သံဝေဂ

သံဝေဂဆိုသည်မှာ ဆင်းရဲခြင်းဒုက္ခကို သိရှိခံစား
ပြီး ထိုဆင်းရဲခြင်းမှလွတ်မြောက်ရန်ကြိုးစားမည်ဟူ
သော အသိတရားတစ်ခုပင် ဖြစ်ပါသည်။ သဝေဂနှင့်
နောင်တ၏ ကွာခြားချက်မှာ သံဝေဂတရားသည်ပြု
ပြင်ရန် အချိန်မီသေးသည်။ နောင်တကတော့ ပြုပြင်ဖို့
အချိန်မမှီတော့ပါဘူး။ သေခါနီးအချိန်(သို့)ပြုပြင်ဖို့အ
ခက်ခဲဆုံးအချိန်ရောက်မှ လူတော်တော်များများဟာ
နောင်တရတတ်ကျပါတယ်။ ပြုပြင်ဖို့ အခက်ခဲဆုံး
အချိန်ကဘာကိုဆိုလိုတာလဲဆိုတော့ ဘဝတလျောက်
ကုသိုလ်ကောင်းမှုဆိုတာမရှိ ဆိုးခဲ့မိုက်ခဲ့ပြီး မိသားစုအပေါ်လည်းမကောင်း မိဘအပေါ်လည်းမ
ကောင်းခဲ့ သေခါနီးဝေဒနာပြင်းထန်စွာခံစားရတဲ့အ
ချိန်ကျမှ ကြီးစွာနောင်တရခြင်းဆိုလိုပါတယ်။
သံဝေဂကျတော့ အချိန်စောစွာရတဲ့အရာဖြစ်တဲ့အ
တွက် ပြင်ဆင်ချိန်အများကြီးရပါတယ် ။တချို့ကျတော့
ကိုယ်သေရတော့မယ်ဆိုတဲ့ရောဂါ(ဥပမာ ကင်ဆာ
AIDS)ဖြစ်တယ်ဆိုရင် သံဝေဂရပြီး ဘုရားတရားလုပ်
ဖို့ သတိရလာကြတယ် သံဝေဂရပြီးလုပ်တယ်ဆိုရင်
တရားရဖို့ရာနှံးများသွားတယ် သံဝေဂတရားဟာ အ
ကောင်းဘက်ကို တွန်းပို့ပေးပါတယ်။
အောက်ကပုံတွေကတော့ ဘဂ်လားဒေခ်ျမှာဖြစ်သွား
တဲ့ ကားအက်စီးဒန့်တစ်ခုပါ ဒီဓာတ်ပုံတွေကိုကြည့်ပြီး
ကားမောင်းသမားများအားလုံးသံဝေဂယူနိုင်ကာ သတိ
ဖြင့်ကားမောင်းပြီးအန္တရာယ်ကင်းနိုင်စေဖို့ ရည်ရွယ်ပါ
တယ် ။
အောက်ပုံက ကားတိုက်ရာက ဘီးအောက်ထဲရောက်သွားတာပါ

ကျွန်တော်လည်း လွန်ခဲ့တဲ့ ငါးနှစ်လောက်ကစပြီး သံ
ဝေဂရခဲ့ပါတယ် ရပုံကတော့ဒီလိုပါ။
ကျွန်တော်သံဝေဂရတာကတော့ စိတ်ဆင်းရဲမှုပြင်း
ပြင်းထန်ထန်ခံစားရပြီး ရခဲ့တာပါ အလုပ်နဲ့ပက်သက်
ခဲ့တာပေါ့ နေ့စဉ်အလုပ်ထဲရောက်တာနဲ့စိတ်ဖိစီးမှု
ဒဏ်ကိုခံစားရပြီး ၆လလောက်ကြာခဲ့ပါတယ်။ ဘယ်
သူတွေပါလဲ ဘာကိစ္စလဲ အဲဒါတွေကိုတော့ အသေး
စိတ်မပြောလိုပါဘူး။ ကျွန်တော်ပြောချင်တာက အဲဒီ
သံဝေဂကနေ ကျွန်တော်ဘာတွေဆက်ဖြစ်လဲဆိုတာ
ကိုပါ ။ ကျွန်တော်စိတ်ဆင်းရဲမှုတွေ နေ့စဉ်ရက်ဆက်
ခံစားလာရတော့ အဲဒီစိတ်ဆင်းရဲမှုတွေက လွတ်ချင်
လာတယ်။ စာဖတ်သူတို့ကတော့ပြောချင်ကြမှာပဲ။
ဒီလောက်စိတ်ဆင်းရဲနေတာ အလုပ်ထွက်လိုက်ပေါ့လို့
ကျွန်တော်အလုပ်ထွက်လိုက်ရင် ပြသနာတစ်ခုကိုရင်မ
ဆိုင်ရဲလို့ ထွက်ပြေးသွားတာလို့ နောက်မှာပြောကျန်
နေခဲ့ကြလိမ့်မယ်။ မရိုးသားဘူးလို့လည်း ပြောကြလိမ့်
မယ်။ အဲလိုမျိုးတော့ အပြောမခံ အထင်မခံနိုင်ပါဘူး။
ဒီအတွက်ကြောင့် အလုပ်မထွက်ခဲ့တာပါ။
အပေါ်ကအကြောင်းအရာလေးပြန်ဆက်ရအောင်
စိတ်ဆင်းရဲမှုတွေလွတ်အောင် ဘာလုပ်ရမလဲ
အဖြေရှာနေတုန်း ကျွန်တော်အဖေဖွင့်တဲ့တရားကို
နာမိပါတယ် မြောက်ဦးဆရာတော်ဟောတာပါ။
တရားက"တကယ်ရှိတာက ရုပ်တရားနဲ့နာမ်တရားပါ
အဲဒါတောင်အစိုင်အခဲအနေနဲ့ရှိတာမျိုးမဟုတ်ပဲ သ
ဘောလေးပဲရှိတာပါ တစက္ကန့်တောင်မမြဲပါဘူး
ကျန်တာတွေအားလုံးကတော့ မရှိတဲအရာတွေကြီးပါပဲ
အဲ့ဒီမရှိတဲ့အရာတွေပေါ်မှာ စွဲလမ်းပြီး လောဘ ဒေါသ မောဟတွေမဖြစ်ပါနဲ့"တဲ့ အဲဒီတရားနာပြီး
သံဝေဂရခဲ့တာပါ။ ကျွန်တော်ဖြစ်နေတာက စိတ်ဆင်း
ရဲမှုပါ စိတ်ဆိုတာနာမ်တရားပါ အဲဒီနာမ်တရားက တ
စက္ကန့်တောင်မမြဲဘူးလို့သိလိုက်ရတဲ့ အချိန်မှာ ကျွန်
တော်စိတ်ဆင်းရဲမှုတွေအတွက် သံဝေဂရလို့မဆုံး
တော့ပါဘူး ကျွန်တော်ဒီလိုရေးလို့ တရားလေးတစ်ခါ
နာတယ် တန်းပြီးသံဝေဂရတာပဲလားလို့ မေးစရာရှိပါ
မယ် တစ်ခါတည်းနာပြီးသတိသံဝေဂရခဲ့တာတော့မ
ဟုတ်ပါဘူး ထပ်ခါထပ်ခါနာတော့မှ တဖြည်းဖြည်းနား
လည်လာပြီးသံဝေဂရခဲ့တာပါ။

စိတ်ပင်ပန်းမှုဟာ ကိုယ်ပင်မှုထက်လူကို ပိုထိခိုက်စေ
ပါတယ် စိတ်ပင်ပန်းမှုကိုပြေပြောက်စေနိုင်တဲ့တစ်
ခုတည်း အရာကတော့ဝိပသနာတရားပါပဲ တခြားအရာ
တွေကတော့ စိတ်ပင်ပန်းမှုကိုခဏတာပဲပြေ
ပြောက်စေနိုင်တာပါ ဝိပသနာတရားကိုသေချာသိရှိ
မယ်ဆိုရင် အရာရာငြိမ်းချမ်းပြီး လုပ်သမျှအရာတိုင်း
လည်းအောင်မြင်ပါတယ်သေခြာလေ့လာပြီး ပွားများ
အားထုတ်နိုင်ကြပါစေလို့ ဆန္ဓပြုလိုက်ရပါတယ်။
MSC-251
@mgmglattt
photo facebook; google
သတိထားဆင်ခြင်စရာပါဆရာ။ဆရာပုံတွေကို credit ဆိုတာ ထည့်ပေးပါဗျ။
ဆရာရေ ကုလားမ လာ vote အောင့် myanmar life story knowledge estemm့  tag တွဲ လိုက်ပါ
ဘယ်ကကုလားမလဲ
esteem apk ပိုင်ရှင် good -karmaကိုပြောတာပါ
Esteem app သုံးမရ .. Missing posting authority " ဒီလိုဘဲ ပေါ်နေတယ် .. server မှားနေလားမသိ .. နောက်ဆုံးသုံးတဲ့ server လေး ပြောပြပေးပါနော် ..
ကျေးဇူးပါဗျ သိခွင့်ရလို့
ကျေးဇူးပါဖတ်ပေးလို့
အရမ်းတန်ဘိုးရှိတဲ.post ပါဗျာ အားပေးနေပါတယ်
ဖတ်ကောဖတ်လို့လား
မှန်ပါတယ်။ နောင်တ နဲ့ သံဝေဂ မှာမတူသော သဘောတွေအများကြီးရှိတယ်။
ဟုပ်ကဲ့ပါအကို အချိန်ရရင်ရသလို တရားဘာဝနာပွားများပါ့မယ်
လုပ်ကြည့်ပါအရမ်းကိုအကြိုးများပါတယ်
အရေးအသားကောင်းပီးဗဟုသုတရပါတယ်..
အရေးအသားကတော့ အရမ်းထိပါတယ်ဆရာ
မှန်ပါတယ် .. ကျေးဇူးပါ
ကျေးဇူးပါ