အော်ပရေတာများနှင့်ကခုန်ခြင်း

in #myanmar8 years ago

01750D6D-BBA8-4733-8843-3A0503B49C4A.jpeg

လွန်ခဲ့သည့်နှစ်ရက်လောက်က ကျွန်တော်၏ ညီတော်ဖြစ်သူသည် အိမ်သို့ ဆင်မ်းကဒ်တစ်ကဒ်ယူဆောင်လာခဲ့၏။ယင်းမှာ နောက်ဆုံး အော်ပရေတာဖြစ်သည့် မိုင်တည်း..မိုက်တယ်..မိုက်တယ် ဆိုသည့်ကဒ်လေးပင်ဖြစ်သည်။ ယခင်သုံးခဲ့ဖူးသော ဆင်မ်းကဒ်(sim card) များနှင့်မတူ ဒေတာပက်ကေ့ခ်ျများ(data package)များ ဈေးနှုန်းချိုသာခြင်း၊ဖုန်းခေါ်ဆိုမှုနှုန်းထားများ အလွန်သက်သာခြင်းတို့ကြောင့် အင်မတန့် အင်မတန် စိတ်ဝင်စားမိသည်။

တကယ်တမ်းတော့ မိမိသည် အော်ပရေတာ(operator)တိုင်း၏ အမာခံပရိတ်သတ်ပင်ဖြစ်ချေတော့၏။ စာရေးသူ တက္ကသိုလ်ပထမနှစ်တုန်းက မြန်မာပြည်၏ပထမဆုံးဖြစ်သော တစ်ခုတည်းသော အော်ပရေတာဖြစ်သည့် အမ်ပီတီ(mpt) ကို ပထမဆုံးစတင်သုံးစွဲခဲ့ရသည်။ ထိုစဉ်တုန်းက စာရေးသူမှတ်မိနေသေးသည်။ဆင်းကဒ်တစ်ကဒ်ကို ရပ်ကွက်ထဲတွင်မဲနှိုက်မှ ရသောကြောင့် အပြင်တွင် တကဒ်ကို နှစ်သောင်း၊သုံးသောင်းတော့ ပေါက်သေးသည်။

F2E71BDE-83FA-4011-B352-A4E8DD6CE74C.jpeg

ဒေတာပက်ကေ့ခ်ျများကလည်းများများစားစားရွေးစရာမရှိဘဲ တစ်မိနစ်နှစ်ကျပ်၊လေးကျပ်နှုန်းဖြင့် အင်တာနက်သုံးခဲ့ရခြင်းဖြစ်သည်။နောက် စာရေးသူ ဒုတိယနှစ်အရောက်တွင် ဒုတိယအော်ပရေတာဖြစ်သည့် အူရီဒူးဆင်မ်းကဒ်များပေါ်လာသည်။ ထိုဆင်းကဒ်များပေါ်လာသည့်အခါ အော်ပရေတာများတွင် ရွေးချယ်စရာ ဒေတာပက်ကေ့ခ်ျ(data package)များ ပေါပေါများများဖြစ်လာသည်။

ထို့နောက်တွင် တတိယအော်ပရေတာဖြစ်သည့် တယ်လီနော(telenor)ပါပေါ်ပေါက်လာခဲ့သည့်အခါ အော်ပရေတာများအကြားတွင် promotionများ အပြိုင်ပေးခြင်း၊ဈေးနှုန်းများချိုသာစေခြင်း စသည်ဖြင့် ပြိုင်ဆိုင်မှုများပြင်းထန်ခဲ့ကြသည်မှာ ယခုချိန်အထိဖြစ်သည်။စာရေးသူသည်လည်း ဟိုဆင်းမ်းကဒ်ကောင်းရာနိုးနိုး ဒီကဒ်ကောင်းရာနိုးနိုးဖြင့် အော်ပရေတာကဒ်ပေါင်းစုံကိုသုံးခဲ့သည်။

161329F0-0390-4C07-BB19-EC58614EEF01.jpeg

ယခုလည်း ညီတော်မောင်ယူလာခဲ့ပေးသည့် အော်ပရေတာအသစ်လေး၏ ဆင်မ်းကဒ်လေးကို ဖုန်းထဲထည့်ပြီး သုံးမိပြီ။ဈေးနှုန်းကချိုသာပြီး သုံးရတာမဆိုးဟုပြောရမည်။ယခုမှ အော်ပရေတာအသစ်ဆိုတော့ လိုအပ်ချက်များရှိလေ့ရှိသည်ပင်ဖြစ်သည်။သို့သော် စာရေးသူ super 8 ball club တွင် ဘီလိယက်ထိုးရင်း ရုတ်တရက် connection ကျသွား၍ ဂိမ်းရှုံးသွားသည်ကိုတော့ ထိုအော်ပရေတာသိမည်မထင်ပါ။

written by @mgtoetat
Photos by @mgtoetat
MSC-073

Sort:  

စမ်းသုံးကြည့်ဦးမှပါ

👌👌သုံးကြည့်ပါ

mytel သုံးတော့သုံးချင်သား။ဒါပေမဲ့4gဆိုတော့ သုံးလို့မရဘူးဖြစ်နေတယ်။လက်ရှိဖုန်းက 3g။

ဟုတ်တယ် သူက 2G နဲ့ 4G ဆိုတော့

mytel က သုံးရတာဈေးတော့ သက်သာတယ်။

ဟုတ်ပါတယ်ဗျာ

ကိုယ်တွေလည်း sim card အစုံ ထည့်သုံးနေတာ
ဟိုဟာ ပြောင်းလိုက် ဒီဟာ ပြောင်းလိုက့်😁😁😁

အတူတူဘဲဗျာ

အော်ပရေတာများနှင့်လို့ရေးထားတာကို အော်ပရာကတာမှတ်ပြီးမှားဖတ်နေမိတာ

ဟုတ်ပါဘီဗျာ 😭

4Gပဲဆို​တော့ကား ..မသုံးနိုင်​​သေး

ဟုတ်ဒေဗျို့

မြန်​မာပြည်​မှာ မိုင်​တဲက အရမ်း​ခေတ်​စားတာပဲ​နော်

ဟုတ်တယ်ဗျို့

ကျွန်တော်တို့စီမှာကလိုင်းကောင်းသေးဘူး

ဒီမှာလဲ ကောင်းတဲ့နေရာကောင်း မကောင်းတဲ့နေရာမကောင်း

သုံးဖို့တော့ ပြင်ဆင်နေပါတယ်လေ

ကောင်းပါတယ်

သုံးပြီဗျို့ 

ဟုတ်ပြီဗျာ

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.100
BTC 64918.30
ETH 1894.27
USDT 1.00
SBD 0.38