ဆရာတစ်ယောက် နဲ့ ပရလောက(၂)steemCreated with Sketch.

in #myanmar7 years ago

FB_IMG_1484498227222-picsay.jpg

ဆရာတစ်ယောက် နဲ့ ပရလောက(၂)
❇❇❇❇❇❇❇❇❇❇❇❇❇❇❇

သရဲ၊ တစ္ဆေဆိုတာ လူအတော်များများကြောက်ကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ငယ်ငယ်တုန်းက အတော်ကြောက်ခဲ့ပါတယ်။ မင်းကကြုံဖူးခဲ့လို့လားမေးရင် ဟုတ်ကဲ့၊ ကြုံဖူးပါတယ်လို့ ပြောရမှာပါ။ ဒါပေမယ့် ပြင်းပြင်းထန်ထန်ကြီးတွေတော့ မကြုံဘူးခဲ့ပါ။ ကျွန်တော့်ကိုယ်တွေ့လေးတွေက နောက်မှပြောပြပါမယ်။ အခုဆောင်းပါးမှာတော့ ကျွန်တော့်အဖေကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်ပြောပြချင်ပါတယ်။

o-FATHER-SON24-facebook.jpg
Credit to google image

အဲဒီအချိန်တုန်းက အဖေက အမေနဲ့ အိမ်ထောင်ကြပြီး ကျွန်တော့်အမကိုပဲမွေးထားပါသေးတယ်။ ကျွန်တော့်ကို မမွေးသေးပါဘူး။ ဒီဇာတ်လမ်းကို အမေပြန်ပြောပြလို့ သိခဲ့တာပါ။ အဲဒီအချိန်တုန်းက အဖေက ရုပ်ရှင်ကော်ပိုရေးရှင်းက ဝန်ထမ်းတစ်ယောက်ပါ။ အရင်ခေတ်က အစိုးရရုပ်ရှင်ရုံတွေပဲ ရှိပါတယ်။ ကျွန်တော်တို့မြို့မှာ ရုပ်ရှင်ရုံနှစ်ရုံရှိပါတယ်။ ရုပ်ရှင်ရုံနာမည်တွေရှိပေမယ့် လွယ်လွယ်ကူကူ မြောက်ဖက်ရုံ နဲ့ တောင်ဖက်ရုံလို့ပဲ ခေါ်ကြပါတယ်။ အဖေက မြောက်ဖက်ရုံရဲ့ ဝန်ထမ်းတစ်ယောက်ပါ။ အဲဒီခေတ်တုန်းက အခုခေတ်လို တီဗီတွေ၊ အောက်စက်တွေ၊ စလောင်းတွေ ခေတ်မစားသေးပါ။ ရုပ်ရှင်ရုံကိုပဲ အားကိုးပြီးကြည့်ကြရပါတယ်။ ရုပ်ရှင်ပြသချိန်တွေက ပုံမှန်အားဖြင့် နေ့လည် ၁၂ နာရီပွဲ နဲ့ ည ၇ နာရီပွဲဆိုပြီး တစ်နေ့နှစ်ကြိမ်ပြသပါတယ်။ ဒါပေမယ့် ဇာတ်ကားကောင်းပြီဆိုရင်၊ နာမည်ကြီးကားဆိုရင် တစ်နေ့ကို ငါးကြိမ်လောက်ထိတိုးပြီး ပြသလေ့ရှိပါတယ်။ ကြည့်စရာဆိုလို့ ရုပ်ရှင်ရုံပဲရှိတဲ့ခေတ်ဆိုတော့ များသောအားဖြင့် ရုံပြည့်တဲ့အထိ အားပေးကြပါတယ်။ မြောက်ဖက်ရုံက မြန်မာကား အဓိကပြပြီး တောင်ဖက်ရုံက နိုင်ငံခြားကား အဓိကပြကြပါတယ်။

images.jpg
Credit to google image

ရုပ်ရှင်ရုံဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ အဖေဟာ အချိန်ပိုပွဲတွေရှိနေရင် နောက်ဆုံးပွဲပြီးမှ အိမ်ကိုပြန်ရပါတယ်။ နောက်ဆုံးပွဲဟာ ည ၁၁ ကျော်မှ ပြီးပါတယ်။ စာရင်းဇယားချုပ်တာတွေ၊ ငွေအပ်တာတွေလုပ်ပြီး အိမ်ပြန်ချိန်ဟာ အစောဆုံး ၁၂ နာရီဖြစ်ပါတယ်။ အဖေတို့ခေတ်က ဆိုင်ကယ်ခေတ်မဟုတ်သေးပါဘူး။ စူပါကပ်တွေပေါ်နေပေမယ့် တော်ရုံလူမစီးနိုင်ပါဘူး။ စက်ဘီးနဲ့ပဲ အသွားအလာ လုပ်ရပါတယ်။ တစ်ခါတလေ စက်ဘီးမအားရင် ခြေလျင်သွားပါတယ်။ ရုပ်ရှင်ရုံနဲ့ အိမ်က တော်တော်ဝေးပါတယ်။ မြို့လယ်မှာရှိတဲ့ ရေမြောင်းတလျောက် မြောင်းဘောင်လမ်းအတိုင်း ပြန်ရပါတယ်။ လမ်းမီးတွေကလည်း ခုခေတ်လို လမ်းတိုင်းမီးမရှိသေးပါ။ ဓာတ်မီးတစ်လက် အားကိုးပြီး သွားလာရတာပါ။

ancient-banyan-big-island-hawaii-james-brandon.jpg
Credit to google image

အဖေက စိတ်ဓာတ်တည်ကြည်ပြီး သတ္တိကောင်းသူတစ်ယောက်ပါ။ ဒါ့အပြင် တရားအားထုတ်မှု သမထပိုင်းမှာလည်း တော်တော်လေး ခရီးရောက်ခဲ့သူတစ်ယောက်ပါ။ တရားအားထုတ်နေတဲ့အချိန်တွေမှာတောင် အနှောက်အယှက်တွေကို ဖြတ်ကျော်လာခဲ့သူပါ။ ဒါကြောင့် သရဲ၊ တစ္ဆေဆိုတာ အဖေ့အတွက်တော့ ရယ်စရာတစ်ခုပါ။ ဒီလိုပဲ အေးအေးဆေးဆေး သွားလာနေခဲ့ပါတယ်။

photo-1-4-e1408844453736.jpg
Credit to google image

မြောင်းဘောင်ဘေး အိမ်အပြန်လမ်းမှာ ရဲစခန်းဝင်းကြီးရှိပါတယ်။ ရဲစခန်းဝင်းကြီးထဲမှာ မြောင်းဘောင်လမ်းနဲ့ကပ်ပြီး ညောင်ပင်ကြီးရှိပါတယ်။ ညောင်ပင်ကြီးက သက်တမ်းအတော်ကြာပြီဖြစ်တဲ့ ညောင်ပင်အိုကြီးပါ။ ညောင်ပင်ကြီးမှာ နတ်ကွန်းတစ်ခုလည်းရှိပြီး တစ်နှစ်တစ်ကြိမ်လောက် နတ်ကနားပေးလေ့ရှိပါတယ်။ အဲဒီအပင်ကြီးမှာ ရုက္ခစိုးရှိတယ်ဆိုပြီး လူကြီးတွေပြောတာကြားဖူးပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက အပင်ကြီးကြည့်ပြီး တော်တော်ကြောက်ခဲ့ရပါတယ်။

ပုံမှန်အတိုင်းသွားလာနေတဲ့ ကျွန်တော့်အဖေ ဘယ်လိုလုပ်ပြီး ပရလောကသားနဲ့ တွေ့ကြုံခဲ့ရတာပါလဲ...

ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးပါ။

@mgmgkse

Sort:  

ကြောက်ပါတယ်ဆိုနေ

ကြောက်ပါနဲ့အေ

တိန် တားက ပရလောကသားမြင်ဖူးချင်နေတာပါဆို

ငင့် စာနဲ့ရေးတာလေ မြင်ဖူးချင်လို့မရ

နောက်ခါတွေ့ရင် ဆယ်ဖီဆွဲပေးခက်နော် ဥဥ

Nice post,voted and followe you.

ဆရာရဲ့ ရေးအား(စာရေးနိုင် စွမ်းအား)ကို တကယ် အားကျမိတယ်ဗျာ။စာကောင်းပေကောင်းတွေ အဆက်မပြတ်ရေးနိုင်တဲ့ ပါရမီထူးရှိတဲ့အတွက် လေးစားပါတယ် ဆရာရေ!

တကယ်ရေးချင်တာက ဆရာ့လို ပညာရပ်တွေရေးချင်တာပါ။ ဥာဏ်ကနည်းလေတော့ သရုပ်ဖော်လေးတွေနဲ့ ကျေနပ်နေရတာပါ။

Congratulations @mgmgkse! You have completed some achievement on Steemit and have been rewarded with new badge(s) :

You published a post every day of the week
Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Fb ပေါ်က troller တွေလို ပြောရရင်
ဆရာ့ စူပါ ပါဝါက စိတ်ဝင်စားဖို့ ကောင်းတဲ့ နေရာ ရောက်ရင် ရပ်ရပ် ပစ် လိုက် နိုင်တာပဲ။
ဖတ်လို့  ကောင်းပါတယ် ဆရာ။

အမှန်တကယ်က အဲလိုဖြစ်အောင်ရေးနေတာ ဟီး။ ဥဏ်နီဥာဏ်နက်က ဒီလိုနေရာကျထွက်တယ်ဗျို့။ ဒါပေမယ့် တာရာဒွန်ကို မမှီပါဘူးဗျာ။

တွေ့ဖူးချင်တာ

ညကျလွှတ်လိုက်မေ

ပရလောကသားဒေကိုကျိပျဇီ

လာခက်၊ လိုက်ပြပေးမေ

သရဲကြောက်ကြောက်နဲ့ဖတ်ခဲ့ပါတယ်

ကြောက်ကြောက်နဲ့ရေးခဲ့တာနဲ့ ကွက်တိ

Resteemed your article. This article was resteemed because you are part of the New Steemians project. You can learn more about it here: https://steemit.com/introduceyourself/@gaman/new-steemians-project-launch

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 60457.50
ETH 2430.71
USDT 1.00
SBD 2.51