုင်ခဲ့....
ကောင်မလေး...မင်းလေးဟာ ကိုယ့်အတွက်ပါဘဲ...ဘယ်လိုတွေ မင်းလေးဟာ ကိုယ့်အတွက်မဟုတ် ဟုတ်ဟုတ်...ကိုယ့်စိတ်ထဲမှာ မင်းလေးဟာ ကိုယ့်အတွက်ပါဘဲ...
ကောင်မလေး...မင်းလေးဟာ မျှော်လင့်ချက်ပါဘဲ...ဘယ်လိုတွေကိုယ် အခက်အခဲတွေကြုံကြုံ...မင်းလေးဟာ ကိုယ်အြတွက် အလင်းရောင်းလေးပါဘဲ...
written by @mgtoetat
photos from google
MSC-073



အလင်းရောင်လေးကို တွေ့လိုက်တယ်။ ကောင်မလေးပေါ့။
တခါတခါ သူပြုံးပြလိုက်တာလေးက နေရောင်မှာလက်ကနဲပဲ။
ကြွေပီလေ အသည်းနုသူမို့ မပြုစားပါနဲ့လား။
မင်းလေးရဲ့ သိမ်မွေ့အကြည့်လေးတစ်ချက်က
ကိုယ့်နှလုံးသားကို လေဟာနယ်မှာ ခုန်ထွက်လာစေတယ် ကောင်မလေးရယ်။
စာသားတွေက ကြွေတယ်ဗျာ..
ဘာရယ်ဟုတ်ဘူး bro ရဲ့ ကောင်မလေးကိုဖတ်ပီး fell ဝင်သွားတာ။ ဟီးး
You got 3x upvote by @upne
မိုက်ပါတယ်👍
ကျေးဇူးးပါဗျာ...