ဆရာတစ်ယောက် နဲ့ ပရလောကsteemCreated with Sketch.

in #myanmar7 years ago

FB_IMG_1484498227222-picsay.jpg

ဆရာတစ်ယောက် နဲ့ ပရလောက
❇❇❇❇❇❇❇❇❇❇❇❇❇❇

အရင်ဆောင်းပါးခေါင်းစဉ် "ဆရာတစ်ယောက်၏ ခံစားမှုများ" က နှစ်သက်တဲ့ နံပါတ် (၁၁)ရောက်သွားပြီမို့ ခေါင်းစဉ်ပြောင်းပြီး ရေးပါမယ်။ ဖတ်ရှုအားပေးကြပါဦးခင်ဗျာ။

grandparents.jpg
Credit to google image

ပရလောက ဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်း သရဲ၊ တစ္ဆေ၊ ပြိတ္တာ၊ နာနာဘာဝ စသည်တို့ကို ဆိုလိုပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ အမေနဲ့စာရင် အဖွားနဲ့ပိုပြီး အတူနေချိန် ပိုများပါတယ်။ ညအိပ်ရင်လည်း အဖွားနံဘေး မောင်နှမတစ်သိုက် စုပြုံအိပ်ကြတာပါ။ ရှေးလူကြီးဖြစ်တဲ့ အဖွားဟာ ကျွန်တော်တို့ အိပ်ယာဝင်ခါနီးတိုင်း ပုံပြောပြလေ့ရှိပါတယ်။ ရွှေယုန်ရွှေကျားပုံပြင်လေးတွေကအစ မြန်မာ့လူစွမ်းကောင်းတွေရဲ့ ဇာတ်လမ်းတွေကို ပြောပြလေ့ရှိပါတယ်။ အနောက်တိုင်းပုံပြင်တွေတော့ မပါပါ။

images.jpg
Credit to google image

တစ်ခါတလေမှာတော့ အဖွားက ကျွန်တော်တို့ကို သရဲ၊တစ္ဆေပုံပြင်တွေ ပြောပြပါတယ်။ ကျန်တဲ့ပုံပြင်တွေတော့ သိပ်မမှတ်မိတော့ပေမယ့် နားရွက်ကြီးဘန်းလန်းဘန်းလန်း ပုံပြင်ကတော့ ကျွန်တော်အကြိုက်ဆုံး(အကြောက်ဆုံး)ပုံပြင်ဖြစ်လို့ အခုထက်ထိမှတ်မိနေပါသေးတယ်။ သူရဲတစ္ဆေပုံပြင် ဇာတ်လမ်းတွေက ကြောက်စရာကောင်းသလောက် နားထောင်လို့လည်း အလွန်ကောင်းပါတယ်။ စောင်ကြီးခြုံ၊ အဖွားနားအတင်းတိုးဖက်ထားပြီး အဖွားပြောပြတဲ့ သရဲပုံပြင်တွေကို ကြောက်ကြောက်နဲ့ နားထောင်ရတာ အရသာတော်တော်ရှိခဲ့ပါတယ်။ ဒါပေမယ့် ပုံပြင်ပြီးသွားရင်တော့ အိမ်အောက်ထပ်ဆင်းပြီး အိမ်သာကိုတော့ ဘယ်သူမှ မသွားရဲတော့ပါ။

istock-466976775.jpg
Credit to google image

သရဲ၊ တစ္ဆေဆိုတာ တကယ်ရှိသလား ကျွန်တော်မသိပါ။ လူအတော်များများ သရဲ၊ တစ္ဆေတွေနဲ့ ပတ်သက်တဲ့ ပုံပြင်ဇာတ်လမ်းတွေ၊ တခြားသူပြောပြတဲ့ အကြောင်းအရာတွေ ကြားဖူးကြမှာပါ။ တစ်ချို့ကလည်း ကိုယ်တွေ့ကြုံမှ ယုံကြည်တတ်ကြတာပါ။ တစ်ချို့ကျတော့လည်း ကိုယ်တိုင်မတွေ့ကြုံဖူးပေမယ့် ယုံကြည်နိုင်လောက်တဲ့ စာပေ၊ လူ စတဲ့ အထောက်အထားတွေကြောင့် ယုံကြည်ကြပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာ စာပေကျမ်းဂန်ထဲက ဘုရားဟောဇာတ်တော်တွေထဲမှာလည်း နတ်၊ နဂါး၊ ပြိတ္တာ စတဲ့အကြောင်းအရာတွေ ပါလေ့ရှိပါတယ်။ တစ်ချို့ကျတော့လည်း ထူးထူးဆန်းဆန်းအဖြစ်အပျက်တွေ၊ သဘာဝလွန်အဖြစ်အပျက်တွေ တွေ့ကြုံရပေမယ့် ယုံကြည်မှုမရှိတဲ့သူတွေလည်း အများကြီးပါ။

ကျွန်တော့်အနေနဲ့ကတော့ ငယ်ငယ်တုန်းကတော့ သရဲ၊ တစ္ဆေ စတာတွေကို အလွန်ကြောက်ရွံ့ခဲ့သူတစ်ယောက်ပါ။ အသက်အရွယ်ကြောင့် စဉ်းစားတွေးခေါ်လာနိုင်တာရယ်၊ စာအုပ်စာပေတွေရဲ့ ကျေးဇူးတွေကြောင့်ရယ်ကြောင့် အခုတော့ အရင်လို သိပ်ပြီးကြောက်ရွံ့ခြင်းတော့ မရှိတော့ပါ။ ဒီလောကကြီးမှာ သိပ္ပံပညာနဲ့ ရှင်းပြလို့မရတဲ့ အကြောင်းအရာများစွာ ရှိနေတယ်လို့ ခံယူထားပါတယ်။ ကျွန်တော်တို့လို သာမန်လူတွေရဲ့ ဥာဏ်နဲ့ စဉ်းစားတွေးခေါ်၊ ဆုံးဖြတ်၍မရနိုင်သော အဖြစ်အပျက်များ များစွာရှိနေနိုင်ပါတယ်။ တစ်ချို့အကြောင်းအရာတွေဟာ မျက်စိနဲ့တပ်အပ်မမြင်ရပေမယ့်လို့ မယုံကြည်ဖူးလို့ ပြောလို့မရနိုင်တဲ့ အခြေအနေတွေမှာရှိပါတယ်။

ghost-photos-real.jpg
Credit to google image

အခု ကျွန်တော်ပြောပြမယ့် အကြောင်းအရာများ၊ အဖြစ်အပျက်များက ကျွန်တော်ကိုယ်တိုင် တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်များပါသလို၊ ကျွန်တော် ယုံကြည်လက်ခံနိုင်လောက်တဲ့သူတွေရဲ့ ကိုယ်တွေ့အဖြစ်အပျက်များလည်း ပါဝင်ပါတယ်။ သို့သော်လည်း ဒီအကြောင်းအရာများက သက်သေပြလို့မရနိုင်သဖြင့် ကျွန်တော့်အနေနဲ့ သက်သေပြ၍မရပါ။ ဒါကြောင့် မယုံကြည်သူများအနေဖြင့် ပုံပြင်တစ်ပုဒ်အနေနဲ့ ယူဆပေးကြပါ။

အရင်ဆုံးပြောပြပေးမယ့် ဇာတ်လမ်းကတော့ ကျွန်တော့်အဖေကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ပရလောကသားတစ်ယောက်အကြောင်းပါ။

ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးပါ။

@mgmgkse

Sort:  

ကြောက်ကြောက်

ကျောက်ဆယ်

ကျောင်းဆရာ နဲ့ ကြောက်စရာ ဆောင်းပါးများ ပါပဲ၊ ကုန်ရင်ပြောဆရာရေ့ ကျွန်တော့ ကိုယ်တွေ့၊ လက်တွေ့လုပ်ခဲ့တာတွေ ဖေါက်သည်ချပေးမယ်။

ဟုတ် ကျေးဇူးပါ ဆရာ

ငင့် ဖတ်မို့ရှိသေး ပီးသွားပီ နောက်တစ်ပိုင်းစောင့်ရမှာပေါ့ ကွီး။

ဟီး လူလည်ကျထားတာ တိုးတိုး ကွီးရွှေဘိုဆိုတဲ့ အက်ထမိန်ဂျီးကြားသွားလိမ့်မယ်

ကောင်းခန်းရောက်မှ...
မျှော်ရအုံးမှာပေါ့။။ :)

ဟုဟု coming soon

အင် နားရွှကီး ဖလန်း ဖလန်းများ လာတော့ မလားလို့ တွားခေါ်ဝူး လူဆိုး

နီဆီ ညလွှတ်လိုက်မေ

အမယေး မလုပ်ပါနက် ကွီးအတာဦးလိုလုပ်ကြံမိနေပါ့မယ် ကြောက်တယ်ဆြာ

သရဲကြောက်ဒယ်

ဟုလား ကြောက်နဲ့

တစ္ဆေ ဆိုရင် ပြေးပြီလေ...အခုထိ ကြောက်တတ်သေးတယ် ဆရာရေ

ငှယ် ကြောက်ပါနက်

Resteemed your article. This article was resteemed because you are part of the New Steemians project. You can learn more about it here: https://steemit.com/introduceyourself/@gaman/new-steemians-project-launch

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 60638.91
ETH 2449.26
USDT 1.00
SBD 2.52