အကောင်ကြီးတဲ့ ပိစိ

in #myanmar8 years ago (edited)

image

သူနဲ့ ဒီဘဝမှာ စတွေ့ခဲ့ကြတာ သူ့ကို ဟိုးချင်းတောင်တန်းတွေပေါ်ကနေ ခေါ်ခဲ့တုန်းကပေါ့။အဲ့တုန်းက သူက လသားအရွယ်ဘဲရှိသေးတယ်။ အမေနဲ့ခွဲခဲ့ရတာရယ် နို့မပြတ်သေးတာရယ်ကြောင့် အတော်ပင်သနားဖို့ကောင်းပါတယ်။ နို့ဆာနေလို့ တအိုင်အိုင်နဲ့ သူ အော်ရှာပါတယ်။ကျွန်တော်ကိုယ်တိုင် သူ့ကို နို့ဗူးဖျော်တိုက်ခဲ့ရတာပါ။

ခေါ်လာခဲ့တုန်းက သူက ယောကျာင်္းကြီးတစ်ယောက်ရဲ့ လက်သီးဆုပ်အရွယ်ပါပဲ ဒါပေမယ့် တစ်နှစ်လောက်အကြာတော့ သူက ဝက်တစ်ကောင်နီးနီးးဖြစ်သွားပြီပေါ့။ကျွန်တော်ကတော့ သူ့ကို ချစ်စနိုးနဲ့ ဝက်ကြီးလို့ခေါ်မိပြန်ရဲ့။ဒါပေမယ့် အခြားလူတွေနဲ့ ကျွန်တော့်အိမ်က သူတွေက သူ့ကို "ပိစိ"လို့ ခေါ်ကြလေရဲ့။

image

ပိစိကြီးလာပေမယ့် ပိစိ ဟာ ကလေးဆိုးကြီးလိုပါပဲ သခင်တွေနဲ့တွေ့ရင် ကလေးဆိုးကြိလိုလုပ်ပြပြတတ်တယ်။အဲ ဒါပေမယ့် လူစည်ကားတဲ့နေရာမှာရှိတဲ့ ကျွန်တော့် အိမ်ရှေ့က ဖြတ်သမျှ လမ်းသွားလမ်းလာတွေကိုတော့ လိုက်ဆွဲတော့တာပဲဗျာ။ အစကတော့ ကျွန်တော်တို့လည်း ချုပ်ထား၊သံကြိုးနဲ့ခတ်ထားကြပေမယ့် ရေရှည်မရပါဘူး။ အပြင်တွေထွက်လည် လမ်းသွားလမ်းလာတွေကို လိုက်ဆွဲမြဲပါပဲ။

ဒါကြောင့် အဖေကဘဲ ပိစိက မဖြစ်တော့ဘူး။ဒီပုံအတိုင်းဆိုရင် အဆိပ်ချသွားလိမ့်မယ် ဓားနဲ့ ခုတ်လိုက်လိမ့်မယ်ဆိုပြီး ပိစိကို လိုချင်နေတဲ့ သူ့အသိဆီကို ပေးလိုက်ဖို့၊ အဲ့မှာ ပိုကျယ်ကျယ်ဝန်းဝန်းနဲ့ လူသူကင်းဝေးတဲ့ ခြံအကျယ်ရီးဖြစ်လို့ ပိစိက ဘေးကင်းမှာပါလို့ အကြံပေးတယ်။ ပိစိကို မခွဲနိုင်ပေမယ့် သူဘေးကင်းဖို့အတွက် ပိစိကို ခွဲခွာလိုက်ရတယ်။

written by @mgtoetat
MSC-073

(ps. ဤ post အား esteem နဲ့ good-karma လာ vote ပါစေ 😁)

Sort:  

ငိုးမဲ့ အရမ်း​ကြိုးစာ​နေပါလား ငါ့ ကို​တောင်​​ပြောဘူး ၊မင်းက pos​တွှေိမ့်​တင်ီးငါ့ထက်​​တောင်​ မင်းspပိုမျာ​တော့မယ်​ ငိငိ

အူးကာမြန်မြန်လာဗုတ်ပါစေ ရှင်
ဝိုင်းပီးဆုတောင်းပေးခဲ့ပါတယ် :D

မလာပု 😤😤

အကား မြန်မြန်လာပါစေဗျာ 😁😁😁😁

မလာဘာဘုဆို

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.103
BTC 64844.20
ETH 1938.46
USDT 1.00
SBD 0.37